Sunday, June 7, 2026

ပုဂံဒေသ သုတေသနလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး...

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ သုတေသနနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျနှင့် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဟိုတယ်နှင့်ခရီးသွားလာရေး၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ပုဂံဒေသရှိ ငကျွဲနားဋောင်းဘုရား...

တောင်ငူမြို့ ဖွံ့ဖြိုးရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေးသည့် နိုင်ငံတော်သမ္မတ၊...

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးစီမံကိန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးရထားပို့ဆောင်ရေးနှင့် အားကစားအခြေခံအဆောက်အအုံများ...

သမိုင်းအစဉ်အလာကြီးမားသည့်ကေတုမတီနန်းတော်ရာနှင့် ရှေးဟောင်းအမွေအနှစ်များ စနစ်တကျဖော်ထုတ်ထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ...

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ သမိုင်းအစဉ်အလာကြီးမားသည့် ကေတုမတီနန်းတော်ရာ၊ မြို့ရိုးနှင့် ကျုံးများကို စနစ်တကျ သုတေသနပြုဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့ကြောင်း...

တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့ကို...

တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့ကို အထူးဖွံ့ဖြိုးရေးဒေသများအဖြစ်အကောင်အထည် ဖော်ဆောင်ရွက်နေသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၆ ရက်တွင် ပဲခူးတိုင်း၊...
HomeMoviesတတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး...

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုမေးမြန်း

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ဇွန် ၄ ရက်နံနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၈၅)ဦးအနက် (၈၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးက မေးမြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်ဝန်ကြီးများက ဖြေကြားပေးခဲ့ကြပြီး မော်လိုက်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁)ဒေါ်စန္ဒာသိန်းက “ချင်းတွင်းမြစ်အထက်ပိုင်းရှိ အဆင်ခြင်မဲ့ ရွှေတူးဖော်မှုလုပ်ငန်းများကြောင့် မြစ်ကြောင်းပျ-က်စီးခြင်းနှင့် ပြဒါးညစ်ညမ်းမှုနှင့် ဆိုင်ယာနိုက်ဓာတုပစ္စည်းများ ဘေးအန္တရာယ်များမှ ကာကွယ်တားဆီးနိုင်ရေး”တိုက်တွန်းကြောင်းအဆိုတင်သွင်းရာ ဖောင်းပြင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးတင်မင်းထွဋ်က ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်း အဆိုတင်သွင်းမှုအား တိုင်းဒေသကြီးလွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီး အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးအကြီးအမှူးထံအမည်စာရင်းများကို ဇွန် ၅ ရက်ညနေ ၄ နာရီအရောက်တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးဒုတိယနေ့ကို ယနေ့ ဇွန် ၅ ရက်နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဂံဒေသ သုတေသနလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ သုတေသနနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျနှင့် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဟိုတယ်နှင့်ခရီးသွားလာရေး၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ပုဂံဒေသရှိ ငကျွဲနားဋောင်းဘုရား အုတ်မြစ်တူးဖော်သုတေသနလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပုဂံဒေသ ထိန်းသိမ်းဖော်ထုတ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။ လက်ရှိတွင် မီးငြိမ်းကုန်းဂူဘုရား၊ မဟာဗောဓိဂူဘုရားနှင့် နတ်လျောင်းကျောင်းတို့၌ အိန္ဒိယနိုင်ငံ Archaeological Survey of India...

တောင်ငူမြို့ ဖွံ့ဖြိုးရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေးသည့် နိုင်ငံတော်သမ္မတ၊ မီးရထားနှင့် အားကစားအခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး အလေးထားမှာကြား

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးစီမံကိန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးရထားပို့ဆောင်ရေးနှင့် အားကစားအခြေခံအဆောက်အအုံများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုအတွင်း နိုင်ငံတော်သမ္မတသည် နေပြည်တော်–တောင်ငူ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားမှုများ၊ မီးရထားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဘူတာဝင်ထွက်နေရာများကို စနစ်တကျ စီမံခန့်ခွဲထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။ ယင်းနောက် မီးရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ လမ်းပိုင်းများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်၊ အသုံးမပြုသည့် မီးရထားသံလမ်းများကိုလည်း ထိန်းသိမ်းထားရှိရန်နှင့် ရထားသွားလာရေးစနစ်၏...

သမိုင်းအစဉ်အလာကြီးမားသည့်ကေတုမတီနန်းတော်ရာနှင့် ရှေးဟောင်းအမွေအနှစ်များ စနစ်တကျဖော်ထုတ်ထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ မှာကြား

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ သမိုင်းအစဉ်အလာကြီးမားသည့် ကေတုမတီနန်းတော်ရာ၊ မြို့ရိုးနှင့် ကျုံးများကို စနစ်တကျ သုတေသနပြုဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ဇွန် ၆ ရက်က တောင်ငူမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ကေတုမတီမြို့ဟောင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ မြို့ရိုး၊ ကျုံးနှင့် နန်းတော်ရာ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို စစ်ဆေးပြီးနောက် ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။ စစ်ဆေးစဉ် တောင်ငူကေတုမတီနန်းမြို့တော်နှင့် နန်းတော်ရာဟောင်း ဖော်ထုတ်ထိန်းသိမ်းနေမှု၊ အနောက်ဘက်မြို့ရိုး စင်တံခါးအနီး မြို့ရိုးဖော်ထုတ်မှု၊ မြောက်ဘက်ကျုံးနေရာရှိ ကျုံးမြို့ရိုးနှင့် နွံကျုံးတူးဖော်မှု၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071