Friday, July 17, 2026

အင်္ဂလန်နှင့်ပွဲအပြီးတွင် အာဂျင်တီးနားကစားသမားများက ဖောက်ကလန်အလံကို ဝှေ့ယမ်းခဲ့

ဗုဒ္ဓဟူးနေ့က အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် အာဂျင်တီးနားကစားသမားများက “Las Malvinnas Son Argentinas” (ဖောက်ကလန်သည်...

သပိတ်ကျင်းမြို့ အနီးကို ဗဟိုပြု၍ ၅.၃...

သပိတ်ကျင်း၊ ဇူလိုင်-၁၇ ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းက သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာကို ဗဟိုပြု၍ ၅.၃ အဆင့်ရှိ...

မြန်မာ့စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန်...

နေပြည်တော်၊ ဇူလိုင်-၁၆ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ် Mr. Norimasa...

Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို...

နေပြည်တော်၊ ဇူလိုင်-၁၇ အဆိပ်ရှိပစ္စည်းများဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို မြန်မာနိုင်ငံအတွင်း (၂)နှစ်ကြာ သုံးစွဲခွင့်တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေးများ (Banned Pesticides) အဖြစ်...
HomeNewsLocal Newsမြန်မာနိုင်ငံ၌ ဂေဟစနစ်အမျိုးမျိုးပြန်လည်ထူထောင်ရေးကိုမြှင့်တင်ပေးလျက်ရှိဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးပြော

မြန်မာနိုင်ငံ၌ ဂေဟစနစ်အမျိုးမျိုးပြန်လည်ထူထောင်ရေးကိုမြှင့်တင်ပေးလျက်ရှိဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးပြော

မြန်မာနိုင်ငံ၌ ဂေဟစနစ်အမျိုးမျိုးပြန်လည်ထူထောင်ရေးကိုမြှင့်တင်ပေးလျက်ရှိသည်ဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးက ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသဖြတ်‌ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တွင်ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဇီဝမျိုးစုံမျိုးကွဲတွေဆုံးရှုံးမှုကိုတားဆီးဖို့၊ ဂေဟစနစ်ဝန်ဆောင်မှုတွေမြှင့်တင်ဖို့နဲ့ ကုလသမဂ္ဂရဲ့ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေရရှိစေဖို့ ဂေဟစနစ်အမျိုးမျိုးပြန်လည် ထူထောင်ရေးကိုမြှင့်တင်ပေးနေပါတယ်”ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောသည်။

ထို့ပြင် သဘာဝသယံဇာတများကိုစဥ်ဆက်မပြတ်စီမံခန့်ခွဲမှုအားကောင်းစေရန်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလူမျိုးများနှင့် ဒေသခံလူထု၏ အရေးပါသောအခန်းကဏ္ဍကိုအသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၈ ခုနှစ်တွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ် မြေများကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဥပဒေကိုပြဌာန်းခဲ့သည်ဟု ပြောသည်။

ထို့အတူ ဒေသခံလူထု၏ရေရှည်တည်တံ့သောလူမှုစီး ပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့မှုတို့ကြား ဟန်ချက်ညီမှုကိုအထောက်အကူပြုစေမည့် လူထုပါဝင်သောသဘာဝထိန်းသိမ်းရေးနယ် မြေစီမံခန့်ခွဲမှုကို ခွင့်ပြုထားသည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသသည် ဟိမဝန္တာတောင် တန်းနှင့်ဆက်စပ်ကာ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများအထူးပေါကြွယ်ဝသည့် နိုင်ငံများဖြစ်သည့် အင်ဒိုဖားမားဒေသ၊ တရုတ်နိုင်ငံ(အနောက်တောင်ပိုင်း) တောင်တန်းဒေသနှင့် ဟိမဝန္တာဒေသတို့၏ ဂေဟစနစ်ကူးပြောင်းရာဇုံတွင်တည်သည်ဟု ပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် မြောက်ပိုင်းရှိ မြောက်ပိုင်းအာမိုသစ်တောများမှသည် တောင်ပိုင်းရှိ အပူပိုင်းအမြဲစိမ်းသစ်တောများအထိ ကွဲပြားခြားနားသောသစ်တောအမျိုးအစားများကိုဖြစ်ထွန်းစေခဲ့သည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်္ဂလန်နှင့်ပွဲအပြီးတွင် အာဂျင်တီးနားကစားသမားများက ဖောက်ကလန်အလံကို ဝှေ့ယမ်းခဲ့

ဗုဒ္ဓဟူးနေ့က အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် အာဂျင်တီးနားကစားသမားများက “Las Malvinnas Son Argentinas” (ဖောက်ကလန်သည် အာဂျင်တီးနားအပိုင်ဖြစ်သည်) ဟု ဖော်ပြထားသော နိုင်ငံရေးဆန်သည့် ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ခဲ့သောကြောင့် ဖီဖာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ဖွယ်ရှိနေသည်။        ဖီဖာ၏ အားကစားကွင်း အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် အားကစားကွင်းများအတွင်း နိုင်ငံရေး၊ စော်ကားမှု သို့မဟုတ် ခွဲခြားဆက်ဆံမှုမြောက်သော ဆိုင်းဘုတ်များ၊ အလံများ၊ လက်ကမ်းစာစောင်များ၊ အဝတ်အစားများနှင့် အခြားပစ္စည်းများကို တားမြစ်ထားသည်။       ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ဖီဖာက...

သပိတ်ကျင်းမြို့ အနီးကို ဗဟိုပြု၍ ၅.၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့

သပိတ်ကျင်း၊ ဇူလိုင်-၁၇ ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းက သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာကို ဗဟိုပြု၍ ၅.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၅၆) မိနစ်၊ (၀၇) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်...

မြန်မာ့စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် UNDP နှင့် ဆွေးနွေး

နေပြည်တော်၊ ဇူလိုင်-၁၆ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ် Mr. Norimasa Shimomura တို့သည် ဇူလိုင် ၁၆ ရက်၊နံနက်ပိုင်းက နေပြည်တော်ရှိ ဝန်ကြီးဌာနရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံမှုအတွင်း နိုင်ငံတော်အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လက်ရှိ မြန်မာနိုင်ငံအတွင်း UNDP က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများနှင့် ပတ်သက်၍လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071