Thursday, October 8, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပနသာဓုကီဠနသဘင်သို့ ရဟန်းရှင်လူ...

ယနေ့ စက်တင်ဘာလ ၂၅ ရက် နေ့တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကိုနိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရာ ရဟန်းရှင်လူဧည့်ပရိသတ်များ တခဲနက်လာရောက်ဖူးမြော်ကြည်ညိုကာ သံဝေဂယူကြသည်။ ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန...

တရုတ်သို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေး...

တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် GACC မှတ်ပုံတင်ခြင်းနှင့် တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးမြို့တွင် စက်တင်ဘာ ၁၇ ရက်က...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပန ကျင်းပရန်...

ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲအား နိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ယနေ့ကျင်းပ၊ ညနေ...

ရန်ကုန်၊ စက်တင်ဘာ ၂၅ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနမဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာကို ယနေ့ စက်တင်ဘာ...
HomeNewsLocal Newsနိုင်ငံတစ်ဝန်းငါးသားပေါက်ကောင်ရေ သိန်း ၃၃၀...

နိုင်ငံတစ်ဝန်းငါးသားပေါက်ကောင်ရေ သိန်း ၃၃၀ ကျော် စိုက်ထည့်ထား

နိုင်ငံတစ်ဝန်းငါးသားပေါက်ကောင်ရေ သိန်း ၃၃၀ ကျော် စိုက်ထည့်ထား

နေပြည်တော် ဇန်နဝါရီ ၂၂

ယခု ၂၀၂၁-၂၀၂၂ ခြောက်လတာ မီနီဘတ်ဂျတ်ကာလတွင် နိုင်ငံတစ်ဝန်း မြစ်ဖျား၊ ချောငါးဖျားနှင့် ဆညိ၊ တမံ၊ အင်းအိုင်များတွင် နှသ်လက်မအရွယ်ငါးသားပေါက် ကောင်ရေ သိန်း ၄၀၀ ကျော် စိုက်ထည့်သွားမည်ဖြစ်ရာ ယခု ဇန်နဝါရီလ တတိယပတ်အတွင်းထိ ငါးသားပေါက်ကောင်ရေ ၃၃၁ ဒသမ ၇၅၅ သိန်း ကို နိုင်ငံတသ်ဝန်းစိုက်ထည့်ထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယခု ခြောက်လတာ ဘတ်ဂျတ်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ မြစ်ဖျား၊ ချောင်းဖျားနှင့် ဆည်၊ တမံ၊ အင်းအိုင်များအတွင်း နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၄၀၄ ဒသမ ၈၃ သိန်း တို့ကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ဒေသခံပြည်သူများ ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရေး၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန်ပွားစေရေး၊ ငါးမျိုးစိုက်သောငါးသားပေါက်များ ရှင်သန်နှုန်းပိုမိုကောင်းမွန်စေရေးတို့အတွက် စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ထည့်ပေးလျက်ရှိရာ လက်ရှိချိန်ထိ နိုင်ငံတစ်ဝန်းတွင် ငါးသားပေါက်ကောင်ရေ ၃၃၁ သိန်းကျော် စိုက်ထည့်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

” လျာထားချက်ကို ဒီမတ်လကုန်ပိုင်းမှအပြီးစိုက်ထည့်နိုင်မယ်လို့လျာထားပါတယ်။ အခု ဇန်နဝါရီလ တတိယပတ်ထိကို ငါးသားပေါက်ကောင်ရေ ၃၃၁ ဒသမ ၇၅၅ သိန်း စိုက်ထည့်ပြီးပါပြီ ။ စိုက်ထည့်ဖို့ ကျန်တာက ကောင်ရေ ၇၄ ဒသမ ၇၇၅ သိန်းပဲ ကျန်ပါတော့တယ်” ဟု ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ထိ နိုင်ငံအတွင်းရှိ အင်းအိုင်၊ ချောင်း၊မြစ်နဲ့ ဆည်၊ တမံများတွင် ငါးသားပေါက်ကောင်ရေ ၁၀၆၅ ဒသမ ၇၀၇ သိန်းကို စိုက်ထည့် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Zaw Gyi

