Tuesday, July 28, 2026

ကယားပြည်နယ်တွင် ၅ နှစ်ကျော် သက်တမ်းလွန်...

နေပြည်တော်၊ ဇူလိုင် ၂၈ ကယားပြည်နယ်အတွင်း ၅ နှစ်ကျော် မှတ်ပုံတင်သက်တမ်းလွန်နေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို သတ်မှတ်အထောက်အထားများ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက်...

မုတ်သုံလေ အားကောင်းနေ၍ နိုင်ငံအနှံ့ မိုးရွာမည်၊...

ရန်ကုန်၊ ဇူလိုင် ၂၈ မုတ်သုံလေ အားကောင်းနေသဖြင့် မြန်မာနိုင်ငံတစ်ဝန်း ယနေ့ (ဇူလိုင် ၂၈ ရက်) ညနေပိုင်းအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာနိုင်ပြီး...

နေပြည်တော်တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်၊ မသန်စွမ်းကလေးများ၏...

နေပြည်တော်၊ ဇူလိုင် ၂၈ အသက် ၆ နှစ်မှ ၁၈ နှစ်အထိ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ သိမှုပိုင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့်...

ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက် လူငယ်ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းများ...

နေပြည်တော်၊ဇူလိုင် ၂၈ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်လျက်ရှိသည့် ကျောင်းကျန်းမာရေး လုပ်ငန်းများအပြင် အာဟာရ၊ ဆယ်ကျော်သက်လူငယ်ကျန်းမာရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများ ရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနနှင့်...
HomeMoviesပဲခူးနှင့် မဒေါက်တွင် မြစ်ရေ...

ပဲခူးနှင့် မဒေါက်တွင် မြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်၍ ရေကြီးမှုသတိပေး

နေပြည်တော်၊ ဇူလိုင်-၂၈

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်အရ ပဲခူးမြို့နှင့် မဒေါက်မြို့တို့တွင် မြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။

ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အောက် ၂ ပေကျော်အကွာတွင် ရောက်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်အကွာတွင် ရောက်ရှိနေပြီး နောက် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပဲခူးမြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် မြစ်ရေ အခြေအနေကို အနီးကပ်စောင့်ကြည့်ကာ ကြိုတင်သတိပြုနေထိုင်ရန်နှင့် ရေမြင့်တက်လာပါက အချိန်မီ ဘေးလွတ်ရာသို့ ရှောင်ရှားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကယားပြည်နယ်တွင် ၅ နှစ်ကျော် သက်တမ်းလွန် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည်

နေပြည်တော်၊ ဇူလိုင် ၂၈ ကယားပြည်နယ်အတွင်း ၅ နှစ်ကျော် မှတ်ပုံတင်သက်တမ်းလွန်နေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို သတ်မှတ်အထောက်အထားများ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့တွင် ဒီးမော့ဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မော်မော်ခိုင် (ဦးမောင်ရွှေ - လွိုင်ကော်မဲဆန္ဒနယ် အစား) ၏ ကယားပြည်နယ်အတွင်းရှိ ၅ နှစ်ကျော် သက်တမ်းလွန် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ၏ လိုင်စင်သက်တမ်း ပြန်လည်တိုးမြှင့်ပေးရေးနှင့်ပတ်သက်သည့်...

မုတ်သုံလေ အားကောင်းနေ၍ နိုင်ငံအနှံ့ မိုးရွာမည်၊ ဒေသအချို့တွင် မိုးကြီးနိုင်

ရန်ကုန်၊ ဇူလိုင် ၂၈ မုတ်သုံလေ အားကောင်းနေသဖြင့် မြန်မာနိုင်ငံတစ်ဝန်း ယနေ့ (ဇူလိုင် ၂၈ ရက်) ညနေပိုင်းအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ မွန်၊ ကရင်နှင့် မကွေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ အိန္ဒိယနိုင်ငံ ဟယ်လ်ဒီယာမြို့အနီးမှ ဖြတ်ကျော်ခဲ့သည့် အားကောင်းသော မုန်တိုင်းငယ်မှာ အားလျော့ကာ မုန်တိုင်းငယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ယနေ့ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်...

နေပြည်တော်တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်၊ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးရေး လေ့ကျင့်သင်ကြားပေးမည်

နေပြည်တော်၊ ဇူလိုင် ၂၈ အသက် ၆ နှစ်မှ ၁၈ နှစ်အထိ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ သိမှုပိုင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုနယ်ပယ်ငါးရပ်ကို အဓိကထား လေ့ကျင့်သင်ကြားပေးမည့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (နေပြည်တော်) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကျောင်းတွင် နေ့စဉ်လူနေမှုဘဝ လုပ်ငန်းဆောင်တာများကို ကိုယ်တိုင်ဆောင်ရွက်နိုင်စေရေး (Activities of Daily Living – ADL) နှင့် အထူးပညာရေး (Special Education)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071