Saturday, May 16, 2026

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို...

စုစုပေါင်းအရှည်(၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော ပြင်ဦးလွင်မြို့မှ အဓိက...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က...

ထောက်ကြန့်မြို့ရှိ ပေါင်းငူ-ဥာဏရပ်ကွက်တွင်နေထိုင်သူများ ဗို့အားပြည့်ဝစွာအသုံးပြုနိုင်တော့မည့် ထရန်စဖော်မာဖွင့်လှစ်

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့၊ ပေါင်းငူ-ဥာဏရပ် ကွက်၊ ဂန္ဓမာလမ်းနှင့် ချယ်ရီလမ်းထောင့်တွင် ၂၀၀ ကေဗွီအေထရန်စဖော်မာ(၁)လုံး၊ ၆ ဒသမ ၆ ကေဗွီကောင်းကင်ဓာတ်အားလိုင်းပေ(၅၀)နှင့် ၄၀၀...

ကော်ဖီပင်(၂၀၀)ဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်ပြုလုပ်ခဲ့သည့် နာဂဒေသ နန်းယွန်းမြို့

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ကော်ဖီပင် (၂၀၀)ပင်ကို မိုးရာသီသစ်ပင်စိုက်ပွဲတော်အဖြစ်စိုက် ပျိုးခဲ့ကြသည်။ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်‌ရေး၊ အရိပ်အာဝါဒနှင့် မျက်စိပသာဒအကျိုးများရရှိရေး၊...
HomeNewsLocal Newsဆီထွက်သီးနှံများအတွက် အာမခံဈေးနှုန်း သတ်မှတ်ဖွင့်လှစ်

ဆီထွက်သီးနှံများအတွက် အာမခံဈေးနှုန်း သတ်မှတ်ဖွင့်လှစ်

မြေပဲ၊ နှမ်းဖြူ၊ နှမ်းညို စတဲ့ ဆီထွက်သီးနှံများအတွက် အာမခံဈေးနှုန်းများကို သတ်မှတ်ဖွင့်လှစ်ပေးထားကြောင်း မြန် မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရန် ရည်ရွယ်ပြီး အာမခံဈေးနှုန်းများ သတ်မှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် သီးနှံပေါ်ရာသီတွင် ပစ္စည်းအရည်အသွေးပေါ်မူတည်၍ မြေပဲအတောင့် တစ်တင်းလျှင် ကျပ် (၄၀,၀၀၀)၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် (၁၃၀,၀၀၀) မှ (၁၅၀,၀၀၀) အထိနှင့် နှမ်းညို တစ်တင်းလျှင် ကျပ် (၁၀၀,၀၀၀) မှ (၁၂၀,၀၀၀) အထိ သတ်မှတ်ထားသည်။

မကွေးတိုင်းဒေသကြီးတွင် သီးနှံစုံစိုက်ဧက (၆၄) သိန်းကျော်ရှိပြီး ယင်းအနက် ဆီထွက်သီးနှံစိုက်ဧက (၂၇) သိန်းကျော်ရှိကာ စုစုပေါင်းစိုက်ဧက၏ (၄၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လက်ရှိတွင် မကွေးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုများ စတင်ရှိလာသဖြင့် မြေပဲ၊ နှမ်းနှင့် နေကြာများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍတွင် အခွင့်အလမ်းများရှိနေသော်လည်း စွမ်းအင်အခက်အခဲများ၊ တန်ဖိုးမြှင့်တင်နိုင်မှု အားနည်းခြင်း၊ စက်ပစ္စည်းများ ခေတ်မီတိုးတက်ရန် လိုအပ်နေခြင်းနှင့် ဈေးကွက်ဆိုင်ရာ စိန်ခေါ်မှုများလည်း ရှိနေကြောင်း သိရသည်။

ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှု လုံလောက်မှုမရှိသေးသဖြင့် စားအုန်းဆီများကို ပြည်ပမှ တင်သွင်းနေရဆဲဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းနှင့် ပဲပုပ်တို့ကို စိုက်ဧက (၈ ဒသမ ၇) သန်းနီးပါး စိုက်ပျိုးရန် လျာထားပြီး ဆီကုန်ကြမ်းများ ကြိတ်ခွဲထုတ်လုပ်ပါက စားသုံးဆီတန်ချိန် (၈ ဒသမ ၆) သိန်းခန့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ သကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ဖွင့်လှစ် 

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအား အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်လုပ်ကိုင်သူများ မြန်မာနိုင်ငံတစ်ဝှမ်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံ သားများ၏ လူနေမှုဘ၀ဖွံဖြိုးတိုးတက်ရေးအတွက်လည်း ရွည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စုစုပေါင်းအရှည်(၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော ပြင်ဦးလွင်မြို့မှ အဓိက လမ်းမကြီး(၅)လမ်းကို နိုင်ငံတော်သမ္မတဖွင့်လှစ်ပေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)နှင့် ရပ်ကွက်ကြီး (၁၀)ရှိ အဓိကလမ်းမကြီးများဖြစ်သည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယု ဇနလမ်းတို့အား နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးခဲ့၍ နိုင်ငံတော်သမ္မတက အထိမ်းအမှတ်ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်နှင့် မန္တလေးတိုင်းဝန်ကြီး ချုပ်ဦးမျိုးအောင်တို့က...

ထောက်ကြန့်မြို့ရှိ ပေါင်းငူ-ဥာဏရပ်ကွက်တွင်နေထိုင်သူများ ဗို့အားပြည့်ဝစွာအသုံးပြုနိုင်တော့မည့် ထရန်စဖော်မာဖွင့်လှစ်

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့၊ ပေါင်းငူ-ဥာဏရပ် ကွက်၊ ဂန္ဓမာလမ်းနှင့် ချယ်ရီလမ်းထောင့်တွင် ၂၀၀ ကေဗွီအေထရန်စဖော်မာ(၁)လုံး၊ ၆ ဒသမ ၆ ကေဗွီကောင်းကင်ဓာတ်အားလိုင်းပေ(၅၀)နှင့် ၄၀၀ ဗို့ဓာတ် အားလိုင်းပေ(၄၀၀)တို့ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပြီးစီးခဲ့၍ ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့ရာ ပေါင်းငူ-ဥာဏရပ်ကွက်ရှိ ဂန္ဓမာလမ်း၊ ချယ်ရီလမ်းနှင့် ဇိီဇဝါလမ်းတို့ရှိ မီးအသုံးပြုသူ များ လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြီး ဗို့အားပြည့်ဝစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071