Saturday, July 25, 2026

ကျောက်ဆည် (အင်ရောင်း) ဆေးဝါးစက်ရုံ၌ တစ်ခါသုံးဆေးထိုးအပ်များ...

ကျောက်ဆည်၊ ဇူလိုင် ၂၅ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) ၌ တစ်ခါသုံး ဆေးထိုးအပ်များကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ...

မုတ်သုံ‌လေအား ကောင်းလာနိုင်ခြင်းကြောင့် အချို့နေရာများတွင် မိုးကြီးနိုင်၊

မြန်မာ့ကမ်းရိုးတန်းတွင် လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိရှိနိုင်ဟု မိုးဇလသတိပေး နေပြည်တော်၊ ဇူလိုင်-၂၅ ကပ္ပလီလယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မုတ်သုံလေအားကောင်းလာနိုင်ပြီး ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ...

စင်ကာပူက AI နှင့် STEM...

၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အာဆီယံ ပညာရေးကဏ္ဍ၏ သဘာပတိအဖြစ် တာဝန်ယူမည့် စင်ကာပူနိုင်ငံသည် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် “အာဆီယံ ပညာရေးဆိုင်ရာ...

ကိုရီးယားတွင် လုပ်ငန်းခွင်မတော်တဆမှုဖြင့် ကွယ်လွန်သည့် မြန်မာလုပ်သား၏...

ဆိုးလ်၊ ဇူလိုင် ၂၅ ကိုရီးယားသမ္မတနိုင်ငံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သည့် မြန်မာလုပ်သား မောင်အောင်မင်းဦး၏ ရုပ်အလေ-ာင်းကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး (ဆိုးလ်) က...
HomeNewsLocal Newsစစ်ကိုင်းမြို့နယ်တွင် မီတာဖတ်ချက်အမှန်ရရှိရေး ဆောင်ရွက်နေဟု...

စစ်ကိုင်းမြို့နယ်တွင် မီတာဖတ်ချက်အမှန်ရရှိရေး ဆောင်ရွက်နေဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြော

နေပြည်တော်၊ ဇူလိုင် ၂၅

စစ်ကိုင်းမြို့နယ်တွင် လစဉ်မီတာမဖတ်ရှုဘဲ ခန့်မှန်းယူနစ်များဖြင့် ဓာတ်အားခတောင်းခံနေမှုနှင့်ပတ်သက်၍ မီတာဖတ်ချက်အမှန်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင့်က စစ်ကိုင်းမြို့နယ်ရှိ လျှပ်စစ်မီတာများကို ခန့်မှန်းယူနစ်များဖြင့် ငွေတောင်းခံနေမှုအပေါ် မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက ယခင်က စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်အားလုံးတွင် မီတာဖတ်ရှုခြင်းနှင့် ဓာတ်အားခတောင်းခံလွှာ ပေးဝေခြင်းကို ပုံမှန်ဆောင်ရွက်နိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း နယ်မြေအခြေအနေများကြောင့် အချို့ရပ်ကွက်များတွင် မီတာဖတ်ရှုခြင်း မဆောင်ရွက်နိုင်ခဲ့သဖြင့် ယခင်သုံးစွဲခဲ့သည့် တစ်နှစ်တာပျမ်းမျှယူနစ်များအပေါ် အခြေခံ၍ ဓာတ်အားခတွက်ချက် တောင်းခံခဲ့ရကြောင်း ပြောကြားသည်။

လက်ရှိတွင် နယ်မြေလုံခြုံရေးအခြေအနေပေါ် မူတည်၍ ဝန်ထမ်းများက မီတာဖတ်ရှုခြင်းနှင့် ရပ်မိရပ်ဖများ၏ အကူအညီဖြင့် ဓာတ်အားခကောက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ဒေသခံများ၏ ပူးပေါင်းကူညီမှု ပိုမိုရရှိရေးအတွက် လွှတ်တော်ကိုယ်စားလှယ်၏ ပံ့ပိုးကူညီမှုကိုလည်း မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

ထို့ပြင် မီတာယူနစ်ဖတ်ချက်နှင့် ဓာတ်အားခတောင်းခံငွေ ကိုက်ညီစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး၊ ယူနစ်ကြွေးကျန်များရှိသည့် မီတာများကိုလည်း ပြည်သူများ တစ်ကြိမ်တည်း ငွေပမာဏများစွာ ပေးဆောင်ရခြင်းမရှိစေရန် အရစ်ကျပေးဆောင်နိုင်ရေး ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးအေးကျော်က ပြန်လည်ဖြေကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်ဆည် (အင်ရောင်း) ဆေးဝါးစက်ရုံ၌ တစ်ခါသုံးဆေးထိုးအပ်များ ပြန်လည်ထုတ်လုပ်

ကျောက်ဆည်၊ ဇူလိုင် ၂၅ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) ၌ တစ်ခါသုံး ဆေးထိုးအပ်များကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ ပြန်လည်ထုတ်လုပ်နေကြောင်း သိရသည်။ အဆိုပါ ထုတ်လုပ်မှု ပြန်လည်စတင်ခြင်း ဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Valves Private Limited ဥက္ကဋ္ဌတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး စက်ရုံအတွင်း ထုတ်လုပ်နေမှု၊ အရည်အသွေး စစ်ဆေးနေမှုနှင့် ထုပ်ပိုးမှုစနစ်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ဆေးဝါးစက်ရုံ (အင်ရောင်း)...

မုတ်သုံ‌လေအား ကောင်းလာနိုင်ခြင်းကြောင့် အချို့နေရာများတွင် မိုးကြီးနိုင်၊

မြန်မာ့ကမ်းရိုးတန်းတွင် လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိရှိနိုင်ဟု မိုးဇလသတိပေး နေပြည်တော်၊ ဇူလိုင်-၂၅ ကပ္ပလီလယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မုတ်သုံလေအားကောင်းလာနိုင်ပြီး ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မုတ်သုံ‌လေအား ကောင်းလာနိုင်ခြင်းနှင့် လေထုမငြိမ်မသက်ဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တိုတွင်...

စင်ကာပူက AI နှင့် STEM ပညာရေးအာဆီယံ အစီအစဉ်များ ဦးဆောင်မည်

၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အာဆီယံ ပညာရေးကဏ္ဍ၏ သဘာပတိအဖြစ် တာဝန်ယူမည့် စင်ကာပူနိုင်ငံသည် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် “အာဆီယံ ပညာရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း ၂၀၂၆-၂၀၃၀” အရ ပညာရေးကဏ္ဍတွင် ဉာဏ်ရည်တု (AI) သုံးစွဲမှု၊ STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ) ပညာရေးနှင့် ကျောင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတို့ကို အဓိကထားသည့် ဒေသတွင်း အစီအစဉ်များကို ဦးဆောင်ကျင်းပသွားမည် ဖြစ်သည်။ စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံ ပညာရေးဝန်ကြီးများ အစည်းအဝေးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071