Tuesday, July 21, 2026

ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း...

နေပြည်တော်၊ဇူလိုင်-၂၁ ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် မြစ်ရေများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက...

တော်ဝင်ဂါးဒင်းဟိုတယ်၌ တော်ဝင်ဓမ္မသဘင် တရားပွဲကြီး သုံးရက်တိုင်တိုင်...

ရန်ကုန်၊ဇူလိုင်-၂၁ တော်ဝင်ဓမ္မသဘင် တရားပွဲကြီးကို လာမည့် ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၊ တော်ဝင်မင်္ဂလာခန်းမ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ တရားပွဲတွင်...

ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူအများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့်...

မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများအနက် အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာ ရှိကြပြီး အသက်မွေးဝမ်းကျောင်းပညာ (TVET) သင်ယူထားသူ အလွန်နည်းပါးကြောင်း ၂၀၂၄...

မြန်မာဘာသာ ကုန်အညွှန်းမပါသော အသင့်စားမုန့်များကို ဥပဒေအရ...

နေပြည်တော်၊ဇူလိုင်-၂၁ အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာ သို့မဟုတ် မြန်မာဘာသာနှင့် အခြားဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ အသင့်စားမုန့်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ...
HomeNewsLocal Newsပုသိမ်မြို့၌ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်...

ပုသိမ်မြို့၌ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲကို ဇူလိုင်လ ၂၀ ရက်က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များ၌ပါ အလားတူ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က “ယနေ့ ပြုလုပ်သည့် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင်လည်း တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိပါသည်။ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့တစ်ခုတည်းသာမက ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပရဟိတ/လူမှုရေး အဖွဲ့အစည်းများနှင့် ကျောင်းသား/လူငယ်များပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါတယ်” ဟု အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးကျော်ထွန်းက တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ ၂၀၂၄၊ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များ၏ ဇန်နဝါရီလမှ ဇွန်လအထိ ၆ လပတ် သုံးသပ်ချက်များတွင် မှုခင်းဖြစ်ပွားမှုအနေဖြင့် –

၂၀၂၄ ခုနှစ်: လူသတ်မှု (၉၆) မှု၊ မုဒိန်းမှု (၆၈) မှု
၂၀၂၅ ခုနှစ်: လူသတ်မှု (၆၇) မှု၊ မုဒိန်းမှု (၇၀) မှု
၂၀၂၆ ခုနှစ်: လူသတ်မှု (၅၃) မှု၊ မုဒိန်းမှု (၅၅) မှု အသီးသီး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သည့် မှုခင်းအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူး ဦးဉာဏ်မြင့်က “မှုခင်း အရေအတွက် လျော့ကျသွားသော်လည်း ဖြစ်ပွားမှုနှုန်းမှာ အစဉ်တဆော ရှိနေသေးသည့်အတွက် မှုခင်းလျော့ကျရေး လုပ်ငန်းများတွင် ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားများနှင့် ပရဟိတအဖွဲ့များ ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော် ၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီး အစီအစဉ်အရ စကားဝိုင်း (Panel Discussion) ဆွေးနွေးပွဲကိုပါ ထည့်သွင်းကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်နိုင်၊မြစ်ရေများလည်း ဆက်လက်မြင့်တက်လာနိုင်ဟု မိုး/ဇလခန့်မှန်း

နေပြည်တော်၊ဇူလိုင်-၂၁ ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် မြစ်ရေများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။ အဆိုပါ ခန့်မှန်းချက်အရ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်မှ အားကောင်းနိုင်ပြီး ဒေသအများစုတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။ မိုးရွာသွန်းမှုအခြေအနေအရ ရန်ကုန်၊ ပဲခူး(အရှေ့ပိုင်း)၊ တနင်္သာရီ၊ ကချင်၊ ကရင်နှင့် မွန်ဒေသများတွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်သော်လည်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကယား၊ ချင်း၊...

တော်ဝင်ဂါးဒင်းဟိုတယ်၌ တော်ဝင်ဓမ္မသဘင် တရားပွဲကြီး သုံးရက်တိုင်တိုင် ကျင်းပမည်

ရန်ကုန်၊ဇူလိုင်-၂၁ တော်ဝင်ဓမ္မသဘင် တရားပွဲကြီးကို လာမည့် ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၊ တော်ဝင်မင်္ဂလာခန်းမ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ တရားပွဲတွင် နာမည်ကျော် ဆရာတော်ကြီး သုံးပါးက သုံးရက်တိုင်တိုင် တရားဒေသနာတော်များ ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၂၇ ရက် (တနင်္လာနေ့) ပထမည၌ ညနေ ၆ နာရီတွင် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသက တရားတော် ဟောကြားမည်ဖြစ်သည်။ ဇူလိုင် ၂၈ ရက် (အင်္ဂါနေ့): ည ၇ နာရီတွင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက တရားတော်...

ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူအများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာရှိကြောင်း သန်းခေါင်စာရင်းအစီရင်ခံစာ ဖော်ပြ

မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများအနက် အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာ ရှိကြပြီး အသက်မွေးဝမ်းကျောင်းပညာ (TVET) သင်ယူထားသူ အလွန်နည်းပါးကြောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ သိရသည်။ အစီရင်ခံစာအရ ပြည်ပရွှေ့ပြောင်းလုပ်ကိုင်သူများ၏ ပညာရေးအဆင့်တွင် မူလတန်းအဆင့် ၃၂.၂ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ၃၀.၁ ရာခိုင်နှုန်း ရှိသဖြင့် စုစုပေါင်း ၆၂.၃ ရာခိုင်နှုန်း သည် အခြေခံပညာအဆင့်သာ ရရှိထားသူများ ဖြစ်ကြသည်။ ထို့အပြင် အထက်တန်းအဆင့် ၂၁.၇ ရာခိုင်နှုန်း၊ ဘွဲ့ရရှိပြီးသူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071