ႏိုင္ငံတစ္ဝန္းငါးသားေပါက္ေကာင္ေရ သိန္း ၃၃၀ ေက်ာ္ စိုက္ထည့္ထား

ေနျပည္ေတာ္ ဇန္နဝါရီ ၂၂

ယခု ၂၀၂၁-၂၀၂၂ ေျခာက္လတာ မီနီဘတ္ဂ်တ္ကာလတြင္ ႏိုင္ငံတစ္ဝန္း ျမစ္ဖ်ား၊ ေခ်ာငါးဖ်ားႏွင့္ ဆညိ၊ တမံ၊ အင္းအိုင္မ်ားတြင္ ႏွသ္လက္မအ႐ြယ္ငါးသားေပါက္ ေကာင္ေရ သိန္း ၄၀၀ ေက်ာ္ စိုက္ထည့္သြားမည္ျဖစ္ရာ ယခု ဇန္နဝါရီလ တတိယပတ္အတြင္းထိ ငါးသားေပါက္ေကာင္ေရ ၃၃၁ ဒသမ ၇၅၅ သိန္း ကို ႏိုင္ငံတသ္ဝန္းစိုက္ထည့္ထားၿပီးျဖစ္ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။

ယခု ေျခာက္လတာ ဘတ္ဂ်တ္ကာလအတြင္း ႏိုင္ငံတစ္ဝန္းရွိ ျမစ္ဖ်ား၊ ေခ်ာင္းဖ်ားႏွင့္ ဆည္၊ တမံ၊ အင္းအိုင္မ်ားအတြင္း ႏွစ္လက္မအ႐ြယ္ ငါးသားေပါက္ေကာင္ေရ ၄၀၄ ဒသမ ၈၃ သိန္း တို႔ကို ငါးလုပ္ငန္းဦးစီးဌာနအေနျဖင့္ ငါးသယံဇာတ စဥ္ဆက္မျပတ္ေရရွည္ထိန္းသိမ္းႏိုင္ေရး၊ ေဒသခံျပည္သူမ်ား ငါးေမြးျမဴေရးလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္လာေရး၊ အလုပ္အကိုင္ အခြင့္အလမ္းႏွင့္ ဝင္ေငြရရွိေစေရး၊ ငါးမ်ိဳးေကာင္းမ်ိဳးသန႔္မ်ား ေရရွည္တည္တံ့ျပန္ပြားေစေရး၊ ငါးမ်ိဳးစိုက္ေသာငါးသားေပါက္မ်ား ရွင္သန္ႏႈန္းပိုမိုေကာင္းမြန္ေစေရးတို႔အတြက္ စိုက္ထည့္ေပးသြားမည္ျဖစ္ေၾကာင္း၊ ထိုသို႔စိုက္ထည့္ေပးလ်က္ရွိရာ လက္ရွိခ်ိန္ထိ ႏိုင္ငံတစ္ဝန္းတြင္ ငါးသားေပါက္ေကာင္ေရ ၃၃၁ သိန္းေက်ာ္ စိုက္ထည့္ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

” လ်ာထားခ်က္ကို ဒီမတ္လကုန္ပိုင္းမွအၿပီးစိုက္ထည့္ႏိုင္မယ္လို႔လ်ာထားပါတယ္။ အခု ဇန္နဝါရီလ တတိယပတ္ထိကို ငါးသားေပါက္ေကာင္ေရ ၃၃၁ ဒသမ ၇၅၅ သိန္း စိုက္ထည့္ၿပီးပါၿပီ ။ စိုက္ထည့္ဖို႔ က်န္တာက ေကာင္ေရ ၇၄ ဒသမ ၇၇၅ သိန္းပဲ က်န္ပါေတာ့တယ္” ဟု ငါးလုပ္ငန္းဦးစီးဌာန (႐ုံးခ်ဳပ္) မွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္ဇင္ထူးက ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔မွစ၍ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၇ ရက္ေန႔ထိ ႏိုင္ငံအတြင္းရွိ အင္းအိုင္၊ ေခ်ာင္း၊ျမစ္နဲ႔ ဆည္၊ တမံမ်ားတြင္ ငါးသားေပါက္ေကာင္ေရ ၁၀၆၅ ဒသမ ၇၀၇ သိန္းကို စိုက္ထည့္ ေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071