ကလေးဝ၊ မင်းကင်း၊ မုံရွာ မြို့သုံးမြို့ရှိ အနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ရန် မိုးဇလ အသိပေး
ချင်းတွင်းမြစ်ရေသည် ယနေ့ ဩဂုတ်(၈)ရက်၊ နံနက်ပိုင်းတိုင်းထွားချက်များအရ ကလေးဝမြို့တွင် စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲကျော်အလိုတွင် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်ကြောင်း မိုးဇလ(မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန) က အသိပေးထုတ်ပြန်ထားသည်။
ထိုအတူ မင်းကင်းမြို့နယ်တွင်လည်း စိုးရိမ်ရေမှတ်အောင် ပေဝက်ကျော်နှင့် မုံရွာမြို့တွင်လည်း ပေဝက်ခန့်အလိုက်တွင် ရောက်ရှိနေခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် မင်းကင်းမြို့နယ်တွင် နောက်၁ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပြီး မုံရွာမြို့နယ်တွင် နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်ခြင်းကြောင့် ရေကြီးခြင်းသတိပေးချက်ကို မိုးဇလက ထုတ်ပြန်ထားသည်။
အဆိုပါ သုံးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနီမ့်ပိုင်းနေထိုင်သူများ အနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် အသိပေးထားသည်။