Saturday, August 15, 2026

ယူကရိန်းသို့ ဘိုင်ဒန်၏ လက်နက်အမြောက်အမြား ပေးအပ်ခဲ့မှုအပေါ်...

​ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံတွေကို လက်နက်အမြောက်အမြား ပေးအပ်ခဲ့တာဟာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း...

မြန်မာ-ဘယ်လာရုစ် လွှတ်တော်ဆက်ဆံရေးမြှင့်တင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့်...

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ကာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများနှင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း...

ရှမ်းယူနိုက်တက်အသင်းက လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများထံ စားနပ်ရိက္ခာနှင့်...

လေးမျက်နှာ၊ သြဂုတ်-၁၅ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ရှမ်းယူနိုက်တက်အသင်းမိသားစုက လိုအပ်သည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်း၏ ရေဘေးကူညီထောက်ပံ့ရေးခရီးစဉ်အဖြစ် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ...

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် CANTER ကားတိမ်းမှောက်၍...

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း၊ ကွမ်းခြံကုန်းဘုရားကွေ့အနီးတွင် ကုန်စိမ်းများတင်ဆောင်လာသည့် ၆ ဘီးယာဉ်တစ်စီး ယနေ့ ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း...
HomeInternationalဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား...

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေဟု ပူတင်ပြော

မော်စကို၊ ဩဂုတ် ၁၅

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်မှ ကိုရီးယားလွတ်မြောက်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကင်မ်ဂျုံအန်ထံ ပေးပို့သည့် သတင်းစကားတွင် ရုရှားနှင့် မြောက်ကိုရီးယားတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စများ၌ အပြုသဘောဆောင်သည့် ပူးတွဲဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ကင်မ်ဂျုံအန်သည် ဩဂုတ် ၁၄ ရက်က ပြုံယမ်းမြို့ရှိ လွတ်မြောက်ရေးမျှော်စင်သို့ သွားရောက်ကာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များကို တိုက်ခိုက်ခဲ့သည့် ဆိုဗီယက်စစ်သည်များအား ဂုဏ်ပြုခဲ့ကြောင်း KCNA က ဖော်ပြသည်။

နှစ်နိုင်ငံအကြား တိုက်ပွဲဝင်ချစ်ကြည်ရင်းနှီးမှု၏ သမိုင်းဝင်အမွေအနှစ်သည် လက်ရှိတိုးချဲ့လာနေသည့် နှစ်နိုင်ငံဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ကြောင်း ကင်မ်ဂျုံအန်က ပြောကြားခဲ့သည်။

ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ကလည်း ကင်မ်ဂျုံအန်ထံ နှုတ်ခွန်းဆက်သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ နှစ်နိုင်ငံခေါင်းဆောင်များအကြား သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခြင်းနှင့် သမိုင်းဝင်ဆက်ဆံရေးကို အလေးထားဖော်ပြခြင်းတို့သည် မော်စကိုနှင့် ပြုံယမ်းအကြား ပိုမိုနက်ရှိုင်းလာသည့် ဆက်ဆံရေးကို ထင်ဟပ်စေကြောင်း Asia One သတင်းကို ကိုးကား၍ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းသို့ ဘိုင်ဒန်၏ လက်နက်အမြောက်အမြား ပေးအပ်ခဲ့မှုအပေါ် အိမ်ဖြူတော်က ပြင်းပြင်းထန်ထန် ဝေဖန်

​ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံတွေကို လက်နက်အမြောက်အမြား ပေးအပ်ခဲ့တာဟာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း လီဗစ်က ပြောကြားခဲ့ပါတယ်။ ​ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်ပေးမယ့် အလားအလာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ လီဗစ်က "လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ရင် သမ္မတ ဒေါ်နယ်ထရမ့်က ကျွန်မတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသထားပြီးသားပါ။ ကံဆိုးပြီး ဝမ်းနည်းစရာကောင်းတာက ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းအပါအဝင် တခြားနိုင်ငံတွေကို လက်နက်တွေ အများကြီး ပေးပစ်ခဲ့တာပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ လက်နက်ခဲယမ်းတွေ...

မြန်မာ-ဘယ်လာရုစ် လွှတ်တော်ဆက်ဆံရေးမြှင့်တင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ကာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများနှင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova တို့သည် ဩဂုတ် ၁၄ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးတိုးမြှင့်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံပြည်သူ့ကိုယ်စားလှယ်များအကြား ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းလာစေရေး၊...

ရှမ်းယူနိုက်တက်အသင်းက လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများထံ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်း

လေးမျက်နှာ၊ သြဂုတ်-၁၅ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ရှမ်းယူနိုက်တက်အသင်းမိသားစုက လိုအပ်သည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်း၏ ရေဘေးကူညီထောက်ပံ့ရေးခရီးစဉ်အဖြစ် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ ရေဘေးသင့်ဒေသသို့ သွားရောက်ခဲ့ပြီး ဒေသခံများ လိုအပ်နေသည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို တာဝန်ရှိသူများထံ တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါကူညီရေးခရီးစဉ်ကို ရှမ်းယူနိုက်တက် U-20 နည်းပြချုပ် ဦးဟန်ဝင်းအောင် ဦးဆောင်ခဲ့ပြီး စီနီယာအသင်းကစားသမားများဖြစ်သည့် ဂိုးသမား ပြည့်ဖြိုးအောင်နှင့် စအောင်ပြည့်ကိုတို့အပါအဝင် အသင်းတာဝန်ရှိသူများ ပါဝင်ခဲ့ကြသည်။ ရှမ်းယူနိုက်တက်အသင်းမိသားစုအနေ ဖြင့် ရေဘေးသင့်အိမ်ထောင်စု ၃၀၀ အတွက် ကြွေရည်သုတ်ပစ္စည်းများ၊ အသင့်စားစည်သွတ်ဘူးများ၊ ခေါက်ဆွဲခြောက်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071