မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၏ မေ ၁၇ ရက်ပွဲစဥ်များပြီးဆုံးချိန်၌ မြန်မာအသင်းက ရွှေတံဆိပ်(၁၀) ခုအပါအဝင် ဆုတံဆိပ်(၂၅)ခုဆွတ်ခူးထားကြောင်း သိရသည်။
မေ ၁၇ ရက်ပွဲစဥ်များဖြစ်သည့် Men’s Bodybuilding 75kg ပြိုင်ပွဲ၊ Men’s Bodybuilding 80kg ပြိုင်ပွဲ၊ Men ’s Athletlc Physique Up to 160 cm ပြိုင်ပွဲ၊ Men’s Athletlc Physique Up to 167cm ပြိုင်ပွဲ၊ Women’s Model Physique up to 160cm ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုများကိုဆွတ်ခူးနိုင်ခဲ့ကာ မြန်မာကစားသမားများမှာ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများကိုလည်း ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် Men’s Team Championship ပြိုင်ပွဲ အမျိုး သားအသင်းလိုက်တွင် မြန်မာအသင်းက တံခွန်စိုက်ဆု၊ Overall Championship Mr. south East Aaia 2026 ကာယဗလမောင်ဆုကို မြန်မာနိုင်ငံမှ ချမ်းမြေ့ထွန်းက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများအသီးသီးတွင်ဆုရရှိသူများကို အား ကစားရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးညီညီနှင့် တာဝန် ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြု မှတ် တမ်းလွှာများနှင့် Trophy တို့အားပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲ၏ မေ ၁၇ ရက်ပြီးဆုံးချိန်အထိ မြန်မာအသင်းသည် ရွှေတံဆိပ်(၁၀)ခု၊ ငွေတံဆိပ်(၆)ခု၊ ကြေးတံဆိပ် (၉)ခု (စုစုပေါင်းဆုတံဆိပ် ၂၅ ခု)ဆွတ်ခူးရရှိခဲ့ပြီး နိုင် ငံအလိုက်အဆင့်(၁)တွင်ရပ်တည်လျက်ရှိကြောင်း သိရသည်။