Thursday, May 14, 2026

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...
HomeEntertainmentပြည်တွင်းသတင်း Event၇လကြာ အလုပ်သမား စေလွှတ်ခွင့်...

၇လကြာ အလုပ်သမား စေလွှတ်ခွင့် ပိတ်ထားသည့် မလေးရှားသို့ Calling ကျပြီးသား လုပ်သားများပြန်လည် စေလွှတ် ခွင့်ပြု

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံကို အလုပ်သမား စေလွှတ်ခွင့်ပိတ်ထား ရာကနေ ဃေူငညါ ကျပြီးသား အ လုပ်သမားတွေကိုစေလွှတ်ဖို့ မြန်မာ အစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ယခုလ လဆန်းပိုင်းကနေစပြီး ပြန်လည်ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံကနေ ပြီး မလေးရှားကို သွားရောက်ဖို့ Calling Visa ကျပြီး အလုပ်သမား ဟာဆိုရင် ၈ဝဝဝ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ ဒီ Calling Visa ကျပြီးသား အလုပ်သမားတွေကို စေလွှတ်ဖို့ အစိုးရကနေ စာရင်း တောင်းထားလို့ ပေးပို့ထားတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်းြဥနင်္ဗ ဒုဥက္ကဋ္ဌ ဦးပီတာက ပေါ်ပြူလာကို ပြောပါတယ်။
“Calling ကျပြီးသားတွေပဲ လွှတ်ခွင့်ပြုတာပါ။ အလုပ်သမား အသစ်တွေတော့မဟုတ်ဘူး။ အခုက လည်း ဃေူငညါ ကျပြီးသားပမာဏ ကလည်းများတာကိုး။ ဒါတွေပြတ် သွားရင်တော့ အလုပ်သမား အသစ်ကိစ္စ လာမယ်နဲ့ တူပါတယ်” လို့ ဦးပီတာက ဆိုပါတယ်။
အခုလို Calling ကျပြီးသား အလုပ်သမားတွေ ပြန်ခွင့်ပြုလိုက် တဲ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမား နှင့်လဝက ဝန်ကြီးဌာန ရွှေ့ပြောင်း လုပ်သားရေးရာဌာနကို ဆက်သွယ် မေးမြန်းရာမှာတော့ ပြန်ခွင့်ပြုလိုက် ကြောင်းကို အတည်ပြုပြီး ဘာကြောင့်ဆိုတာကိုတော့ ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါဘူး။
မြန်မာအစိုးရက မလေးရှားကို အလုပ်သမားစေလွှတ်ခွင့်ပိတ်ထားခဲ့ တာဆိုရင် ၇လ တိုင်ခဲ့ပြီဖြစ်ပါတယ်။ ရခိုင်ပြည် နယ်အရေးကိစ္စနဲ့ပတ်သက် ပြီး မလေး ရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ် ကိုယ်တိုင် မလေးရှားမှာ လူစုလူဝေးနဲ့ ဆန္ဒထုတ်ဖော်မှု တစ်ခု ကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ပြုလုပ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း မလေးရှား မှာရှိတဲ့ မြန်မာအလုပ်သမားတွေ အတွက် စိတ်မချရတဲ့ အခြေအနေ တွေရှိနေ တယ်လို့ အစိုးရက သုံးသပ် ပြီး အလုပ်သမားစေလွှတ်ခွင့်ကို ပိတ် ထားခဲ့တာဖြစ်ပါတယ်။ အလုပ်သမား စေလွှတ်ခွင့်ပိတ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံ မှာရှိတဲ့ မြန်မာသံရုံးကလည်း ဃေူငညါ ကျပြီး သား အလုပ်သမားတွေစေ လွှတ်ခွင့် ပြုသင့်ကြောင်းနဲ့ အလုပ် သမားသစ် တွေတော့ မပို့သင့်သေးကြောင်း မြန်မာအစိုးရကို မှတ်ချက် ပြုထားပါ တယ်။

ရဲလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071