မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၏ (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် အသင်းသားများတွေ့ဆုံပွဲကို ယနေ့ မေ ၁၇ ရက်က ရန်ကုန် တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက် ၌ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများတက်ရောက်၍ ကန်တော့ခံဝန်ထမ်းဟောင်းကြီးများကို ကန်တော့ပြီး ကန်တော့ပစ္စည်းများပေးအပ်ပြီးနောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းသို့ အလှူငွေနှင့် စာအုပ်များကိုပေးအပ်လှူဒါန်းခဲ့သည်။
ကန်တော့ခံဝန်ထမ်းဟောင်းကြီးများကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ဗိုလ်မှူးကြီးဦးတင်လှိုင်(ငြိမ်း)နှင့် ဆရာလယ်တွင်းသားစောချစ် (ဦးတင်လှိုင်) တို့က ဆုပေးမေတ္တာစကားများပြောကြားခဲ့ကြသည်။
