Thursday, May 21, 2026

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး...

နှစ်ပေါင်း (၈) သန်းသက်တမ်းရှိ စတီဂိုလိုဖိုဒွန်...

နှစ်ပေါင်း (၈) သန်းခန့် သက်တမ်းရှိသည်ဟု ခန့်မှန်းထားသော စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ အပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခုကို...

ဆေးရုံတက်နေသည့် ထိုင်းမင်းသမီး “ဘာ” ၏...

ထိုင်းတော်ဝင်မိသားစုဝင် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါ၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း ထိုင်းတော်ဝင်နန်းတော်က မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၄၇ နှစ်အရွယ်...

တစ်ရက်တည်း ဧဝရက်တောင်သို့ တောင်တက်သမား ၂၇၄...

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရက်တောင်သို့ မေ ၂၁ ရက်တစ်ရက်တည်းအတွင်း တောင်တက်သမား ၂၇၄ ဦး တက်ရောက်နိုင်ခဲ့ကြောင်း နီပေါတောင်တက်အရာရှိများက ပြောကြားခဲ့ပြီး ယင်းသည် နီပေါဘက်ခြမ်းမှ...
HomeNewsLocal Newsမြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ...

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ ပူးပေါင်းဖြေရှင်းရေး ဆွေးနွေးပွဲ ကျင်းပ

နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးသည့် “မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေ ၁၉ ရက်မှ မေ ၂၂ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် ကျင်းပလျက်ရှိပြီး မေ ၁၉ ရက်က ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့) မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ရှင်းသောလေထု ဖော်ဆောင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တာဝန်ယူမှုရှိသော စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုများ ပိုမိုဖြစ်ထွန်းလာစေရေးအတွက် အမျိုးသားအဆင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တောင်ယာမီးရှို့မှု ကင်းစင်သည့် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အထများ ဖော်ဆောင်ရေး၊ ထုတ်ကုန်ဇာစ်မြစ် ခြေရာခံနိုင်သည့် စနစ်များ အကောင်အထည်ဖော်ရေးနှင့် “ကောင်းကင်ပြာမဟာဗျူဟာ ၂၀၂၄-၂၀၃၀” ပူးတွဲလုပ်ငန်းစီမံချက်အောက်တွင် မဲခေါင်ဒေသကို ထိခိုက်စေသည့် နှစ်စဉ် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအကျပ်အတည်းကို ထိရောက်စွာ တုံ့ပြန်နိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး သီး၌ ပင်စင်လစာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ရောင်းချပေးခဲ့သည်။

နှစ်ပေါင်း (၈) သန်းသက်တမ်းရှိ စတီဂိုလိုဖိုဒွန် ရှေးဦးဆင်ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခု ပြတိုက်သို့ လွှဲပြောင်းပေးအပ်

နှစ်ပေါင်း (၈) သန်းခန့် သက်တမ်းရှိသည်ဟု ခန့်မှန်းထားသော စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ အပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခုကို မေ ၁၈ ရက်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လွှဲပြောင်းပေးအပ်သည့် ရှေးဟောင်းဇီဝရုပ်ကြွင်းများတွင် စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ၊ ရှေးဦးကြံ့၏ သွားပါအောက်မေးရိုးနှင့် အောက်အံသွားအစိတ်အပိုင်းများ၊ ရေမြင်းမျိုးနွယ်ဝင် တိရစ္ဆာန်၏ အောက်မေးရိုးအပိုင်းအစ၊ ရှေးဦးကျွဲနွားမျိုးစိတ်၏ ခြေဆစ်လက်ဆစ်ရိုးများ၊ ရှေးဦးသစ်ကုလားအုတ်၏ သွားပါအောက်မေးရိုးနှင့် ဆင်အံသွားအပိုင်းအစများအပြင် အခြားနို့တိုက်သတ္တဝါများ၏...

ဆေးရုံတက်နေသည့် ထိုင်းမင်းသမီး “ဘာ” ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာ

ထိုင်းတော်ဝင်မိသားစုဝင် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါ၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း ထိုင်းတော်ဝင်နန်းတော်က မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၄၇ နှစ်အရွယ် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါသည် ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်း၏ အကြီးဆုံးသမီးတော်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ခွေးလေ့ကျင့်ရေးသင်တန်းတစ်ခု၌ ဖျားနာပြီးနောက် ဆေးရုံတက်ကုသမှု ခံယူနေခဲ့ရခြင်းဖြစ်သည်။ ယခင်က နန်းတော်ထုတ်ပြန်ချက်များအရ မင်းသမီးသည် သွေးလည်ပတ်မှုဆိုင်ရာ ပြင်းထန်သည့်ရောဂါခံစားခဲ့ရပြီး အဆုတ်နှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ဆေးဝါးများဖြင့် ထောက်ပံ့ပေးနေရကြောင်း သိရသည်။ မေ ၂၁ ရက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071