Sunday, October 18, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပနသာဓုကီဠနသဘင်သို့ ရဟန်းရှင်လူ...

ယနေ့ စက်တင်ဘာလ ၂၅ ရက် နေ့တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကိုနိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရာ ရဟန်းရှင်လူဧည့်ပရိသတ်များ တခဲနက်လာရောက်ဖူးမြော်ကြည်ညိုကာ သံဝေဂယူကြသည်။ ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန...

တရုတ်သို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေး...

တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် GACC မှတ်ပုံတင်ခြင်းနှင့် တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးမြို့တွင် စက်တင်ဘာ ၁၇ ရက်က...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပန ကျင်းပရန်...

ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲအား နိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ယနေ့ကျင်းပ၊ ညနေ...

ရန်ကုန်၊ စက်တင်ဘာ ၂၅ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနမဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာကို ယနေ့ စက်တင်ဘာ...
HomeNewsLocal Newsတိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် တို့တာဝန်အရေးသုံးပါးနှင့်ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက...

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် တို့တာဝန်အရေးသုံးပါးနှင့်ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက တွေ့ဆုံဆွေးနွေးမှုများကိုဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌပြော

အောက်တိုဘာ ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌမှ NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်များအား နေပြည် တော်၌တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တို့တာဝန်အရေးသုံးပါးနှင့်ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက တပ်မတော်အနေဖြင့်တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံတော်နှင့်တပ်မတော်အနေ ဖြင့် NCA လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် နစက အနေဖြင့် တိုင်းပြည်သာယာဝပြောရေး၊စားရေရိက္ခာပေါများရေး၊စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တိုင်းပြည် ကောင်းစေရန် သက်ဆိုင်သူအားလုံးက တူညီသည့်ဆန္ဒများဖြင့်ဆောင်ရွက်ရန်လိုအပ်သည်ဟု ဆိုသည်။

ထို့အတူ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်ဒေသအလိုက်တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုအပ်ကာ တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင် ရွက်ရာ၌ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ”ဆောင်ပုဒ်အတိုင်းကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအားလုံးကလည်း ပါဝင်ဆောင်ရွက်ကြစေလိုသည်ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်များမှလည်း NCA နှင့်ပတ်သက်၍ အချို့အဖွဲ့အစည်းများကပျက်ပြယ်ပြီဟုထုတ်ပြန်မှုများရှိသော်လည်း NCA စာချုပ်မှာပျက် ပြယ်မှုမရှိဘဲတည်တံ့ခိုင်မြဲနေဆဲဖြစ်ပြီး NCA လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းလျက်ရှိသည်ဟု ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ရှေ့ဆက် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ၊ NCA တွင်ပါဝင်မှုမရှိသေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ NCA တွင်ပါဝင်လာနိုင်ရေးဆောင်ရွက်သင့်သည့် အခြေအနေများ၊ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးနှင့်ဒေသအလိုက်ဖွံ့ဖြိုးတိုး တက်မှုများရှိစေရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများ၊ဒေသအလိုက် ပညာရည်မြင့်မားရေးအတွက်ဆောင်ရွက်သင့်သည့် အခြေ အနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

နစက ဥက္ကဋ္ဌအား KNU/KNLA(PC)ဥက္ကဋ္ဌ စောထော့လေး၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ KKO အဖွဲ့မှ ကွပ်ကဲရေးမှူး စောဘငြိမ်း၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်သူရိန်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာ၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ် အမှုဆောင် နိုင်ဗညားလယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး(ABSDF) ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းတို့မှ လာရောက်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပနသာဓုကီဠနသဘင်သို့ ရဟန်းရှင်လူ ဧည့်ပရိသတ်များ တခဲနက်လာရောက်ဖူးမြော်ကြည်ညိုကာသံဝေဂယူ

ယနေ့ စက်တင်ဘာလ ၂၅ ရက် နေ့တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကိုနိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရာ ရဟန်းရှင်လူဧည့်ပရိသတ်များ တခဲနက်လာရောက်ဖူးမြော်ကြည်ညိုကာ သံဝေဂယူကြသည်။ ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကိုသင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ EVENT PARK ၌ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် ၉၉ နှစ်၊ သိက္ခာဝါတော် ၇၉ ဝါရှိကာ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

တရုတ်သို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေး GACC မှတ်ပုံတင်မှု မကွေးတွင် ရှင်းလင်း

တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် GACC မှတ်ပုံတင်ခြင်းနှင့် တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးမြို့တွင် စက်တင်ဘာ ၁၇ ရက်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့ရာတွင် တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့်အညီ GACC မှတ်ပုံတင်ခြင်း သို့မဟုတ် သက်ဆိုင်ရာခွင့်ပြုချက်များ ရယူရန်လိုအပ်ပြီး တရားဝင်ဈေးကွက်ဝင်ရောက်ခွင့် (Market Access) ရရှိရေးအတွက်လည်း သတ်မှတ်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းအချက်များကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက ရှင်းလင်းပြောကြားခဲ့ပြီး ဒေသတွင်း ကုန်ထုတ်လုပ်ငန်းရှင်များနှင့်...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပန ကျင်းပရန် ပြင်ဆင်နေသည့်မြင်ကွင်းပုံရိပ်များ

ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲအား နိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ EVENT PARK ၌ ကြိုတင်ပြင်ဆင်နေသည့် မြင်ကွင်းပုံရိပ်များဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ကြွင်းကျန်ရစ်သည့် ဥတုဇရုပ်ကလာပ်တော်အား မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်မှပင့်ဆောင်လာမည်ဖြစ်သည်။ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် ၉၉ နှစ်၊ သိက္ခာဝါတော် ၇၉ ဝါရှိကာ စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071