Monday, June 8, 2026

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က...

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း...

မေလအတွင်း မြန်မာ့မိုးရေထဲတွင် အက်စစ်ဓာတ်ပါဝင်မှု မရှိ၊...

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (EANET) အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလကတည်းက...

မြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက်...

မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၏ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် လေးထောင့်ပုံ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း စက်မှုနှင့်...

ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်၊ တစ်ပတ်လျှင်...

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အကြား ပြေးဆွဲလျက်ရှိသည့် လေကြောင်းခရီးစဉ်များကို လာမည့် ဇွန်လအတွင်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်ပတ်လျှင် ၁၀ ကြိမ်အထိ ပျံသန်းသွားမည်ဖြစ်ကြောင်း...
HomeMoviesမိုးသည်းထန်စွာရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ်၌ သစ်ပင်လဲကျမှုဖြစ်ပွား

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ်၌ သစ်ပင်လဲကျမှုဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ ဓမ္မစေတီလမ်းနှင့် ဓမ္မာရုံလမ်းထောင့်၌ သစ်ပင်တစ်ပင် လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၈ ရက်အထိ ခန့်မှန်းချက်အရ မုတ်သုံလေနှင့် မိုးတိမ်တောင်များ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း မိုးသည်းထန်စွာရွာသွန်းချိန်များတွင် သစ်ပင်ကြီးများအနီး သွားလာနေထိုင်ခြင်းကို သတိပြုကြရန်နှင့် လေပြင်းတိုက်ခတ်မှု၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က အစုရှယ်ယာတစ်စုလျှင် ကျပ် ( ၅ဝဝ ) နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျင်းပခဲ့သော ဒါရိုက်တာအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ နဝမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်ခွင့်နှင့် မဲပေးပိုင်ခွင့် ရှိမည့် အစုရှယ်ယာရှင်များအား အတည်ပြုသတ်မှတ်မည့်နေ့...

မေလအတွင်း မြန်မာ့မိုးရေထဲတွင် အက်စစ်ဓာတ်ပါဝင်မှု မရှိ၊ သတ်မှတ်စံနှုန်းအတွင်း၌သာ တည်ရှိနေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (EANET) အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလကတည်းက ပါဝင်ကာ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ရွာသွန်းသော မိုးရေထဲတွင် အက်စစ်ဓာတ် ပါဝင်မှု ရှိ၊ မရှိကို လစဉ်မပျက် တိုင်းတာစစ်ဆေးလျက်ရှိသည်။ ယခု ၂၀၂၆ ခုနှစ်၊ မေလအတွင်း၌လည်း နိုင်ငံတစ်ဝန်းရှိ တိုင်းတာရေးစခန်း ၃၁ ခုမှ မိုးရေနမူနာများကို စုဆောင်းစစ်ဆေးခဲ့ရာ တိုင်းတာရရှိသည့် စခန်းအားလုံးတွင် အက်စစ်ဓာတ် ပါဝင်မှု မရှိကြောင်း တွေ့ရှိရသည်။ မိုးရေ၏...

မြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့

မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၏ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် လေးထောင့်ပုံ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စက်ရုံကို ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်လည်ပတ်ခဲ့ပြီး လက်ရှိအချိန်တွင် လေးထောင့်ပုံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071