Sunday, May 17, 2026

မြန်မာနိုင်ငံထွေအုပ်ဝန်ထမ်းဟောင်းများအသင်း (၁၀) ကြိမ်မြောက်သက်ကြီးပူဇော်

မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၏ (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် အသင်းသားများတွေ့ဆုံပွဲကို ယနေ့ မေ ၁၇ ရက်က ရန်ကုန် တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်...

ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့်...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနေ၊ ဒုတိယနေ့တွင်လည်း...

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ISTAF Sepaktakraw World Cup 2026 ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကောင်းဆုံးပုံစံဖြင့် အစပြုနိုင်ခဲ့ပြီး...

မကွေးတိုင်း ဆီထွက်သီးနှံအထူးဇုန် (၂) တွင်...

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ...
HomeCelebrities' Newsဇာတ်ကားရိုက်ကူးမှုတွေ ကျဲသွားတဲ့ အကယ်ဒမီ...

ဇာတ်ကားရိုက်ကူးမှုတွေ ကျဲသွားတဲ့ အကယ်ဒမီ နေအောင်

nay

အခုလတ်တလော ဇာတ်ကား ရိုက်ကူးမှုတွေ ကျဲသွားတဲ့သရုပ်ဆောင်မင်းသားကြီး နေအောင် က ယိုးဒယားနဲ့ တရုတ်ဖက်စပ်ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးသွားဖို့ရှိကြောင်း အခုလို ပြောပြခဲ့ပါတယ်။

“ကျွန်တော်ဇာတ်ကား ရိုက်ကူးမှုတွေ တော်တော်ကျဲသွားတယ်။ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ လာငှားကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ဇာတ်ရုပ် ကာရိုက်တာ မကြိုက်လို့ မရိုက်ဘူး။ အခုကျွန်တော်ယိုးဒယားနဲ့လည်း ရိုက်မယ်။ တရုတ်နဲ့လည်းရိုက်ဖို့ ရှိပါတယ်။ နောက်ဆက်ရိုက်ကူးမယ့် ဇာတ်ကားတွေကိုလည်း ကာရိုက်တာတွေ ကောင်းရင်ရိုက်မယ်။ ကာရိုက်တာ မကောင်းရင် မရိုက်ဘူး။ ဒီဖက်စပ်ဇာတ်ကားက ရုပ်ရှင်ဇာတ်ကားတွေပါပဲ။ တရုတ်စကားတွေတော့ မပြောရပါဘူး။ ကျွန်တော်တို့က မြန်မာရဲ့အရှင်ဘုရင်အနေနဲ့သရုပ်ဆောင် သွားရမှာပါ။ ကျွန်တော့်အနေနဲ့ ဖက်စပ်ဇာတ်ကားတွေ ရိုက်ကူးဖို့ အရမ်း အားသန်နေတယ်”လို့ သရုပ်ဆောင် နေအောင်က ဆိုပါတယ်။
သရုပ်ဆောင်နေအောင်က သရုပ်ဆောင်လောကထဲကို အိမ်ထောင် ကျပြီးမှ ဝင်ရောက်လာတာဖြစ်ပြီး နေအောင်ဆိုတဲ့ နာမည်တစ်လုံးဖြစ် တည်လာတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်အနုပညာလောကထဲကို အိမ်ထောင်ကျပြီးမှ ရောက်ရှိ ခဲ့တာပါ။ ကျွန်တော့်အမျိုးသမီးက “ကိုကိုမင်းသားသွားလုပ်ပါလား” ဆိုလို့ မင်းသားလုပ်ဖြစ်သွားတာ။ ကျွန်တော့်မှာ အမှတ်ရစရာ ဇာတ် ကားတွေက အများကြီးပါပဲ။ ကျွန်တော်နာမည်ကြီးပြီး ကောင်းတယ် ဆိုတဲ့ ဇာတ်ကားတွေရိုက်ကူးတဲ့ ဒါရိုက်တာတွေက အရမ်းတော် တယ်။ ကျော်ဟိန်း၊ ဒွေးနဲ့အတူ ‘နော်လီဇာ၂’မှာ နေအောင်ဆိုပြီး အမည် အကြီးနဲ့ ထုတ်ပေးခဲ့တယ်။ နောက်ပိုင်းဇာတ်ကားတွေကစပြီး ကျွန်တော် နေအောင်ဆိုပြီး ဖြစ်လာတယ်”လို့ ပြောပါတယ်။

နေအောင်က သူအခုပါဝင်နေရတဲ့ အခန်းတွေက အဖေခန်း၊ အစ်ကိုကြီးခန်းတွေဖြစ်ပေမယ့်လည်း ကိုယ်တိုင်ပါဝင်ရတဲ့အခန်းတိုင်း ကို ကိုယ်စွမ်းနိုင်သလောက် ကြိုးစားတယ်”လို့လည်း ဆိုခဲ့ပါတယ်။

ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071