၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအ ကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ သြဂုတ် ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့ နယ်၊ သံတမန်ဇုန်(မြောက်ဘက်)၊ သစ်ခွလမ်းနှင့် ကစ္စပနဒီလမ်းဘေးဝဲယာတို့တွင်ကျင်းပရာ နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် သစ်ပင်စိုက်ပျိုးပွဲတော်များကို နိုင်ငံတစ်ဝန်း သစ်တောများဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ သဘာဝ ဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥ တုမျှတကောင်းမွန်စေရေးတို့အတွက် နိုင်ငံတော်က ဦး ဆောင်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့်အတူ တစ် နိုင်ငံလုံးဒေသအသီးသီး၌ သစ်ပင်စိုက်ပျိုးပွဲတော်များကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
” နိုင်ငံတော်အနေနဲ့ နှစ်စဉ် သစ်ပင်စိုက်ပျိုးခြင်းကို အ မျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်တွန်းအားပေးဆောင်ရွက်နေပါတယ်။ အခုနှစ်မိုးရာသီမှာ နိုင်ငံနဲ့အ ဝန်း နိုင်ငံပိုင်သစ်တောစိုက်ခင်းတွေအပါအဝင် သစ်ပင်ပေါင်း(၂၁ ဒသမ ၃၇)သန်းစိုက်ပျိုးတည်ထောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတ က ကံ့ကော်ပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးပြီးနောက် တက်ရောက်လာကြသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၏ ပျိုးပင်များစိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အ ဆင့် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်တွင် အ ရိပ်ရပြီး ရာသီအလိုက်ရောင်စုံပန်းများပွင့်သည့် ပိ တောက်၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်၊ ပျဉ်းမ၊ စွယ်တော်၊ ပန်းမဲဇလီ စသည့် သစ်မျိုး(၁၀)မျိုးနှင့် ခရာဝါ၊ စိန်ပန်းကလေး၊ စက္ကူပန်း စသည့် ပန်းအလှပင်(၃)မျိုးတို့၏ ပျိုးပင်ပေါင်း(၃,၀၀၀)ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
