Sunday, June 21, 2026

မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြု(၅၃)ဦးကိုကြိုဆို

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့ဆေး ရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြု (၅၃)ဦးအား ယနေ့ ဇွန် ၂၁ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက...

တရုတ်လုပ်ငန်းရှင်များ B2B စနစ်ဖြင့် မြန်မာ့ပြောင်းဖူးကို...

တရုတ်နိုင်ငံရှိ လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဖူးများကို B2B (Business to Business) စနစ်ဖြင့် ကာလရှည် ဝယ်ယူတင်သွင်းရန် စိတ်ဝင်စားမှုရှိနေကြောင်း...

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန် မလေးရှားနှင့် တရုတ်ကို သွားမည်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်သည် ရာထူးတာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်ပအလုပ်အကိုင်များကိုမြှင့်တင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုများကို အချက်ပြရန် ရည်ရွယ်သည့်ခရီးစဉ်တစ်ခုအနေဖြင့်...

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေ ကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များကြံ့ခိုင်မှုရှိစေရန်ပြုလုပ်ထားကြောင်း သိရသည်။ မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန်ဆောင်ရွက်ထားပြီး အမြန်ရေယာဉ် Speed Boat များကိုလည်းကြိုတင်စီမံထားကာ...
HomeMoviesတစ်နှစ်ထက်အထက် အသုံးပြုမှုမရှိသည့် ဘဏ်စာရင်းများကို...

တစ်နှစ်ထက်အထက် အသုံးပြုမှုမရှိသည့် ဘဏ်စာရင်းများကို စာရင်းသေအဖြစ် သတ်မှတ်ပြီး ဝန်ဆောင်ခကောက်ခံမည်ဟု ဧရာဝတီဘဏ် ထုတ်ပြန်ဧရာဝတီဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသော စာရင်းရှင်စာရင်း၊ ငွေစုဘဏ်စာရင်းနှင့် ခေါ်ယူအပ်ငွေစာရင်းများ၌ နောက်ဆုံး ငွေသွင်း/ငွေထုတ် ပြုလုပ်ခဲ့သည့် နေ့ရက်မှစ၍ ရက်ပေါင်း (၃၆၅) ရက် (တစ်နှစ်) ပြည့်မြောက်သည်အထိ တစ်စုံတစ်ရာ အသုံးပြုခြင်း မရှိပါက အဆိုပါဘဏ်စာရင်းများကို “စာရင်းသေစာရင်း” အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

ဘဏ်စာရင်းများ ပြန်လည်အသုံးပြုခြင်းနှင့် ဝန်ဆောင်ခ သတ်မှတ်ချက်များ
အသုံးပြုခွင့် ယာယီပိတ်သိမ်းခြင်း

စာရင်းသေအဖြစ် သတ်မှတ်ခံရသည့် ဘဏ်စာရင်းများကို ဘဏ်ခွဲများတွင် သာမန်အတိုင်း အသုံးပြုခွင့်အပြင် အီလက်ထရွန်နစ်ဘဏ်စနစ်၊ မိုဘိုင်းဘဏ်စနစ်၊ ငွေပေးချေမှုစနစ်၊ အလိုအလျောက်ငွေထုတ်စက်များနှင့် ကတ်စနစ်များအပါအဝင် မည်သည့်နည်းလမ်းဖြင့်မဆို ပြန်လည်အသုံးပြုခြင်းကို ယာယီပိတ်သိမ်းထားမည်ဖြစ်သည်။ ၎င်းစာရင်းများကို ပြန်လည်အသက်သွင်းလိုပါက နီးစပ်ရာ ဘဏ်ခွဲများသို့ ကာယကံရှင်ကိုယ်တိုင် လူကိုယ်တိုင်သွားရောက် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။

စာရင်းထိန်းသိမ်းခ ကောက်ခံခြင်း

ကာလရှည် အသုံးပြုခြင်းမရှိသည့် အသက်မဝင်သော ဘဏ်စာရင်းများအတွက် တစ်လလျှင် စာရင်းထိန်းသိမ်းခ (၃,၀၀၀) ကျပ်နှင့် စာရင်းသေစာရင်းများအတွက် တစ်လလျှင် (၅,၀၀၀) ကျပ်နှုန်းဖြင့် (၃) လလျှင် တစ်ကြိမ် ဘဏ်စာရင်းထဲမှ ဖြတ်တောက်ကောက်ခံသွားမည်ဖြစ်သည်။

