Saturday, July 25, 2026

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) ရဲ့...

ယနေ့ ဂျူလိုင်လ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs...

သီပေါဟော်နန်းကို နှစ် ၁၀၀ ကျော်သက်တမ်းရှိ...

သီပေါ၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့်...

မူဆယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၅၅...

မူဆယ်၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား...

AWPT ၊ MIP ၊...

ပြည်ပမှ ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရမီ ဆိပ်ကမ်းနှင့် လေဆိပ်သို့ တင်သွင်းလာသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများအား အရေးယူနိုင်ရေး စီမံခန့်ခွဲရေးအဖွဲ့၊ လေလံတင်ထုခွဲရောင်းချရေး လုပ်ငန်းအဖွဲ့မှ AWPT၊...
HomeNewsLocal Newsကိုရီးယားတွင် လုပ်ငန်းခွင်မတော်တဆမှုဖြင့် ကွယ်လွန်သည့်...

ကိုရီးယားတွင် လုပ်ငန်းခွင်မတော်တဆမှုဖြင့် ကွယ်လွန်သည့် မြန်မာလုပ်သား၏ ရုပ်အလေ-ာင်း နေရပ်ပြန်ပို့နိုင်ရေး မြန်မာသံရုံး ကူညီဆောင်ရွက်

ဆိုးလ်၊ ဇူလိုင် ၂၅

ကိုရီးယားသမ္မတနိုင်ငံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သည့် မြန်မာလုပ်သား မောင်အောင်မင်းဦး၏ ရုပ်အလေ-ာင်းကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး (ဆိုးလ်) က လိုအပ်သည့် ကူညီဆောင်ရွက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်အောင်မင်းဦးသည် ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က ကိုရီးယားသမ္မတနိုင်ငံ၊ ချွန်းချောင်းတောင်ပိုင်းပြည်နယ်၊ အာဆန်မြို့ရှိ မြေအောက်လှိုဏ်ခေါင်း တည်ဆောက်ရေးလုပ်ငန်းခွင်တွင် မတော်တဆထိခိုက်မှုဖြစ်ပွားကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြန်မာသံရုံး (ဆိုးလ်) မှ တာဝန်ရှိသူများသည် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူများ၊ လုပ်ဖော်ကိုင်ဖက် မြန်မာလုပ်သားများနှင့် တွေ့ဆုံကာ ဖြစ်စဉ်အခြေအနေများကို စိစစ်မေးမြန်းခဲ့သည်။

ထို့ပြင် ကွယ်လွန်သူ၏ ရုပ်အလေ-ာင်းကို သွားရောက်အတည်ပြုခဲ့ပြီး ကျန်ရစ်သူဇနီးထံ ဆက်သွယ်ကာ ကုမ္ပဏီဘက်မှ မိသားစုအတွက် ဆောင်ရွက်ပေးမည့် အခြေအနေများကို အသိပေးခဲ့ကြောင်း သိရသည်။

ကျန်ရစ်သူဇနီး၏ ဆန္ဒအတိုင်း ရုပ်အလေ-ာင်းကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် လိုအပ်သည့် စာရွက်စာတမ်းများ ထုတ်ပေးခဲ့သည့်အပြင် သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်ကလည်း ကျန်ရစ်သူဇနီးနှင့် ကိုယ်တိုင်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာသံရုံး (ဆိုးလ်) အနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အရေးကိစ္စများနှင့်စပ်လျဉ်း၍ လိုအပ်သည့် ကူညီဆောင်ရွက်မှုများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ချိတ်ဆက်ညှိနှိုင်းပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) ရဲ့ (၅) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

ယနေ့ ဂျူလိုင်လ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs Network - MYANWEN) ၏ (၅) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကျင်းပခဲ့သည်။ အခမ်းအနားသို့ အမျိုးသမီးရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၏ဇနီး၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံတမန်များ၊ နိုင်ငံတကာ ကုန်သွယ်စက်မှုအသင်းများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ...

သီပေါဟော်နန်းကို နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင်သတ်မှတ်

သီပေါ၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် တရားဝင် သတ်မှတ်ထုတ်ပြန်လိုက်သည်။ ရှမ်းပြည်မြောက်ပိုင်း၏ တစ်ခုတည်းသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် အဆိုပါ ဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ်လက်ထက်၌ ကျမိုင်း စပ်အုံကြာက အနောက်တိုင်း ဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ စော်ဘွားကြီး စဝ်ကြာဆိုင်မိသားစု နေထိုင်ခဲ့ဖူးကာ နောက်ပိုင်းတွင်...

မူဆယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၅၅ ဦးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မူဆယ်၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦး စုစုပေါင်း ၅၅ ဦးကို ဇူလိုင် ၂၄ ရက်က စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်သည် ဇူလိုင် ၂၄ ရက်က လုံခြုံရေးပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၂)လမ်းရှိ နေအိမ်နှစ်လုံးကို ဝင်ရောက်စစ်ဆေးရာမှ စုစုပေါင်း ၄၄ ဦးကို All In One ကွန်ပျူတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071