Saturday, June 20, 2026

စာရေးဆရာ မင်းခိုက်စိုးစန် အမေရိကန်ရှိ နေအိမ်၌...

နာမည်ကျော်စာရေးဆရာ၊ ဆရာဝန်၊ ဇာတ်ညွှန်းရေးဆရာနှင့် ဒါရိုက်တာ မင်းခိုက်စိုးစန်သည် အမေရိကန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။ အမေရိကန် ပစိဖိတ်စံတော်ချိန် ဇွန်လ ၁၉ ရက်...

မိုးကောင်းမြို့၌ နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက်...

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေများသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ရေမျက်နှာပြင် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက...

မှတ်ပုံတင်ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနှင့် ပွဲစား...

မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းဆိုင်ရာ လုပ်ငန်းများတွင် မမှန်မကန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ပွဲစား စုစုပေါင်း ၁၇၉ ဦးကို...

မြန်မာ့ထမနဲကို UNESCO သို့ တင်ပြနိုင်ရေး...

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်း မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် မြန်မာ့ထမနဲကို UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းအသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ...
HomeMoviesတာချီလိတ်တွင် တရားမဝင် ရွှေတူးဖော်နေသည့်...

တာချီလိတ်တွင် တရားမဝင် ရွှေတူးဖော်နေသည့် ပြည်ပနိုင်ငံသား ၁၉ ဦး ဖမ်းဆီးရမိ

တာချီလိတ်၊ ဇွန် ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့နယ်ခွဲ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်လန်းကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်နေသည့် ပြည်ပနိုင်ငံသား ၁၉ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဇွန် ၁၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများတွင် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦး ပါဝင်ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါဒေသ၌ တရားမဝင် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိချက်အရ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် စက်ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများထံ လွှဲပြောင်းအပ်နှံခြင်းနှင့် လိုအပ်သည့် ပစ္စည်းများကို စနစ်တကျ ဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးရမိထားသည့် ပြည်ပနိုင်ငံသားများကိုလည်း တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် နယ်စပ်ဒေသများတွင် တရားမဝင် သယံဇာတတူးဖော်မှုများကို တားဆီးနှိမ်နင်းရေးဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စာရေးဆရာ မင်းခိုက်စိုးစန် အမေရိကန်ရှိ နေအိမ်၌ ကွယ်လွန်

နာမည်ကျော်စာရေးဆရာ၊ ဆရာဝန်၊ ဇာတ်ညွှန်းရေးဆရာနှင့် ဒါရိုက်တာ မင်းခိုက်စိုးစန်သည် အမေရိကန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။ အမေရိကန် ပစိဖိတ်စံတော်ချိန် ဇွန်လ ၁၉ ရက် ည ၈ နာရီ ၇ မိနစ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ မြန်မာစံတော်ချိန်သည် ဇွန်လ ၂၀ ရက် မနက် ၉ နာရီ ၃၇ မိနစ် ဖြစ်သည်။ အမည်ရင်း ကိုကျော်စိုးဖြစ်ကာ ၁၉၇၂ ခုနှစ်စက်တင်ဘာလ ၁၈ ရက်နေ့၌ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၂၀၀၁...

မိုးကောင်းမြို့၌ နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေများသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ရေမျက်နှာပြင် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။ ထုတ်ပြန်ချက်အရ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ နန့်ယင်းချောင်းရေသည် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်ထက် ၁ ပေခန့် ကျော်လွန်နေပြီး လာမည့် ၁ ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။ ထို့အပြင် စိုးရိမ်ရေမှတ်အထက်တွင်...

မှတ်ပုံတင်ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနှင့် ပွဲစား ၁၇၉ ဦးကို ဥပဒေအရ အရေးယူထားဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းဆိုင်ရာ လုပ်ငန်းများတွင် မမှန်မကန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ပွဲစား စုစုပေါင်း ၁၇၉ ဦးကို ဥပဒေအရ အရေးယူထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။ ယင်းကို ဇွန် ၁၉ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် နိုင်ငံသားနံပါတ် ထပ်နေမှုများနှင့် ပတ်သက်သည့် မေးခွန်းကို ပြန်လည်ဖြေကြားစဉ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071