Monday, June 8, 2026

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က...

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း...

မေလအတွင်း မြန်မာ့မိုးရေထဲတွင် အက်စစ်ဓာတ်ပါဝင်မှု မရှိ၊...

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (EANET) အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလကတည်းက...

မြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက်...

မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၏ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် လေးထောင့်ပုံ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း စက်မှုနှင့်...

ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်၊ တစ်ပတ်လျှင်...

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အကြား ပြေးဆွဲလျက်ရှိသည့် လေကြောင်းခရီးစဉ်များကို လာမည့် ဇွန်လအတွင်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်ပတ်လျှင် ၁၀ ကြိမ်အထိ ပျံသန်းသွားမည်ဖြစ်ကြောင်း...
HomeMoviesထိုင်းအသင်းနှင့် ပွဲစဉ်အား အကောင်းဆုံးကြိုးစားကစားသွားမည်ဟု...

ထိုင်းအသင်းနှင့် ပွဲစဉ်အား အကောင်းဆုံးကြိုးစားကစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်း ပြောကြား

AYA Tri-Nation Cup 2026 ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိနိုင်မည့် အခွင့်အရေးနှင့်အတူ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို ဇွန် ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇွန် ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် Mitsuo Kato က “ထိုင်းအသင်းဟာ မြန်မာအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားပါတယ်။ ဒါကြောင့် ဒီပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒါပေမဲ့ အသင်းကို ကောင်းမွန်စွာ ပြင်ဆင်ထားပြီး ကစားသမားတွေလည်း အဆင်သင့်ဖြစ်နေကြပါပြီ။ လာမယ့်ပွဲစဉ်တွေအတွက် အတွေ့အကြုံကောင်းတွေ ရရှိနိုင်ဖို့နဲ့ ရလဒ်ကောင်းတစ်ခု ရယူနိုင်ဖို့ အကောင်းဆုံးကြိုးစားကစားသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းကလည်း “အသင်းအနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ကစားသမားအားလုံး အဆင်သင့်ဖြစ်နေပြီး ဒဏ်ရာရရှိထားသူလည်း မရှိပါဘူး။ ဒါကြောင့် ပွဲစဉ်မှာ အကောင်းဆုံးကြိုးစားကစားပြီး အနိုင်ရလဒ်ရယူနိုင်ဖို့ ကြိုးပမ်းသွားမှာပါ” ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ထိုင်းအသင်းအား ဂိုးပြတ်အနိုင်ရရှိနိုင်ပါက AYA Tri-Nation Cup 2026 ပြိုင်ပွဲ၏ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က အစုရှယ်ယာတစ်စုလျှင် ကျပ် ( ၅ဝဝ ) နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျင်းပခဲ့သော ဒါရိုက်တာအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ နဝမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်ခွင့်နှင့် မဲပေးပိုင်ခွင့် ရှိမည့် အစုရှယ်ယာရှင်များအား အတည်ပြုသတ်မှတ်မည့်နေ့...

မေလအတွင်း မြန်မာ့မိုးရေထဲတွင် အက်စစ်ဓာတ်ပါဝင်မှု မရှိ၊ သတ်မှတ်စံနှုန်းအတွင်း၌သာ တည်ရှိနေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (EANET) အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလကတည်းက ပါဝင်ကာ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ရွာသွန်းသော မိုးရေထဲတွင် အက်စစ်ဓာတ် ပါဝင်မှု ရှိ၊ မရှိကို လစဉ်မပျက် တိုင်းတာစစ်ဆေးလျက်ရှိသည်။ ယခု ၂၀၂၆ ခုနှစ်၊ မေလအတွင်း၌လည်း နိုင်ငံတစ်ဝန်းရှိ တိုင်းတာရေးစခန်း ၃၁ ခုမှ မိုးရေနမူနာများကို စုဆောင်းစစ်ဆေးခဲ့ရာ တိုင်းတာရရှိသည့် စခန်းအားလုံးတွင် အက်စစ်ဓာတ် ပါဝင်မှု မရှိကြောင်း တွေ့ရှိရသည်။ မိုးရေ၏...

မြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့

မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၏ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် လေးထောင့်ပုံ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စက်ရုံကို ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်လည်ပတ်ခဲ့ပြီး လက်ရှိအချိန်တွင် လေးထောင့်ပုံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071