Wednesday, May 6, 2026

၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်...

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို...

မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး...

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ...

ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံ

ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များဆွေးနွေး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim...
HomeArticlesတရားထိုင်၊ ဖိုထိုး၊ တယောထိုးရင်းနဲ့...

တရားထိုင်၊ ဖိုထိုး၊ တယောထိုးရင်းနဲ့ လက်ရှိဘဝကို ဖြတ်သန်းနေသူ တယော ဦးတင်ရီ

အသက်အရွယ်ကြီးရင့်လာသော်လည်း အဖိုးဖြတ် မရတဲ့ ပညာရှင်တွေ မြန်မာနိုင်ငံမှာ အများကြီးရှိတယ်။ နယ်ပယ်ကဏ္ဍအသီးသီးမှာပေါ့။ အနုပညာနယ်ပယ်မှာဆိုရင် ဥပမာ- ဘဘဗိုလ်ကလေးတင့်အောင်လို ပုဂ္ဂိုလ်ကြီးမျိုးတွေက တကယ့်ကို အဖိုးဖြတ်လို့မရတဲ့ ပညာရှင်ကြီးတွေပါ။ အကယ် ဒမီပေးပွဲမှာ တစ်သက်တာထူးချွန်ဆုပေးပြီး ဘဘကို ဂုဏ်ပြု ချီးမြှင့်ခဲ့ကြရတယ်။ ဘဘဗိုလ်ကလေးတင့်အောင်လို အဖိုး ဖြတ်မရတဲ့ ပညာရှင်ကြီးတွေ နောက်ထပ်လည်းရှိပါသေးတယ်။ အဲဒီအထဲမှာ တယောဦးတင်ရီလို ပညာရှင်မျိုးကို ချန်ထား ခဲ့လို့မရပါဘူး။ လက်ရှိအသက်အရွယ်မှာ သူဘယ်လိုလှုပ်ရှား ဖြစ်နေလဲဆိုတာကိုတော့ …

“တစ်သက်လုံး ဂီတနဲ့ပဲဖြတ်သန်းခဲ့တာပေါ့။ အရင် တုန်းက တစ်ခါတလေ ဓာတ်ပြားသွင်းတဲ့ အချိန်များဆိုလို့ ရှိရင် အဘက စတူဒီယိုမှာ ၂ ရက်၊ ၃ ရက်နေပြီး သွင်းခဲ့ ရတာမျိုးလည်းရှိပါတယ်။ ပြန်ချိန်မရှိဘူး။ အဲဒီလိုမျိုး လုပ်ပြီးနေခဲ့ရတာပါ။ ဒါကြောင့်အဲဒီအချိန်ကတည်းကိုက ကိုယ်က မသင်လည်းသင်၊ သင်လည်းသင်ပြီး နေခဲ့ရတာပေါ့။ အခုလိုအားလာတဲ့အချိန်ကျတော့ မြန်မာ့အသံက ပင်စင်ယူပြီး ကတည်းကိုက ဘာမှသိပ်မလုပ်တော့ဘူးလေ။ တယော ထိုးတယ်။ ဖိုထိုးတယ်။ တရားထိုင်တယ်။Classical Music တွေကို ဖြန့်ရေးတယ်။ မြန်မာသီချင်းကြီး၊ သီချင်းခံတွေကို ကိုယ့်ဘာသာကိုယ်String Orchestra နဲ့ဖြစ်အောင် ကိုယ့်ဘာသာကိုယ်ရေးတယ်။ လုပ်တယ်။ ဒါပါပဲ။ အဘက ဘာမှမလုပ်ဘူး” လို့ တယောဦး တင်ရီကပြောပါတယ်။

သူက တယောဦးတင်ရီ။ တယောသံစုံတီးဝိုင်းနှင့် ဂီတသင်တန်းများကိုလည်း ဖွင့်လှစ်ထားသူပါ။ သူ့ရဲ့ ရည်ရွယ် ချက်က …

“သင်တန်းကတော့ ကိုယ်တတ်ထားတဲ့ ပညာလေးတွေကို ပြန်လည်ဝေမျှတဲ့သဘောပါ။ လာရောက်သင် ကြားကြတဲ့ ကလေးတွေလည်း ရှိကြပါတယ်။ အခုဆို ကလေးတွေအတွက် နွေရာသီအခြေခံသင်တန်းဖွင့်ထားတယ်။ နောက်ထပ်သင်တန်းတွေလည်းရှိတယ်။ အဘရဲ့အလုပ်က တယောထိုးတယ်။ ဖိုထိုးတယ်။ တရားထိုင်တယ်။ ဒါပဲ လုပ်စရာရှိတယ်လေ။ အဲဒီတော့ ကိုယ်တတ်ထားတဲ့ပညာကို မျိုးဆက်သစ်တွေကို ပြန်လည်ဝေမျှတဲ့အနေနဲ့ သင်တန်း လေးတွေဖွင့်ဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071