Monday, June 8, 2026

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့်...

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈...

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က...

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း...

မြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက်...

မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၏ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် လေးထောင့်ပုံ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း စက်မှုနှင့်...

ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်၊ တစ်ပတ်လျှင်...

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အကြား ပြေးဆွဲလျက်ရှိသည့် လေကြောင်းခရီးစဉ်များကို လာမည့် ဇွန်လအတွင်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်ပတ်လျှင် ၁၀ ကြိမ်အထိ ပျံသန်းသွားမည်ဖြစ်ကြောင်း...
HomeMoviesမေလအတွင်း မြန်မာ့မိုးရေထဲတွင် အက်စစ်ဓာတ်ပါဝင်မှု...

မေလအတွင်း မြန်မာ့မိုးရေထဲတွင် အက်စစ်ဓာတ်ပါဝင်မှု မရှိ၊ သတ်မှတ်စံနှုန်းအတွင်း၌သာ တည်ရှိနေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (EANET) အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလကတည်းက ပါဝင်ကာ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ရွာသွန်းသော မိုးရေထဲတွင် အက်စစ်ဓာတ် ပါဝင်မှု ရှိ၊ မရှိကို လစဉ်မပျက် တိုင်းတာစစ်ဆေးလျက်ရှိသည်။

ယခု ၂၀၂၆ ခုနှစ်၊ မေလအတွင်း၌လည်း နိုင်ငံတစ်ဝန်းရှိ တိုင်းတာရေးစခန်း ၃၁ ခုမှ မိုးရေနမူနာများကို စုဆောင်းစစ်ဆေးခဲ့ရာ တိုင်းတာရရှိသည့် စခန်းအားလုံးတွင် အက်စစ်ဓာတ် ပါဝင်မှု မရှိကြောင်း တွေ့ရှိရသည်။

မိုးရေ၏ pH တန်ဖိုးနှင့် ကျန်းမာရေးဆိုင်ရာ စံနှုန်းများ

သိပ္ပံနည်းကျ တိုင်းတာချက်များအရ မိုးရေ၏ pH တန်ဖိုးသည် ၅.၆ (5.6) အောက် ရောက်ရှိမှသာ အက်စစ်ဓာတ်ပါဝင်သော “အက်စစ်မိုး” (Acid Rain) ဟု သတ်မှတ်ခြင်း ဖြစ်သည်။ သို့သော် ယခု မေလအတွင်း တိုင်းတာရရှိသည့် စခန်း ၃၁ ခုလုံး၏ pH တန်ဖိုးများသည် သတ်မှတ်စံနှုန်းများအတွင်းဖြစ်သည့် ၆.၅ မှ ၇.၂ အတွင်း တည်ရှိနေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကျန်းမာရေးဝန်ကြီးဌာန စံနှုန်းအ​နေဖြင့် သောက်သုံးရေအတွက် သတ်မှတ်ထားသည့် pH ၆.၅ မှ ၈.၅ အတွင်း၌သာ ရှိနေသဖြင့် ဘေးအန္တရာယ်ကင်းရှင်းသည့် အခြေအနေတွင် ရှိနေသည်။

မြို့ကြီးအချို့၏ မိုးရေတိုင်းတာချက် ရလဒ်များ (နမူနာ)

တိုင်းတာခဲ့သည့် စခန်းများအနက် မြို့ကြီးအချို့၏ pH တန်ဖိုးများမှာ အောက်ပါအတိုင်း ဖြစ်သည် –
ရန်ကုန် (ကမ္ဘာအေး): ၆.၉
မန္တလေး (ချမ်းအေးသာစံ): ၆.၇
နေပြည်တော် (ပျဉ်းမနား): ၇.၁
ောင်ကြီး: ၇.၂
မော်လမြိုင်: ၇.၀

