Sunday, August 16, 2026

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့်...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ်(၉၀၀)မှ...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု...

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ...

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များ သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းက သန်လျင်မြို့နယ်ရှိ သာသနာ့ဗိမ္မာန် ခန်းမတွင်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံပွဲသို့...

မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များ၌ပြန်လည်နေထိုင်ချိန်တွင် အိမ် ၏ကြံ့ခိုင်ရေးစစ်ဆေးခြင်းအပြင်...

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၌ မိုး သည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ကာ ရပ်ကွက်/ကျေးရွာများအတွင်း ရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်သူများမှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေ ထိုင်ရလျက်ရှိကြောင်း သိရသည်။ ထိုသို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌...
HomeMoviesကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက်

ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ် လက်ရှိ စည်းကြပ်ထားသော ကုန်သွယ်ခွန်များကို ခေတ္တဆိုင်းငံ့ပေးပါရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို စနေနေ့က တောင်းဆိုလိုက်သည်။

ဇူလိုင်လကုန်ပိုင်းတွင် ကော်ဖီနှင့် ရေနံစသည့် ကင်းလွတ်ခွင့် ရရှိထားသော ကုန်ပစ္စည်း အနည်းငယ်မှအပ ကိုလံဘီယာ ကုန်ပစ္စည်းများအပေါ် စည်းကြပ်သည့် အမေရိကန်၏ ကုန်သွယ်ခွန်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

“ငလျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့် အလွန်ခက်ခဲတဲ့ ကာလကို ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သက်သာရာရစေဖို့အတွက် ကိုလံဘီယာ ကုန်ပစ္စည်းတွေအပေါ် သက်ရောက်နေတဲ့ မြင့်မားတဲ့ ကုန်သွယ်ခွန်တွေကို ယာယီဆိုင်းငံ့ပေးဖို့ ကျွန်တော် သူ့ကို မေတ္တာရပ်ခံခဲ့ပါတယ်” ဟု ဒီ လာ အက်စ်ပရီယယ်လာ က လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

တိုးမြှင့်လိုက်သော ကုန်သွယ်ခွန်များသည် ယခုနှစ် စတင်ပိုင်းတွင် ထရမ့်ပ် ထုတ်ပြန်ခဲ့သည့် သက်တမ်းကုန်ဆုံးတော့မည့် ကမ္ဘာလုံးဆိုင်ရာ အခွန်နှုန်းထားများ၏ နေရာ၌ အစားထိုး၍ ဇူလိုင်လ ၂၄ ရက်တွင် စတင် အာဏာတည်ခဲ့ခြင်း ဖြစ်သည်။

တနင်္လာနေ့က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည့် ထရမ့်ပ်နှင့် ၁၀ မိနစ်ခန့် စကားပြောဆိုခဲ့ကြောင်း ဒီ လာ အက်စ်ပရီယယ်လာ က ပြောကြားခဲ့သည်။

“ဆွေးနွေးမှုဟာ အလွန် ရင်းနှီးပွင့်လင်းပြီး ဖော်ရွေပါတယ်” ဟု ကိုလံဘီယာ ခေါင်းဆောင်က ဆိုသည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့် ပင်တဂွန်၏ မူဝါဒရေးရာ ထိပ်တန်းအရာရှိ အယ်လ်ဘရစ်ချ်တို့ တွေ့ဆုံခဲ့ပြီးနောက်တွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။ အန်ကော ဆန်တီနယ် စစ်ရေးလေ့ကျင့်မှုကို ၂၀၂၇ ခုနှစ်တွင် ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံတပ်မတော်များအကြား ရင်းနှီးသော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန် တံတားတစ်စင်း ဖြစ်လိမ့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့ဘွတ်ခ်ပို့စ်တွင် ရေးသားခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအပါအဝင် ကမ္ဘောဒီးယား-အမေရိကန်ဆက်ဆံရေးတွင် အပြုသဘောဆောင်သော တိုးတက်မှု...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀)ကျပ်သို့လျော့ချပေး

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများပြားသည့် ရန် ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများအား လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အ ချက်များနှင့် ပြည့်စုံပါက နေ့စဉ်ည ၁၁ နာရီမှ နောက်နေ့ နံနက် ၅ နာ ရီအထိ အချိန်ကာလအတွင်း တစ်ယူနစ်လျှင် မူလကောက်ခံသော ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျှော့ချ ၍ ဓာတ်အားရယူသုံးစွဲခွင့်ပေးခြင်းကို ပထမအဆင့်အနေဖြင့်ဆောင်ရွက်သွားမည်ဟု...

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များတွေ့ဆုံ  SME ယာယီမှတ်ပုံတင်လက်မှတ်များကို One Stop Service စနစ်ဖြင့်ဆောင်ရွက်ပေးခဲ့

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များ သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းက သန်လျင်မြို့နယ်ရှိ သာသနာ့ဗိမ္မာန် ခန်းမတွင်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော် တက်ရောက်ခဲ့ကြောင်း သိရသည်။ သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များကကြုံတွေ့နေရသည့်အခက်အခဲများကိုမေးမြန်းရာ MSME အေ ဂျင်စီ ဥက္ကဋ္ဌနှင့် သန်လျင်မြို့နယ်လွှတ်တော်ကိုယ်စား လှယ်များ၊ စည်ပင်ဌာန၊ စီးပွားးကူးသန်းဌာန၊ မြန်မာ့စီးပွာရေးဘဏ်၊ SMEDB Bank၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071