ဘဏ်စာရင်း အလိုအလျောက် ပိတ်သိမ်းခြင်း

အဆိုပါ စာရင်းထိန်းသိမ်းခကို ပထမအကြိမ် ကောက်ခံပြီးနောက် ရက်ပေါင်း (၉၀) အတွင်း ကာယကံရှင်မှ ဘဏ်သို့ လာရောက်ဆက်သွယ်ခြင်း မရှိပါက ဒုတိယအကြိမ် ထပ်မံဖြတ်တောက်မည် ဖြစ်သည်။ ဘဏ်စာရင်းအတွင်းရှိ ငွေလက်ကျန် ကုန်ဆုံးသွားသည်အထိ (၃) လလျှင် တစ်ကြိမ် နှုန်းဖြင့် ဆက်လက်ဖြတ်တောက်သွားမည်ဖြစ်ပြီး၊ ငွေကြေးလုံးဝမရှိတော့ပါက ဘဏ်မှ အလိုအလျောက် အပြီးပိုင် ပိတ်သိမ်းသွားမည်ဖြစ်သည်။
ထို့ပြင် (၇) နှစ်နှင့်အထက် ကာလရှည်ကြာသည်အထိ စာရင်းသေအဖြစ် တည်ရှိနေသည့် ဘဏ်စာရင်းများကိုမူ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြု(၅၃)ဦးကိုကြိုဆို

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့ဆေး ရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြု (၅၃)ဦးအား ယနေ့ ဇွန် ၂၁ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက သစ်လွင်သူနာပြုများအားထားရှိမည့် အဆောင်များကိုကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

တရုတ်လုပ်ငန်းရှင်များ B2B စနစ်ဖြင့် မြန်မာ့ပြောင်းဖူးကို ကာလရှည် ဝယ်ယူရန် စိတ်ဝင်စား

တရုတ်နိုင်ငံရှိ လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဖူးများကို B2B (Business to Business) စနစ်ဖြင့် ကာလရှည် ဝယ်ယူတင်သွင်းရန် စိတ်ဝင်စားမှုရှိနေကြောင်း ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ China Kunming ASEAN Association က မြန်မာနိုင်ငံမှ ပြောင်းဖူးများကို တရုတ်နိုင်ငံသို့ လစဉ် ကာလရှည်တင်သွင်းလိုကြောင်း ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးထံ ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ယင်းအသင်းအနေဖြင့် မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များနှင့် B2B စာချုပ်များ ချုပ်ဆိုကာ လစဉ်ပုံမှန် ဝယ်ယူတင်သွင်းလိုကြောင်းနှင့် လက်ရှိဈေးနှုန်းများကို သိရှိလိုကြောင်းလည်း အသိပေးထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ...

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန် မလေးရှားနှင့် တရုတ်ကို သွားမည်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်သည် ရာထူးတာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်ပအလုပ်အကိုင်များကိုမြှင့်တင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုများကို အချက်ပြရန် ရည်ရွယ်သည့်ခရီးစဉ်တစ်ခုအနေဖြင့် မလေးရှားနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။     ရာမန်၏ အစိုးရသည် အာရှအဓိကမိတ်ဖက်များနှင့် ဆက်ဆံရေးခိုင်မာစေသည့်အပြင် ရည်မှန်းချက်ကြီးမားသော စီးပွားရေးအစီအစဉ်ကို ပံ့ပိုးရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေချိန်တွင် ခြောက်ရက်ကြာခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။       ရာမန်သည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်နှင့် တွေ့ဆုံရန်အတွက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ကွာလာလမ်ပူရ်သို့ ထွက်ခွာမည်ဖြစ်ပြီး ထို့နောက် တရုတ်ဝန်ကြီးချုပ် လီကျန်း၏ ဖိတ်ကြားချက်အရ တနင်္လာနေ့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071