ယခုကဲ့သို့ စနစ်တကျ တိုင်းတာချက်များအရ မြန်မာနိုင်ငံအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု မရှိသေးဘဲ ပုံမှန်အခြေအနေတွင်သာ ရှိနေကြောင်း ပြည်သူများ သိရှိစေရန်အတွက် မိုး/ဇလမှ သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
အက်ဆစ်မိုးဖြစ်ရသည့် အဓိကအကြောင်းအရင်း (၂) ချက် မှာ

၁။ လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် (အဓိကအကြောင်းအရင်း)

က်ရုံအလုပ်ရုံများ
ကျောက်မီးသွေးနှင့်ရေနံကို အဓိကသုံးသည့်စက်ရုံကြီးများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဆာလဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အမြောက်အမြား ထွက်ရှိခြင်း။

မော်တော်ယာဉ် အိတ်ဇောငွေ့များ
ကား၊ ဆိုင်ကယ်နှင့် စက်ယန္တရားများမှ  ထွက်သည့်  အိတ်ဇောငွေ့တွင် နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့များ မြင့်မားစွာ ပါဝင်ခြင်း။

အမှိုက်နှင့် ပလတ်စတစ်များ မီးရှို့ခြင်း
ဓာတုပစ္စည်းပါဝင်​သောအမှိုက်များကို စနစ်တကျမဟုတ်ဘဲ မီးရှို့ရာမှ လေထုညစ်ညမ်းစေသည့် အဆိပ်ငွေ့များ ထွက်ရှိခြင်း။

၂။ သဘာဝအလျောက် ဖြစ်ပေါ်ခြင်း

ီးတောင်ပေါက်ကွဲခြင်း၊ တောမီးလောင်ခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ကြောင့်လည်း လေထုထဲကို အက်ဆစ်ဓာတ်ငွေ့အချို့ သဘာဝအလျောက် ရောက်ရှိတတ်သည်။
မြန်မာနိုင်ငံတွင် လောလောဆယ်အက်ဆစ်မိုးအန္တရာယ် မရှိသေး​သော်လည်း၊ ရေရှည်အတွက် သတိပြုသင့်သည်များမှာ မိုးဦးကျမိုးရေကို တိုက်ရိုက်မသုံးရန်၊စိုက်ပျိုးရေးနှင့် ငါးကန်များ သတိပြုရန်၊အဆောက်အအုံနှင့် အနုပညာလက်ရာများ ပျက်စီးခြင်းမဖြစ်​အောင်သတိထားရန် တို့ဖြစ်သည်။

အက်ဆစ်မိုး မဖြစ်အောင် တစ်ဦးချင်းစီအနေဖြင့်ကား၊ ဆိုင်ကယ်များအား မလိုအပ်ဘဲ စက်နှိုးမထားခြင်း၊ အမှိုက်ကို စည်းကမ်းမဲ့ မီးမရှို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းတို့ဖြင့် လေထုကို သန့်စင်အောင် ဝိုင်းဝန်းကူညီရင်း ကြိုတင်တားဆီးနိုင်မည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ် တရုတ်ရုပ်ရှင်သတင်းပတ်ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီး တက်ရောက်

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်က နေပြည်တော်ရှိ Ocean Centre၊ Cinema Cineplex 2 ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group တို့က ကြီးမှူးကျင်းပခဲ့ပြီး Foreign Affairs Film and Media Corporation က ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ...

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က အစုရှယ်ယာတစ်စုလျှင် ကျပ် ( ၅ဝဝ ) နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျင်းပခဲ့သော ဒါရိုက်တာအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ နဝမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်ခွင့်နှင့် မဲပေးပိုင်ခွင့် ရှိမည့် အစုရှယ်ယာရှင်များအား အတည်ပြုသတ်မှတ်မည့်နေ့...

မြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့

မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၏ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် လေးထောင့်ပုံ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စက်ရုံကို ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်လည်ပတ်ခဲ့ပြီး လက်ရှိအချိန်တွင် လေးထောင့်ပုံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071