မြန်မာ့မီးရထား၏ နေပြည်တော်စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၌ Battery Electric Locomotive (BEL) နှင့် ဘက်ထရီလျှပ်စစ်ရထားတွဲ (BEMU) တို့တည်ဆောက်နေမှုတို့ကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးမှ ဧပြီ ၂၃ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စက်ခေါင်းထုတ် လုပ်တပ်ဆင်ခြင်းကို သတ်မှတ်စံချိန်စံညွှန်း၊ သတ်မှတ်အချိန်ဇယားတို့နှင့်အညီအချိန်မီပြီးစီးရေးဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မေ ၁ ရက်၌ ရန်ကုန် -မန္တလေးလမ်းပိုင်းတွင်စတင်ပြေးဆွဲမည့် DEMU အမြန်ရထားတွဲများကိုကြည့်ရှုစစ်ဆေးပြီး ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့စွာလိုက်ပါစီးနင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်မှာကြားခဲ့သည်။
