Sunday, May 17, 2026

ရန်ကုန် ကြက်ဘဲဈေးသို့ နေ့စဉ် ကြက်ပိဿာ...

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်၊ ဘဲဈေးသို့ နေ့စဉ် ကြက်အဝင် ပိဿာ ၈၀,၀၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ယင်းအနက် အသားတိုးကြက် ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း...

မြန်မာလုပ်သား (၇၀) ကျော်ကို ဂျပန်ကခေါ်ယူ

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၇၀) ကျော်ကို ခေါ်ယူထားသည်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အ...

ဓာတ်အားခပေးချေမှုများ ရာနှုန်းပြည့်နိုင်ငံတော်ဘဏ္ဍာသို့ စီးဝင်လာရန်လည်းအရေးကြီးဟု လျှပ်စစ်နှင့်...

 Digital စနစ်ဖြင့် မီတာခကောက်ခံခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည် နိုင်ငံတော်နှင့် ပြည်သူ နှစ်ဦးနှစ်ဘက်အကျိုးရှိစေရေးအတွက် ဓာတ်အားခပေးချေမှုများနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မေ ၁၆ ရက်တွင် နေပြည်တော်ရှိ...

ကမ္ဘာ့ဖလားယှဉ်ပြိုင်ရေးဖီဖာနှင့်အီရန် ဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမည်

ဖီဖာအတွင်းရေးမှူးချုပ် မတ်တီယက်စ် ဂရက်ဖ်စတွမ်သည် စနေနေ့တွင် အစ္စတန်ဘူလ်၌ အီရန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာ့ဖလားတွင် အီရန်ပါဝင်ရေးကို အာမခံပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှုများကို သိရှိသော...
HomeNewsLocal Newsမကွေးတိုင်း ဆီထွက်သီးနှံအထူးဇုန် (၂)...

မကွေးတိုင်း ဆီထွက်သီးနှံအထူးဇုန် (၂) တွင် ၂၀၂၆-၂၀၂၇ ရာသီအတွက် ဆီထွက်သီးနှံ ဧက ၃ ဒသမ ၅ သိန်းကျော် စိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆီထွက်သီးနှံအထူးဇုန် (၂) စီမံချက်တွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး (စကု) ၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာနှင့် ငဖဲမြို့နယ်များအပြင် သရက်ခရိုင်အတွင်းရှိ သရက်၊ မင်းတုန်း၊ မင်းလှနှင့် ကံမမြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ မြို့နယ် ၉ မြို့နယ်တွင် မြေပဲ၊ နှမ်းနှင့် နေကြာ စသည့် ဆီထွက်သီးနှံများကို စိုက်ဧကစုစုပေါင်း ၃၅၅,၆၀၀ အထိ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအစီအစဉ်သည် ဒေသတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရက် ၁၀၀ စီမံချက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မျိုးသန့်ပွား စိုက်ပျိုးဆောင်ရွက်မည့် တောင်သူများထံသို့ သီးနှံမျိုးစေ့များကို မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မျိုးစေ့ပေးအပ်ရာတွင် ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်းရှိ မြို့နယ် ၉ မြို့နယ်၌ Seed Grower Association နှင့် မျိုးစေ့ထုတ် အစုအဖွဲ့လိုက် စိုက်ပျိုးမည့် တောင်သူများအတွက် နှမ်းသီးနှံ မကွေးနှမ်းနက် ၂/၁၄ မျိုးစေ့ကို တစ်ဧကလျှင် ၂ ပြည်နှုန်းဖြင့် ၁၂၀ ဧကစာ၊ နေကြာသီးနှံ ဆင်းရွှေကြာ-၂ မျိုးစေ့ကို တစ်ဧကလျှင် ၄ ပြည်နှုန်းဖြင့် ၁၂၀ ဧကစာ၊ မြေပဲသီးနှံ တွန်တာနီမျိုးစေ့ကို တစ်ဧကလျှင် ၆ တင်းနှုန်းဖြင့် ၅ ဧကစာနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ကို တစ်ဧကလျှင် ၅ ပြည်နှုန်းဖြင့် ၆၅ ဧကစာ ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန် ကြက်ဘဲဈေးသို့ နေ့စဉ် ကြက်ပိဿာ ၈၀,၀၀၀ ဝင်ရောက်၊ အသားတိုးကြက် အများဆုံးဖြစ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်၊ ဘဲဈေးသို့ နေ့စဉ် ကြက်အဝင် ပိဿာ ၈၀,၀၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ယင်းအနက် အသားတိုးကြက် ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း ကြက်၊ ဘဲ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ နေ့စဉ် ဝင်ရောက်လာသည့် ကြက်အမျိုးအစားများတွင် အသားတိုးကြက်၊ ဒံပေါက်ကြက်၊ ဥစားကြက်၊ ဥနှုန်းကျဆင်း၍ ရောင်းထုတ်သည့် ဥတုံးကြက် (ကြက်နီမ) နှင့် မြန်မာကြက်များ ပါဝင်ပြီး အသားတိုးကြက်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။ “မင်္ဂလာတောင်ညွန့် ကြက်၊ ဘဲဈေးကို နေ့စဉ် ကြက်အဝင်က ပိဿာ ရှစ်သောင်းလောက်...

မြန်မာလုပ်သား (၇၀) ကျော်ကို ဂျပန်ကခေါ်ယူ

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၇၀) ကျော်ကို ခေါ်ယူထားသည်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အ လုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပ ဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့်...

ဓာတ်အားခပေးချေမှုများ ရာနှုန်းပြည့်နိုင်ငံတော်ဘဏ္ဍာသို့ စီးဝင်လာရန်လည်းအရေးကြီးဟု လျှပ်စစ်နှင့် စွမ်းအင် ပြည်ထောင်စုဝန်ကြီးပြော

 Digital စနစ်ဖြင့် မီတာခကောက်ခံခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည် နိုင်ငံတော်နှင့် ပြည်သူ နှစ်ဦးနှစ်ဘက်အကျိုးရှိစေရေးအတွက် ဓာတ်အားခပေးချေမှုများနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မေ ၁၆ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများအားကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ် သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲရာ၌  တစ်ဦးချင်းအမှန်တစ်ကယ်သုံးစွဲမှုကိုတိကျစွာသိရှိရန်လိုကာ သုံးစွဲသူများအနေဖြင့် ဓာတ်အားခပေးချေမှုများ ရာနှုန်းပြည့်နိုင်ငံတော်ဘဏ္ဍာသို့ စီးဝင်လာရန်လည်းအရေးကြီးသည်ဟု ပြောသည်။ ထို့ကြောင့် ခေတ်နှင့်လျှော်ညီမှုမရှိတော့သည့် မီတာဖတ်စနစ်များ၊ မီတာခကောက်ခံသည့် စနစ်များကို Digital စနစ်သို့ကူးပြောင်းနေသည့် အရှိန်အဟုန်ကို မြှင့်တင်ရမည်ဖြစ်ကာ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ယခုဖြစ်ပေါ်နေသည့် နည်းပညာဆိုင်ရာအားနည်းချက်နှင့် လူတို့၏အားနည်းချက်များကွယ်ပျောက်၍ နိုင်ငံတော်နှင့်ပြည်သူ နှစ်ဦးနှစ်ဘက်အကျိုးရှိလာမည်ဟုလည်း ပြောသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071