Saturday, September 19, 2026

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

ရုရှားနှင့် အီရန်အပေါ် ပိတ်ဆို့အရေးယူမှု တိုးချဲ့သည့်...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးချဲ့ရန်နှင့် အီရန်နိုင်ငံအပေါ် လက်ရှိပိတ်ဆို့အရေးယူမှုများကို သက်တမ်းတိုးရန် ပြဋ္ဌာန်းထားသည့် ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ...

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင်...
HomeCelebrities' Newsခပ်ချေချေ ဆိုတဲ့ ခင်သဇင်

ခပ်ချေချေ ဆိုတဲ့ ခင်သဇင်

သရုပ်ဆောင် ခင်သဇင်ရဲ့ ကိုယ်ပိုင်သံစဉ်များ ပါဝင်တဲ့ ‘ခပ်ချေချေ’ DVD Karaoke စီးရီးခွေသစ်ကို မေလ ၁ ရက်နေ့ကBO Bo Entertainment မှ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိ လိုက်ပြီဖြစ်ပါတယ်။ ဒီသီချင်းခွေမှာဆိုရင် သီချင်းပုဒ်ရေ ၈ ပုဒ်ပါဝင်ပြီး သီချင်းသံစဉ်များအနေ နဲ့ကလည်း အချစ်သီချင်းချိုအေးအေးလေးတွေကို ပရိသတ်တွေ ခံစားနားဆင်နိုင်ရမှာပဲဖြစ်ပါ တယ်။ ဒီသီချင်းများကို အဆိုတော်ဖိုးကာနဲ့အတူ ခေတ်လူငယ်တေးရေးဆရာသစ်လေးများဖြစ် ကြတဲ့ ဝေကြီး၊ မှုံကြီး၊ ကျော်ဇင်လတ်၊ စည်သူငြိမ်းတို့နဲ့အတူ အခြား တေးရေးဆရာများက ရေးဖွဲ့ ပေးထားကြပါတယ်။

“သဇင့်ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ မှတ်တိုင်လေးလည်း ဖြစ်ချင်တယ်။ နောက်ပြီးတော့ ပရိသတ်ကိုလည်း အမှတ်တရ လက်ဆောင်လေးလည်း ပေးချင်တာကြောင့် ဒီစီးရီးခွေလေး ထုတ်ဖြစ်တာပါ။ ဒီစီးရီးခွေကိုAudio နဲ့ DVD ကို တစ်ခါတည်း ထုတ်လိုက်ပါတယ်။ သီချင်းတွေကတော့ အခုပူအိုက်တဲ့ နွေရာသီလေးမှာ သီချင်းချိုအေးအေးလေးတွေကို နားထောင်နိုင်သလို မကြာခင်မှာ ကျရောက်တော့မယ့် မိုးရာသီမှာလည်း မိုးအေးအေးလေးနဲ့ ကွေးပြီး နားဆင်နိုင်မယ့် အချစ်သီချင်းချိုအေးအေးလေးတွေ ဖြစ်ပါတယ်။ ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်တဲ့အရာလေးတွေလည်း ရွေးထားတယ်။ ပရိသတ်ခံစားချက်နဲ့ လက်ရှိနီးစပ်မယ့် အကြောင်းအရာလေးတွေကိုလည်း ရွေးထားပါ တယ်။ သီချင်းအားလုံးက ကိုယ်ပိုင်သံစဉ်လေးတွေပါ”လို့ ခင်သဇင်က ပြောပြပါတယ်။ ပထမ ဆုံးတစ်ကိုယ်တော် စီးရီးခွေလေးကို ‘ခပ်ချေချေ’ လို့ ပေးဖြစ်တာကတော့ ဘဝမှာ ဘယ်လောက်ပဲ အဆိုးတွေကြုံကြုံ အကောင်းတွေပဲကြုံကြုံ ဘဝကို ခပ်ချေချေနဲ့ပဲ ဆက်လျှောက်မယ်ဆိုတဲ့ ခံယူချက်ကလေးနဲ့ စီးရီးခွေအမည်ကို ပေးခဲ့တာဖြစ်တယ်လို့ ခင်သဇင်ပြောပါတယ်။ ဒီစီးရီးခွေ ထွက်ရှိခြင်းအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကိုတော့ ဧပြီလ ၂၅ ရက်နေ့ကOrchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071