Home Movies နေပြည်တော်တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်၊ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးရေး လေ့ကျင့်သင်ကြားပေးမည်

နေပြည်တော်တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်၊ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးရေး လေ့ကျင့်သင်ကြားပေးမည်

0
64

နေပြည်တော်၊ ဇူလိုင် ၂၈

အသက် ၆ နှစ်မှ ၁၈ နှစ်အထိ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ သိမှုပိုင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုနယ်ပယ်ငါးရပ်ကို အဓိကထား လေ့ကျင့်သင်ကြားပေးမည့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (နေပြည်တော်) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းတွင် နေ့စဉ်လူနေမှုဘဝ လုပ်ငန်းဆောင်တာများကို ကိုယ်တိုင်ဆောင်ရွက်နိုင်စေရေး (Activities of Daily Living – ADL) နှင့် အထူးပညာရေး (Special Education) စနစ်များဖြင့် သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက တာဝန်ယူဆောင်ရွက်မည့် ဝန်ထမ်းများအနေဖြင့် မသန်စွမ်းကလေးများကို စေတနာ၊ အကြင်နာ၊ ဝါသနာ၊ ကရုဏာနှင့် အနစ်နာထား၍ မိမိသားသမီးများကဲ့သို့ နွေးထွေးစွာ ပြုစုစောင့်ရှောက်ပေးကြရန် မှာကြားခဲ့သည်။

ထို့ပြင် မသန်စွမ်းသူများ လူမှုအသိုက်အဝန်းအတွင်း အမှီအခိုကင်းစွာ ရပ်တည်နိုင်စေရေးအတွက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီးဖြစ်ကာ နေပြည်တော်တွင် ဖွင့်လှစ်လိုက်သည့် သင်တန်းကျောင်းသည် တတိယမြောက် ဖွင့်လှစ်သည့် ကျောင်းဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here