Home Movies ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက် လူငယ်ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းများ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်

ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက် လူငယ်ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းများ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်

0
56

နေပြည်တော်၊ဇူလိုင် ၂၈

အခြေခံပညာကျောင်းများ၌ ဆောင်ရွက်လျက်ရှိသည့် ကျောင်းကျန်းမာရေး လုပ်ငန်းများအပြင် အာဟာရ၊ ဆယ်ကျော်သက်လူငယ်ကျန်းမာရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများ ရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။

ကျောင်းကျန်းမာရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ကျောင်းကျန်းမာရေး လုပ်ငန်းများကို အခြေခံပညာကျောင်းများအပြင် ပုဂ္ဂလိက၊ ဘုန်းတော်ကြီးသင်နှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများအထိ တိုးချဲ့ဆောင်ရွက်ရန်နှင့် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် (Student Health Record Card) ကို Grade-6 မှ Grade-12 အထိ တိုးချဲ့စနစ်တကျ အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဆယ်ကျော်သက် ကျန်းမာရေးစောင့်ရှောက်မှုများ ပါဝင်ရေး၊ ကျောင်းကျန်းမာရေး ကော်မတီများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မိဘများ ပူးပေါင်းပါဝင်ရေး၊ ကျေးလက်ဒေသအောက်ခြေအထိ ကျောင်းကျန်းမာရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့နှင့် ပူးပေါင်း၍ ကျောင်းသားလူငယ်များ အားကစား၊ အာဟာရနှင့် ကျန်းမာရေး အသိပညာပေးမှုများ မြှင့်တင်ရန်နှင့် ဩဂုတ်လ ဒုတိယအပတ်တွင်ကျင်းပမည့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here