Saturday, May 16, 2026

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို...

စုစုပေါင်းအရှည်(၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော ပြင်ဦးလွင်မြို့မှ အဓိက...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က...

ထောက်ကြန့်မြို့ရှိ ပေါင်းငူ-ဥာဏရပ်ကွက်တွင်နေထိုင်သူများ ဗို့အားပြည့်ဝစွာအသုံးပြုနိုင်တော့မည့် ထရန်စဖော်မာဖွင့်လှစ်

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့၊ ပေါင်းငူ-ဥာဏရပ် ကွက်၊ ဂန္ဓမာလမ်းနှင့် ချယ်ရီလမ်းထောင့်တွင် ၂၀၀ ကေဗွီအေထရန်စဖော်မာ(၁)လုံး၊ ၆ ဒသမ ၆ ကေဗွီကောင်းကင်ဓာတ်အားလိုင်းပေ(၅၀)နှင့် ၄၀၀...

ကော်ဖီပင်(၂၀၀)ဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်ပြုလုပ်ခဲ့သည့် နာဂဒေသ နန်းယွန်းမြို့

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ကော်ဖီပင် (၂၀၀)ပင်ကို မိုးရာသီသစ်ပင်စိုက်ပွဲတော်အဖြစ်စိုက် ပျိုးခဲ့ကြသည်။ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်‌ရေး၊ အရိပ်အာဝါဒနှင့် မျက်စိပသာဒအကျိုးများရရှိရေး၊...
HomeNewsLocal Newsမုံရွာမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်...

မုံရွာမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများကျောင်းအပ်နှံကြရန် အသိပေးနှိုးဆော်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာ သင်ယူမှုမဆုံးရှုံးမနစ်နာစေရေးအတွက် ကျောင်းအပ်နှံကြရန်၊ မေ ၂၅ ရက်မှ မေ ၃၁ ရက်အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ပညာရေးဝန်ကြီးဌာနက ကြေညာထားရှိမှုများအားသိရှိစေရန်တို့အတွက် တာဝန်ရှိသူများက မေ ၁၄ ရက်မှစတင်၍ လိုက်လံအသိပေးနှိုးဆော်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

တာဝန်ရှိသူများက မုံရွာမြို့ပေါ် ရပ်ကွက်များ၊ လမ်းများတစ်‌လျှောက်ရှိ လူစည်ကားရာဈေးများ၊ ကားဂိတ်၊ ဆေးရုံနှင့် ဘူတာရုံများတွင် အသိပညာပေးနှိုးဆော်ခြင်းများကို မော်တော်ယာဥ်များဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသက်(၅)နှစ်အရွယ် ကလေးများအား KG မှ၊ အ သက်(၆)နှစ်အရွယ် ကလေးများကို Grade-1 သို့၊ ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းတက်နိုင်ရေး ကျောင်းအပ်နှံပေးကြရန်၊ မိဘအုပ်ထိန်းသူများအနေဖြင့် မြို့နယ်အလိုက်သတ်မှတ်နယ်မြေများတွင်ကျောင်းအပ်နှံရန်၊ ကျောင်းအပ်နှံရာတွင် ငွေကြေး(သို့) လက်ဆောင်ပစ္စည်းများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့်အခြား ဝန်ထမ်းများအားပေးအပ်ခြင်း လုံးဝ(လုံးဝ)မပြုလုပ်ကြရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက် ပညာသင်ယူနိုင်ရေးအတွက်ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ မိမိတို့၏ သား/သမီးများ ပညာရည်တိုးတက်မြင့်မားရေး အတန်းပညာနောက်ကျမှုမရှိစေရေးတို့အတွက် ပညာရေးဌာနထံ အမြန်ဆုံးကျောင်းအပ်နှံကြရန်လည်း အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ သကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ဖွင့်လှစ် 

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအား အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်လုပ်ကိုင်သူများ မြန်မာနိုင်ငံတစ်ဝှမ်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံ သားများ၏ လူနေမှုဘ၀ဖွံဖြိုးတိုးတက်ရေးအတွက်လည်း ရွည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စုစုပေါင်းအရှည်(၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော ပြင်ဦးလွင်မြို့မှ အဓိက လမ်းမကြီး(၅)လမ်းကို နိုင်ငံတော်သမ္မတဖွင့်လှစ်ပေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)နှင့် ရပ်ကွက်ကြီး (၁၀)ရှိ အဓိကလမ်းမကြီးများဖြစ်သည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယု ဇနလမ်းတို့အား နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးခဲ့၍ နိုင်ငံတော်သမ္မတက အထိမ်းအမှတ်ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်နှင့် မန္တလေးတိုင်းဝန်ကြီး ချုပ်ဦးမျိုးအောင်တို့က...

ထောက်ကြန့်မြို့ရှိ ပေါင်းငူ-ဥာဏရပ်ကွက်တွင်နေထိုင်သူများ ဗို့အားပြည့်ဝစွာအသုံးပြုနိုင်တော့မည့် ထရန်စဖော်မာဖွင့်လှစ်

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့၊ ပေါင်းငူ-ဥာဏရပ် ကွက်၊ ဂန္ဓမာလမ်းနှင့် ချယ်ရီလမ်းထောင့်တွင် ၂၀၀ ကေဗွီအေထရန်စဖော်မာ(၁)လုံး၊ ၆ ဒသမ ၆ ကေဗွီကောင်းကင်ဓာတ်အားလိုင်းပေ(၅၀)နှင့် ၄၀၀ ဗို့ဓာတ် အားလိုင်းပေ(၄၀၀)တို့ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပြီးစီးခဲ့၍ ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့ရာ ပေါင်းငူ-ဥာဏရပ်ကွက်ရှိ ဂန္ဓမာလမ်း၊ ချယ်ရီလမ်းနှင့် ဇိီဇဝါလမ်းတို့ရှိ မီးအသုံးပြုသူ များ လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြီး ဗို့အားပြည့်ဝစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071