Monday, May 18, 2026

ကမ္ဘာဖလားပိုက်ကျော်ခြင်း ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်း ထိုင်း...

မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုအဆင့်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး နောက် ယနေ့ မေ (၁၈)ရက်ညနေပိုင်းတွင် အသင်းအတွက် ကွာတားဖိုင်နယ်ပွဲစဉ်များကို...

ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေသည်။ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေးအတွက် လက်ရှိ လေယာဉ်ပြေးလမ်း (အရှည် ၆၀၀၀ ပေ ×...

လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသ၌ ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေကြောင်း သိရသည်။ လိပ်သိုဒေသ၌ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ဘိုကလေး၊ အလယ်ချောင်းကျေးရွာများမှ ဒူးရင်းသီး...

မြန်မာနိုင်ငံပြည်တွင်းတွင် ယနေ့ ဒုတိယအကြိမ်မြောက် ငလျင်လှုပ်ခတ်

မြန်မာနိုင်ငံပြည်တွင်း ဂန့်ဂေါ့မြို့ ၏ အ‌ရှေ့-အရှေ့တောင်ဘက် ၁၀ မိုင်အကွာတွင် ရစ်ချက်တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ယနေ့နေ့လည်ပိုင်း ၁၂...
HomeMoviesအာဆီယံ-ဩစတြေးလျဖိုရမ်နှင့်အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတွင် မြန်မာတက်ရောက်

အာဆီယံ-ဩစတြေးလျဖိုရမ်နှင့်အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတွင် မြန်မာတက်ရောက်

ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များဆွေးနွေးခဲ့ဟုဆို

(၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ဖိုရမ်နှင့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတို့သို့ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ ဩစတြေးလျနိုင်ငံက အိမ်ရှင်အဖြစ် ဆစ်ဒနီမြို့၌  ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျဖိုရမ်နှင့် နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ် ခရိုက်စ်ချာ့ချ်မြို့၌ မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန်ဆွေးနွေးပွဲကို  အာဆီယံဆိုင်ရာ မြန်မာအဆင့်မြင့် အရာရှိကြီးကိုယ်စား ကင်ဘာရာမြို၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းက ပါဝင်တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံ (၁၁) နိုင်ငံ၊ ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့မှ အာဆီယံဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

အာဆီယံ-ဩစတြေးလျဖိုရမ်၌ အာဆီယံအဖွဲ့အစည်းနှင့် ဩစတြေးလျ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများအပေါ် ဆွေးနွေးခြင်း၊ ပြန်လည် သုံးသပ်ခြင်း၊ အနာဂတ်လုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းခြင်း၊ နိုင်ငံတကာနှင့်ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခြင်း၊ လာမည့်အနာဂတ်ကာလများတွင် ကျင်းပရန်ရှိသည့် အစည်းအဝေးများနှင့်စပ်လျဉ်း၍ ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-ဩစတြေးလျ ဘက်စုံမဟာဗျူဟာမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လူမှု-ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ အောက်ရှိ ပညာရေး၊ ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ဦးဆောင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုနောက် အာဆီယံ-နယူးဇီလန်ဆွေးနွေးပွဲ၌ ၂၀၂၆ ခုနှစ်အတွင်း ဒေသတွင်းနှင့် နိုင်ငံတကာ၌ ဖြစ်ပေါ်နေသည့် ပထဝီဝင်မဟာဗျူဟာအခြေအနေများအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခြင်း၊ ဒေသတွင်းဦးစားပေးလုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခြင်း၊ အာဆီယံ-နယူးဇီလန်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက်ဆွေးနွေးခြင်းအပါအဝင် ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်သွားမည့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-နယူးဇီလန် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အကောင် အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ် (၂၀၂၆-၂၀၃၀) မူဘောင်အောက်မှ မဏ္ဍိုင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအောက်ရှိ အာဆီယံပေါင်းစည်းရေးဦးဆောင်ဦးရွက်ပြုမှုလုပ်ငန်း အစီအစဉ်(၅)၊ အာဆီယံဆက်သွယ်ချိတ်ဆက်မှုမဟာဗျူဟာအစီအစဉ်နှင့် ဒေသခွဲပူးပေါင်း ဆောင်ရွက်မှုများဖြစ်သည့် ရေအရင်းအမြစ်များ၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အဦးဆိုင်ရာ ကဏ္ဍတွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာဖလားပိုက်ကျော်ခြင်း ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်း ထိုင်း ၊ အိန္ဒိယအသင်းတို့ဖြင့် ယှဉ်ပြိုင်မည်

မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုအဆင့်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး နောက် ယနေ့ မေ (၁၈)ရက်ညနေပိုင်းတွင် အသင်းအတွက် ကွာတားဖိုင်နယ်ပွဲစဉ်များကို ဆက်တိုက်ယှဉ်ပြိုင်ကစားရတော့မည် ဖြစ် သည်။ လေးယောက်တွဲ (Quadrant Event) ကွာတားဖိုင်နယ်ကို ည နေ (၆) နာရီခွဲတွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ထိပ်သီးအသင်းကြီးဖြစ်သည့် ထိုင်းအသင်းဖြင့်ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် ည (၈) နာရီတွင် သုံးယောက်တွဲ (Regu Event) ကွာတားဖိုင်နယ်အဖြစ် အိန္ဒိယအသင်းနှင့် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ လေးယောက်တွဲပွဲစဉ်များတွင် မြန်မာအသင်းသည် ဘရူနိုင်းနှင့် တရုတ်အသင်းတို့ကို အပြတ်အသတ်...

ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေသည်။ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေးအတွက် လက်ရှိ လေယာဉ်ပြေးလမ်း (အရှည် ၆၀၀၀ ပေ × အကျယ် ၁၅၀ ပေ) မှ (အရှည် ၈၀၀၀ ပေ × အကျယ် ၁၅၀ ပေ) အထိ တိုးချဲ့ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်နေမှုကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ကော့သောင်းလေဆိပ် ကုန်စည်အဆောက်အဦ တည်ဆောက်နေမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို  ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြမှုများအပေါ်...

လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသ၌ ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေကြောင်း သိရသည်။ လိပ်သိုဒေသ၌ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ဘိုကလေး၊ အလယ်ချောင်းကျေးရွာများမှ ဒူးရင်းသီး အများဆုံးထွက်ရှိသည်။ ဒူးရင်းပင်များမှာ နိုဝင်ဘာလတွင် အပွင့်များစတင်ပွင့်ပြီး မေလတွင် စတင်ဆွတ်ခူးနိုင်ကာ အသီးများ ကောင်းမွန်စွာရင့်မှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်ပေါ်တွင်မှည့်၍ ကြွေကျသောအသီးသည် အရသာပိုမိုကောင်းမွန်ကြောင်းလည်း သိရသည်။ လက်ရှိ၌ ဒေသထွက် ဒူးရင်းသီးများကို အလုံးအရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် (၁၂၀၀၀) မှ ကျပ် (၄၀၀၀၀) ထိ စျေးရရှိနေသည်။ ယင်း ဒူးရင်းသီးများကို ဒေသတွင်း၌သာမက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071