Friday, May 1, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeMusicဘဝ တစ်လျှောက်လုံးမှာ ကြုံခဲ့ရတဲ့...

ဘဝ တစ်လျှောက်လုံးမှာ ကြုံခဲ့ရတဲ့ အရာတွေကို ရေးလို့ မကုန်သေးဘူး J.Fire

ဝဝတုတ်တုတ်ပုံသဏ္ဍာန်ကနေ ပိန်ပိန်ပါးပါး ဖြစ်သွားအောင် လေ့ကျင့်လိုက်တဲ့ ဟစ်ဟော့ပ် အဆိုတော် J.Fireက နောက်ထပ်လည်း ပရိသတ် ကို အံသြသွားအောင် လုပ်ပြဦးမယ်လို့ ဆိုပါတယ်။ “သူတို့တွေ ဆက်ပြီးတော့ အံ့သြရဦးမှာပေါ့နော်။ ဒါကကျွန်တော့်အခွေပြီးသွားတဲ့အချိန်မှာ ကျွန်တော့်ရဲ့ Plan ချလိုက်တဲ့ အစိတ်အပိုင်းတွေ များစွာထဲကမှ Weight လျှော့ခြင်းတစ်ပိုင်းလေးကိုပဲ ထုတ်ပြတာပေါ့နော်။ တချို့တွေက ဝတာကနေ ပိန်သွားလို့ရှိရင် အနုပညာသမားတွေ ဘာလုပ် တယ်၊ ညာလုပ်တယ်ဆိုတဲ့ ဝေဖန်မှုတွေရှိ တယ်ပေါ့နော်။ အဲဒီအတွက်ကို ကျွန်တော် က Training တွေအရင် သင်ပြီးမှ ဒီ အားကစားလုပ်တဲ့Life ကို ပရိသတ် ကို ချပြတာပေါ့နော်။ အခုက Weight ချပြတာပဲရှိပါသေး တယ်။ နောက်ကွယ်မှာ ကျွန်တော် ဖန်တီးနေတဲ့ အရာ တွေ အကြီးကြီးတွေ ရှိပါသေး တယ်။ ပရိသတ်တွေ အံသြရဦး မယ်။ ထပ်လည်းလုပ်ထားပါတယ်”  လို့ ပြော ပါတယ်။

သီချင်းတွေအနေနဲ့ ပိုပို၊ နန့် ချစ်နဒီဇော် စတဲ့အဆိုတော် တွေနဲ့လည်း တွဲပြီးဖန်တီးဖြစ် နေတဲ့ J.Fire ကို သူ့ရဲ့ သီချင်းအသစ်တွေ ဘယ်လိုထွက်ရှိလာမလဲဆိုတဲ့အပေါ်ကိုလည်း မေးမြန်းဖြစ်တဲ့အခါ “ကျွန်တော့်ဘဝ တစ်လျှောက်လုံးမှာ ကြုံခဲ့ရတဲ့ အရာတွေကို ရေးလို့မကုန်သေးဘူး။ အဲဒီအရာတွေကိုပဲ ခေတ်အဆက်ဆက်က အနုပညာသမားတွေရဲ့ ခံစားချက်အတိုင်း၊ သူတို့ ပုံဖော်ထားတဲ့ အနုပညာပုံဖော်မှုတွေအတိုင်း ပုံဖော်ပြီးတော့ ထပ်ပြီးတော့ လုပ်နေပါတယ်။ အခွေကတော့ နည်းနည်းကြာဦးမယ်ဗျ။ ကျွန်တော်လုပ်ထား တဲ့ သီချင်းတွေကို တစ်ပုဒ်ချင်းစီပဲ လိုင်းပေါ် ပြေးဖို့ ရှိတယ်ဗျ။ ၈ပုဒ်လောက် ကျွန်တော် အားရအောင် တင်ပြီးတော့မှ ကျွန်တော့် အယ်ဘမ်အတွက်ကို ထပ်ပြီးတော့မှ စဉ်းစား တော့မှာပါ” လို့ပြောပြခဲ့ပါတယ်။

  မျိုးမောင်၊ ဓာတ်ပုံ- J.Fire ဖေ့စ်ဘုတ်မှ   

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071