Home Movies ကမ္ဘာဖလားပိုက်ကျော်ခြင်း ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်း ထိုင်း ၊ အိန္ဒိယအသင်းတို့ဖြင့် ယှဉ်ပြိုင်မည်

ကမ္ဘာဖလားပိုက်ကျော်ခြင်း ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်း ထိုင်း ၊ အိန္ဒိယအသင်းတို့ဖြင့် ယှဉ်ပြိုင်မည်

0
83

မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုအဆင့်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး နောက် ယနေ့ မေ (၁၈)ရက်ညနေပိုင်းတွင် အသင်းအတွက် ကွာတားဖိုင်နယ်ပွဲစဉ်များကို ဆက်တိုက်ယှဉ်ပြိုင်ကစားရတော့မည် ဖြစ် သည်။

လေးယောက်တွဲ (Quadrant Event) ကွာတားဖိုင်နယ်ကို ည နေ (၆) နာရီခွဲတွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ထိပ်သီးအသင်းကြီးဖြစ်သည့် ထိုင်းအသင်းဖြင့်ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။

ထို့နောက် ည (၈) နာရီတွင် သုံးယောက်တွဲ (Regu Event) ကွာတားဖိုင်နယ်အဖြစ် အိန္ဒိယအသင်းနှင့် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

လေးယောက်တွဲပွဲစဉ်များတွင် မြန်မာအသင်းသည် ဘရူနိုင်းနှင့် တရုတ်အသင်းတို့ကို အပြတ်အသတ် အနိုင်ယူကာ အုပ်စုပထမဖြင့် တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။

သုံးယောက်တွဲ ပွဲစဉ်တွင်လည်း တရုတ်နှင့် ဗီယက်နမ်တို့ကို အနိုင်ရရှိခဲ့ပြီး အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သော်လည်း ရလဒ်ကောင်းများကြောင့် အုပ်စုဗိုလ်အဖြစ်နှင့်ပင် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လေးယောက်တွဲအသင်း ယှဉ်ပြိုင်ရာတွင် ဇင်မင်းဦး၊ ရှိန်းဝဏ္ဏဇော်၊ အောင်မျိုးကျော်၊ ရန်ပိုင်ဦး၊ သက်ပိုင်စိုး၊ ချစ်လွ န်းပိုနှင့် သုံးယောက်တွဲအသင်းတွင် အောင်အောင်၊ ရဲထက်၊ သန့်ဇင်ထွန်း၊ မင်းသန့်သူ၊ ဟန်ဝင်းထွဋ်တို့ပါဝင်ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းသည် ယနေ့ ညနေတွင် ယှဉ်ပြိုင်မည့် ကွာတားဖိုင်နယ်ပွဲစဉ် နှစ်ခုစလုံး၌ အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရန် ပြင်ဆင်လေ့ကျ င့်နေကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here