Wednesday, July 1, 2026

နိုင်ငံခြားရေးဝန်ကြီးနှင့် IFRC အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး...

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society – MRCS) ၏ လုပ်ငန်းများတွင်...

ဗင်နီဇွဲလား ငလျင်ဘေးအတွက် ယွမ်သန်း ၁၀၀...

တရုတ်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံ၌ ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ငလျင်ဘေးအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အထောက်အကူပြုရန် ယွမ်သန်း ၁၀၀ တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီပစ္စည်းများကို...

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခ ပေးရမှာ မဟုတ်ဘူးလို့...

ဟော်မုဇ် ရေလက်ကြားကနေ ဖြတ်သန်းသွားလာတဲ့အခါ ဘာဖြတ်သန်းခမှ ကောက်ခံမှာ မဟုတ်ဘူးလို့ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။သတင်းထောက် မိုက်ကယ်နိုးလ်စ်(Michael Knowles) နဲ့...

၂၀၂၆ ခုနှစ် ပထမ (၅)...

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း သီးနှံနှင့် သီးနှံထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅၂ သန်း ရရှိခဲ့ပြီး ယင်းပမာဏသည် နှစ်စဉ်လျာထားချက်၏...
HomeNewsLocal News"ကာဂျီကီ"မုန်တိုင်း၏ အကြွင်းအကျန်များ မြန်မာ...

“ကာဂျီကီ”မုန်တိုင်း၏ အကြွင်းအကျန်များ မြန်မာ နိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်မည်

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း”ကာဂျီကီ”၏ အကြွင်းအကျန်များသည် မြန်မာနိုင်ငံအတွင်းသို့ဖြတ်ကျော်ဝင်ရောက်မည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ သြဂုတ် ၂၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ရာ ယနေ့ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၁ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အနှံ့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဒေသအလိုက် မိုးကြီးခြင်း၊ မိုးသည်း ထန်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အဆိုပါ “ကာဂျီကီ”မုန်တိုင်းသည် သြဂုတ် ၂၇ ရက်တွင် ထိုင်း-လာအို-မြန်မာနယ်စပ်ဒေသတွင် အ ကြွင်းအကျန်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်၊ သြဂုတ် ၂၈ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် (တောင်ပိုင်း)တို့၌ အကြွင်းအကျန်လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အားပျော့သွားနိုင်သည်ဟုလည်း မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ခန့်မှန်းချက်အရ သိရသည်။

လက်ရှိအချိန်၌ တိုင်ဖွန်းမုန်တိုင်း”ကာဂျီကီ”သည် တောင်တရုတ်ပင်လယ်ပြင်မှ အနောက်ဘက်သို့ ရေ မိုင်(၂၂၁)မိုင်ရွေ့လျားခဲ့ရာ အရှေ့ဗီယက်နမ်ပင် လယ်ပြင်သို့ရောက်ရှိပြီး ပိုမိုအားကောင်းလာခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံခြားရေးဝန်ကြီးနှင့် IFRC အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး တွေ့ဆုံမြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုအကူအညီနှင့် IFRC ၏ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (International Federation of Red Cross and Red...

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society – MRCS) ၏ လုပ်ငန်းများတွင် IFRC က ပံ့ပိုးကူညီဆောင်ရွက်နေသည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံပွဲသို့ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဗင်နီဇွဲလား ငလျင်ဘေးအတွက် ယွမ်သန်း ၁၀၀ တန် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ ထပ်မံပေးအပ်မည်ဟု တရုတ်ကြေညာ

တရုတ်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံ၌ ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ငလျင်ဘေးအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အထောက်အကူပြုရန် ယွမ်သန်း ၁၀၀ တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီပစ္စည်းများကို ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA) က ဇွန် ၃၀ ရက်တွင် ပြုလုပ်သည့် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။ CIDCA ပြောရေးဆိုခွင့်ရှိသူ တန်ရင် (Tang Ying) က မကြာသေးမီက ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူနှင့်ပစ္စည်း ထိခိုက်ဆုံးရှုံးမှုများ...

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခ ပေးရမှာ မဟုတ်ဘူးလို့ ဗန့်စ်ပြော

ဟော်မုဇ် ရေလက်ကြားကနေ ဖြတ်သန်းသွားလာတဲ့အခါ ဘာဖြတ်သန်းခမှ ကောက်ခံမှာ မဟုတ်ဘူးလို့ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။သတင်းထောက် မိုက်ကယ်နိုးလ်စ်(Michael Knowles) နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူက "ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သွားတဲ့ သင်္ဘောတွေဆီကနေ အီရန်တွေ ဖြတ်သန်းခ ကောက်လို့ရမယ့် အခြေအနေမျိုးနဲ့ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။ ဗန့်စ်ရဲ့ အဆိုအရတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်အပေါ်မှာ "ဖိအားပေးနိုင်တဲ့ အချက်တွေ" အများကြီး ရှိနေသေးတာကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071