Home News Local News ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကျေးဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခြင်းကို မေလ (၃၁) ရက်တွင် အပြီးသတ် ရွေးချယ်ဆောင်ရွက်သွားမည်

ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကျေးဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခြင်းကို မေလ (၃၁) ရက်တွင် အပြီးသတ် ရွေးချယ်ဆောင်ရွက်သွားမည်

0
61

ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခြင်းလုပ်ငန်းစဉ်များအား မေလ (၃၁) ရက်တွင် အပြီးသတ်ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရွေးချယ်ခြင်းအား အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ရန် တို င်းဒေသကြီးအစိုးရအဖွဲ့ ၏ လမ်းညွှန်မှုအပေါ် ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးကြပ်ဆောင်ရွက်နိုင်ရန်မြို့နယ် အကူအညီပေးရေးအဖွဲ့အား မြို့နယ်အဆင့်ဌာနဆိုင်ရာ(၃၂)ဌာန၊ မြို့အဆင့်ဌာနဆိုင်ရာ(၁၄) ဌာန စုစုပေါင်း (၄၆) ဌာနတို့ဖြင့် ပါဝင်သော ကြီးကြပ်ဆောင်ရွက်သည့် အဖွဲ့ခွဲ (၁၀)ဖွဲ့ဖြင့် ရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ကြီးကြပ်ရေးအဖွဲ့များမှ ရွေးချယ်တင်ပြလာသော ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများ၏ အမည်စာရင်းပါ ပုဂ္ဂိုလ်များကိုစိစစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း ဥပဒေ အခန်း (၃) ပုဒ်မ (၅) ပါ အရည်အချင်းများနှင့်ပြည်စုံပါက အမိန့်ထုတ်ပြန်၍ အတည်ပြုခန့်ထားခြင်းများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here