Monday, June 8, 2026

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့်...

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈...

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က...

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း...

မေလအတွင်း မြန်မာ့မိုးရေထဲတွင် အက်စစ်ဓာတ်ပါဝင်မှု မရှိ၊...

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (EANET) အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလကတည်းက...

ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်၊ တစ်ပတ်လျှင်...

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အကြား ပြေးဆွဲလျက်ရှိသည့် လေကြောင်းခရီးစဉ်များကို လာမည့် ဇွန်လအတွင်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်ပတ်လျှင် ၁၀ ကြိမ်အထိ ပျံသန်းသွားမည်ဖြစ်ကြောင်း...
HomeMoviesမြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁)...

မြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့

မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၏ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် လေးထောင့်ပုံ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်ရုံကို ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်လည်ပတ်ခဲ့ပြီး လက်ရှိအချိန်တွင် လေးထောင့်ပုံ သံမဏိချောင်းများကို တန် ၂၈,၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သံရည်ကျိုအလုပ်ရုံ အမှတ်(၂) လည်ပတ်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ပညာရှင်များနှင့် စက်ရုံမှ ပညာရှင်များ ပူးပေါင်းကာ စက်ပစ္စည်းများကို စစ်ဆေးပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ငန်းစဉ်များမှတစ်ဆင့် သံရည်ကျိုအလုပ်ရုံကို စတင်လည်ပတ်နိုင်ပြီဖြစ်ပြီး သံမဏိပြားများ (Slab) ကိုလည်း ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အတူ အိန္ဒိယနိုင်ငံမှ ပညာရှင်များ၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ဆောင်ရွက်ထားမှုနှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ် တရုတ်ရုပ်ရှင်သတင်းပတ်ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီး တက်ရောက်

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်က နေပြည်တော်ရှိ Ocean Centre၊ Cinema Cineplex 2 ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group တို့က ကြီးမှူးကျင်းပခဲ့ပြီး Foreign Affairs Film and Media Corporation က ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ...

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က အစုရှယ်ယာတစ်စုလျှင် ကျပ် ( ၅ဝဝ ) နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျင်းပခဲ့သော ဒါရိုက်တာအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ နဝမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်ခွင့်နှင့် မဲပေးပိုင်ခွင့် ရှိမည့် အစုရှယ်ယာရှင်များအား အတည်ပြုသတ်မှတ်မည့်နေ့...

မေလအတွင်း မြန်မာ့မိုးရေထဲတွင် အက်စစ်ဓာတ်ပါဝင်မှု မရှိ၊ သတ်မှတ်စံနှုန်းအတွင်း၌သာ တည်ရှိနေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (EANET) အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလကတည်းက ပါဝင်ကာ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ရွာသွန်းသော မိုးရေထဲတွင် အက်စစ်ဓာတ် ပါဝင်မှု ရှိ၊ မရှိကို လစဉ်မပျက် တိုင်းတာစစ်ဆေးလျက်ရှိသည်။ ယခု ၂၀၂၆ ခုနှစ်၊ မေလအတွင်း၌လည်း နိုင်ငံတစ်ဝန်းရှိ တိုင်းတာရေးစခန်း ၃၁ ခုမှ မိုးရေနမူနာများကို စုဆောင်းစစ်ဆေးခဲ့ရာ တိုင်းတာရရှိသည့် စခန်းအားလုံးတွင် အက်စစ်ဓာတ် ပါဝင်မှု မရှိကြောင်း တွေ့ရှိရသည်။ မိုးရေ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071