Friday, September 18, 2026

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ...

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ်...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

လေးမျက်နှာတွင် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ရွေ့လျားမိုဘိုင်းယာဉ်ဖြင့် ဆောင်ရွက်ပေးနေ

လေးမျက်နှာ၊ စက်တင်ဘာ ၁၈ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ၌ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရွေ့လျားမိုဘိုင်းယာဉ် (COW)...
HomeCelebrities' Newsကိုယ္အသံုးမက်တဲ့ အရာတစ္ခုက ကိုယ့္အေမေရာ...

ကိုယ်အသုံးမကျတဲ့ အရာတစ်ခုက ကိုယ့်အမေရော ကိုယ့်ညီမပါ အပြောခံရတော့ စိတ်မကောင်းဘူးဆိုတဲ့ ရွှေထူး

အဆိုတော် ရွှေထူးက ချစ်သူ သက်တမ်း ၆ နှစ်ကြာအောင်ထိ လက်တွဲလာခဲ့တဲ့ ချစ်သူမိန်းကလေးနဲ့ လမ်းခွဲလိုက်ပါပြီ။ ဘယ်လို အကြောင်းကြောင်းတွေကြောင့် လမ်းခွဲခဲ့ကြတာလဲဆိုတာ အတိအကျ မသိရပေမယ့် မိန်းကလေးတစ်ယောက်ကို နှစ်ရှည်ချစ်လာတွဲလာ ခဲ့ပြီးမှ လမ်းခွဲခဲ့တဲ့အတွက် အဆိုတော်ရွှေထူးကို ပြစ်တင် ပြောဆိုနေကြတဲ့ ပရိသတ်တချို့ရှိနေခဲ့ပါတယ်။ ဒီလို ပြောဆိုမှုတွေဟာ သူ့တစ်ယောက်တည်းမဟုတ်ပဲ သူ့မိသားစုဝင်တွေကိုပါ ပြောဆိုလာကြတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်းကို ရွှေထူးက …

“ကျွန်တော့်စိတ်က ဆုံးဖြတ်ချက်အတိုင်း ကျွန်တော်လုပ်လိုက်တယ်။ အဲဒီတော့ ဝိုင်းပြော ကြတာကိုလည်း လူးလိမ့်နေအောင်ခံရတယ်။ စိတ်မကောင်းဘူးပေါ့ဗျာ။ ကိုယ့်ကိုယ် ပြေရုံ နဲ့ဆို ငါအမှားလုပ်လို့ ငါ့ပြောတာ ငါခံသင့် တယ်လို့ တွေးမိမယ်။ အခုကျတော့ ကိုယ့်ညီမ နဲ့ ကိုယ့်အမေတို့ကိုပြောတာမျိုးကြ။ တစ်ခါမှ လည်း အမေတို့ညီမတို့က ကျွန်တော် ငယ်ငယ်က ဆယ်တန်းကျလို့ မျက်နှာပျက်ရတာမျိုးပဲ ရှိတယ်လေ။ အခုကျတော့ ဒီလိုမျိုးလေးတွေ သူတို့ အပြောခံရတယ်။ ကိုယ် အသုံးမကျတဲ့ အရာတစ်ခုက ကိုယ့်အမေရော ကိုယ့်ညီမပါ အပြောခံရတော့ ကျွန်တော် စိတ်မကောင်းဘူး။ သူတို့ ကိုလည်း ကျွန်တော်ကြိုပြီး တောင်းပန်ထားတယ်။ အခုကျွန်တော့်ကို မှန်လားမှားလား သူတို့ မမေးဘူး။ ကျွန်တော်လုပ်ချင်တာ ကျွန်တော်လုပ်လိုက်တယ်။ အဲဒီအပေါ်မှာ ကျွန်တော့်အိမ်ကအစ ကျွန်တော့်ကို စကားမပြောတာတွေရှိတယ်။ ကျွန်တော်က တစ်ရွာလုံးနဲ့တစ်ယောက် ဖြစ်နေတာပေါ့။ အဲဒီလိုဆိုတော့ တစ်ခါတလေတော့ ဝမ်းနည်းတာပေါ့ နော်” လို့ ဝမ်းနည်းစွာနဲ့ ပြောပြခဲ့ပါတယ်။ သူ့ရဲ့လုပ်ရပ်ကို မကျေနပ် ကြတဲ့အတွက် သူ့ကို ပြစ်တင်ဝေဖန်ပြောဆိုနေတာတွေအပေါ် စိတ် မကောင်းဖြစ်ရပေမယ့် အားလုံးမှာ လွတ်လပ်စွာ ပြောဆိုဆိုပိုင်ခွင့် ရှိနေတာဖြစ်လို့မို့ စိတ်မဆိုးဘဲ အားလုံးကိုနားလည်ပါတယ် လို့ ရွှေထူး ထပ်မံပြောပြပါတယ်။

“သူတို့အတွေးနဲ့ သူတို့ ဆုံးဖြတ်ပြီး ပြောပိုင်ခွင့် ရှိတယ်။ ဒါကို ကျွန်တော် ဘာမှမပြောလိုပါဘူး။ ကျွန်တော်လည်း လူထဲကလူတစ်ယောက်ပဲဆိုတော့ ကျွန်တော်ဆုံးဖြတ်ချက်ချတယ်။ ကျွန်တော့်ဆုံးဖြတ် ချက် မှားရင်လည်းမှားမယ်။ မှန်ရင်လည်း မှန်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ခံယူဖို့အသင့်ပဲ။ ဒီလို ဖြစ်နေ တဲ့အချိန် စလင်းမြို့ဘက်မှာ သီချင်းသွားရောက် သီဆိုတုန်းက စင်မြင့်ပေါ်တက်ခါနီးတောင် အားပေးပါ့ မလားလို့ တွေးမိသေးတယ်။ တစ်ခါမှလည်း အဲဒီ လောက်ကြီးထိ မဖြစ်ဘူးဘူးလေ။Relationship ကြောင့် အားမပေးတော့လည်း ကျွန်တော်လုပ်တဲ့ အနု ပညာနဲ့ ကျွန်တော် ကြိုးစားမှာပေါ့။ အနုပညာအလုပ်တွေ အများကြီး လုပ်သွားပါဦးမယ်’ လို့ ရွှေထူးက ပြောပါ တယ်။ နောက်တစ်ပတ်အတွင်းမှာလည်း သူကိုယ်တိုင် ရေးစပ်ထားတဲ့ အချစ်အသည်းကွဲသီချင်းတစ်ပုဒ်ကို အွန်လိုင်း ပေါ်မှာ ဖြန့်ချိသွားဖို့ရှိပြီ ဒီသီချင်းက အခုလက်ရှိသူခံစားနေရတဲ့ အချစ်ရေးနဲ့တော့ မဆိုင်ပါဘူးလို့ ရွှေထူးက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071