Saturday, July 4, 2026

တညင်းကုန်းစျေးနံနက်ခင်းပိုင်းမြင်ကွင်း

ရန်ကုန်မြို့ တညင်းကုန်းစျေးနံနက်ခင်းအချိန်အခါတွင် ဈေးဝယ်သူများ၊ ဈေးရောင်းသူများဖြင့် စည်ကားလျက်ရှိသည်။ နံနက်အစောပိုင်းအချိန်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသားငါးနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများကို လာရောက်ဝယ်ယူသူများ များပြားပြီး ဈေးအတွင်း သွားလာလှုပ်ရှားမှုများလည်း...

ထန်းတပင်အနီးကိုဗဟိုပြု၍ အင်အား ၃.၅ အဆင့်ရှိ...

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့အနီး၌ အင်အား ၃.၅ (Magnitude) အဆင့်ရှိ အင်အားအနည်းငယ်သော...

စွမ်းအင်အကျပ်အတည်း ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် လက်ရှိမှာ သက်ရောက်မှု...

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်လာတဲ့ စွမ်းအင်အကျပ်အတည်းဟာ ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် လက်ရှိမှာ သက်ရောက်မှု မရှိသေးကြောင်း FAO စီးပွားရေးပညာရှင် မော်နီကာ တော့ဟိုဗာ(Monica Tothova)က ပြောကြားပါတယ်။...

မုတ်သုံလေအား အလွန်ကောင်းနေ၍ ပင်လယ်လှိုင်း ၁၁...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင်...
HomeNewsLocal Newsကယ်ဆယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် မြန်မာ-တရုတ် နားလည်မှုစာချွန်လွှာလက်မှတ်ထိုး

ကယ်ဆယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် မြန်မာ-တရုတ် နားလည်မှုစာချွန်လွှာလက်မှတ်ထိုး

ကယ်ဆယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဗဟိုကော်မတီ)နှင့် တရုတ်နိုင်ငံ ChangShu Volunteer Association တို့ကြား နားလည်မှုစာချွန်လွှာကို စက်တင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံ၊ ဟူးဟော့မြို့၌လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဗဟိုကော်မတီ) ဒု-ဥက္ကဋ္ဌဦးလှိုင်မင်းဦးနှင့် ChangShu Volunteer Association ၊ Blue Sky Rescue – International Team မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် မစ္စတာ လျိုဝေတို့က စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်ထိ ဟူးဟော့မြို့တွင် ကျင်းပခဲ့သည့်”ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပဏာမခြေလှမ်း – ဒုတိယအကြိမ် နိုင်ငံတကာအရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ”၌ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

နားလည်မှုစာချွန်လွှာတွင် ကယ်ဆယ်ရေးဆိုင်ရာအဆင့်မြင့်နည်းပညာများမျှဝေရန်၊ ကယ်ဆယ်ရေးဆိုင် ရာသုတေသနများ၌ ပူးပေါင်းဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးဆိုင်ရာ သင်တန်းများလေ့ကျင့်ဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးဆိုင်ရာပညာတော်သင်များစေလွှတ်နိုင်ရန်နှင့် ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန်တို့ ပါဝင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တညင်းကုန်းစျေးနံနက်ခင်းပိုင်းမြင်ကွင်း

ရန်ကုန်မြို့ တညင်းကုန်းစျေးနံနက်ခင်းအချိန်အခါတွင် ဈေးဝယ်သူများ၊ ဈေးရောင်းသူများဖြင့် စည်ကားလျက်ရှိသည်။ နံနက်အစောပိုင်းအချိန်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသားငါးနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများကို လာရောက်ဝယ်ယူသူများ များပြားပြီး ဈေးအတွင်း သွားလာလှုပ်ရှားမှုများလည်း ပုံမှန်ရှိနေသည်ကို တွေ့ရသည်။ ဈေးရောင်းသူများကလည်း ဆိုင်ခင်းပြင်ဆင်၍ ဖောက်သည်များကို ကြိုဆိုရောင်းချနေကြပြီး နံနက်ခင်းဈေးကွက်၏ အသက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းကို တွေ့မြင်ရသည်။ တညင်းကုန်းစျေးသည် နေ့စဉ် လူသုံးကုန်နှင့် စားသောက်ကုန်များကို အဓိက ရောင်းဝယ်ဖောက်ကားသည့် စည်ကားသော ဈေးတစ်ခုဖြစ်ပြီး နံနက်ပိုင်းအချိန်သည် ဈေးဝယ်ရောင်း အများဆုံးအချိန်များထဲမှ တစ်ခုဖြစ်သည်။

ထန်းတပင်အနီးကိုဗဟိုပြု၍ အင်အား ၃.၅ အဆင့်ရှိ မြေငလျင်လှုပ်ရှား

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့အနီး၌ အင်အား ၃.၅ (Magnitude) အဆင့်ရှိ အင်အားအနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း သိရသည်။ မြန်မာစံတော်ချိန် နံနက် (၆) နာရီ (၅၁) မိနစ် (၀၈) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၂) မိုင်ခန့်အကွာရှိ မြန်မာနိုင်ငံပြည်တွင်း၊ ထန်းတပင်မြို့၏ တောင်-အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာကို ဗဟိုပြု၍ မြေငလျင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြေငလျင်၏ ဗဟိုချက်သည် မြောက်လတ္တီတွဒ် (၁၆.၉၈) ဒီဂရီ၊...

စွမ်းအင်အကျပ်အတည်း ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် လက်ရှိမှာ သက်ရောက်မှု မရှိသေး

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်လာတဲ့ စွမ်းအင်အကျပ်အတည်းဟာ ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် လက်ရှိမှာ သက်ရောက်မှု မရှိသေးကြောင်း FAO စီးပွားရေးပညာရှင် မော်နီကာ တော့ဟိုဗာ(Monica Tothova)က ပြောကြားပါတယ်။ ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍမှာ ဈေးကွက်ကို ထိန်းညှိပေးနိုင်မယ့် အရန်ရိက္ခာတွေ ရှိနေတာကြောင့်လို့ ဆိုပါတယ်။ "စွမ်းအင်ဈေးနှုန်းတွေ၊ မြေဩဇာစရိတ်တွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲတွေအပေါ် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း ကမ္ဘာ့စားနပ်ရိက္ခာ ကုန်စည်ဈေးကွက်ဟာ ယေဘုယျအားဖြင့် ရိက္ခာထောက်ပံ့မှု ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။ ဒါဟာ သီးနှံစိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေ ကောင်းမွန်တာ၊ ကုန်စည်အမျိုးအစား တော်တော်များများမှာ အရန်ရိက္ခာ အလုံအလောက် ရှိနေတာနဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071