Saturday, June 20, 2026

စာရေးဆရာ မင်းခိုက်စိုးစန် အမေရိကန်ရှိ နေအိမ်၌...

နာမည်ကျော်စာရေးဆရာ၊ ဆရာဝန်၊ ဇာတ်ညွှန်းရေးဆရာနှင့် ဒါရိုက်တာ မင်းခိုက်စိုးစန်သည် အမေရိကန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။ အမေရိကန် ပစိဖိတ်စံတော်ချိန် ဇွန်လ ၁၉ ရက်...

မိုးကောင်းမြို့၌ နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက်...

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေများသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ရေမျက်နှာပြင် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက...

မှတ်ပုံတင်ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနှင့် ပွဲစား...

မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းဆိုင်ရာ လုပ်ငန်းများတွင် မမှန်မကန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ပွဲစား စုစုပေါင်း ၁၇၉ ဦးကို...

မြန်မာ့ထမနဲကို UNESCO သို့ တင်ပြနိုင်ရေး...

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်း မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် မြန်မာ့ထမနဲကို UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းအသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ...
HomeNewsLocal Newsနိုင်ငံအားလုံးနှင့် လွတ်လပ်၍ တက်ကြွသည့်...

နိုင်ငံအားလုံးနှင့် လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို မြန်မာကျင့်သုံးနေဟု နိုင်ငံတော်သမ္မတ ပြော

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ဆက်ဆံရာတွင် အားသာချက်၊ အားနည်းချက် မခွဲခြားဘဲ လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတက နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေးသည် သက်ဆိုင်ရာနိုင်ငံများအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ခေါင်းဆောင်အချင်းချင်း ဆက်ဆံရေး၊ အစိုးရအချင်းချင်း ဆက်ဆံရေး၊ သံတမန်ရေးရာဆက်ဆံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ဆက်စပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မိမိတို့ ရွေးချယ်ကျင့်သုံးနေသည့် နိုင်ငံရေးစနစ်ကို ခိုင်မာစွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင် တိုးတက်မှုများ ရရှိလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်သမ္မတက လက်ရှိရရှိထားသည့် တိုးတက်မှုများကို ပိုမိုခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုကို ယခင်ထက် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတကာမှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများ၏ လာရောက်တွေ့ဆုံမှုများသည် နိုင်ငံအတွက် အခွင့်အလမ်းများဖြစ်ကြောင်း၊ ယင်းအခွင့်အလမ်းများကို မှန်ကန်ရိုးသားစွာ အသုံးချနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ဆိုသည်။

“ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးစနစ်ဟာ တိုင်းပြည်ကောင်းမွန်ဖွံ့ဖြိုးလာစေရေးကို ရည်ရွယ်ပြီး ရိုးသားစွာ အကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးများတွင်လည်း ရိုးသားမှုကို အခြေခံကာ နိုင်ငံအားလုံးနှင့် လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ယင်းမူဝါဒသည် မြန်မာနိုင်ငံအတွက် အခိုင်မာဆုံး ရပ်တည်ချက်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် နှင့် အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို အခြေခံ၍ ပူးပေါင်းဆက်ဆံလျက်ရှိပြီး ယင်းဆက်ဆံရေးများကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်အလားအလာမှာ ကောင်းမွန်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စာရေးဆရာ မင်းခိုက်စိုးစန် အမေရိကန်ရှိ နေအိမ်၌ ကွယ်လွန်

နာမည်ကျော်စာရေးဆရာ၊ ဆရာဝန်၊ ဇာတ်ညွှန်းရေးဆရာနှင့် ဒါရိုက်တာ မင်းခိုက်စိုးစန်သည် အမေရိကန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။ အမေရိကန် ပစိဖိတ်စံတော်ချိန် ဇွန်လ ၁၉ ရက် ည ၈ နာရီ ၇ မိနစ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ မြန်မာစံတော်ချိန်သည် ဇွန်လ ၂၀ ရက် မနက် ၉ နာရီ ၃၇ မိနစ် ဖြစ်သည်။ အမည်ရင်း ကိုကျော်စိုးဖြစ်ကာ ၁၉၇၂ ခုနှစ်စက်တင်ဘာလ ၁၈ ရက်နေ့၌ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၂၀၀၁...

မိုးကောင်းမြို့၌ နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေများသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ရေမျက်နှာပြင် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။ ထုတ်ပြန်ချက်အရ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ နန့်ယင်းချောင်းရေသည် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်ထက် ၁ ပေခန့် ကျော်လွန်နေပြီး လာမည့် ၁ ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။ ထို့အပြင် စိုးရိမ်ရေမှတ်အထက်တွင်...

မှတ်ပုံတင်ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနှင့် ပွဲစား ၁၇၉ ဦးကို ဥပဒေအရ အရေးယူထားဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းဆိုင်ရာ လုပ်ငန်းများတွင် မမှန်မကန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ပွဲစား စုစုပေါင်း ၁၇၉ ဦးကို ဥပဒေအရ အရေးယူထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။ ယင်းကို ဇွန် ၁၉ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် နိုင်ငံသားနံပါတ် ထပ်နေမှုများနှင့် ပတ်သက်သည့် မေးခွန်းကို ပြန်လည်ဖြေကြားစဉ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071