Monday, May 18, 2026

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံ ပူးပေါင်း၍ မေ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့ပူးပေါင်း၍ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ အ.ထ.က(၄)၌ မနက်ဖြန် မေ ၁၉ ရက်တွင် အထူးကုကွင်းဆင်းဆေးကုသပေးမည်ဖြစ် ကြောင်း...

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၏...

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၏ မေ ၁၇ ရက်ပွဲစဥ်များပြီးဆုံးချိန်၌ မြန်မာအသင်းက ရွှေတံဆိပ်(၁၀) ခုအပါအဝင် ဆုတံဆိပ်(၂၅)ခုဆွတ်ခူးထားကြောင်း...

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ဆက်စပ်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ...

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ဆက်စပ်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ မေ ၁၇ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအထွဲ့ဝင်များက မူဆယ်မြို့၊...

အီရန်နိုင်ငံအနေဖြင့် “အချိန်သိပ်မကျန်တော့ကြောင်း(နာရီလက်တံက တရွေ့ရွေ့သွားနေပြီဖြစ်ကြောင်း)” ဒေါ်နယ်ထရန့်...

"သူတို့တွေ မြန်မြန်ဆန်ဆန် လှုပ်ရှားရုန်းထွက်ကြတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် သူတို့ဆီမှာ ဘာမှ ကျန်တော့မှာမဟုတ်ဘူး" ဟု ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင်...
HomeMoviesရန်ကုန်တိုင်း ကျောက်တန်းမြို့အနီးကို ဗဟိုပြု၍...

ရန်ကုန်တိုင်း ကျောက်တန်းမြို့အနီးကို ဗဟိုပြု၍ ရစ်ခ်တာစကေး၅.၂ အဆင့်ရှိ အင်အားပြင်းသော ငလျင်တစ်ခု လှုပ်ခတ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၏ အရှေ့တောင်ဘက် (၂၄) ကီလိုမီတာခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့ (မေလ ၁၈ ရက်) နံနက် ၈ နာရီ ၃၅ မိနစ်အချိန်ခန့်က ရစ်ခ်တာစကေး ၅.၂ အဆင့်ရှိ အင်အားပြင်း သော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အန်ဒရွိုက်ငလျင်သတိပေးစနစ် (Android Earthquake Alerts System) အရ သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များနှင့် ကပ်လျက်တည်ရှိသော ဖျာပုံ၊ ဘိုကလေး၊ ပဲခူး၊ သထုံ စသည့် မြို့များတွင်လည်း မြေပြင်တုန်ခါမှုလှိုင်းများကို သိသိသာသာ ခံစားခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ငလျင်လှုပ်ခတ်မှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုမူ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံ ပူးပေါင်း၍ မေ ၁၉ ရက်တွင် အထူးကုကွင်းဆင်းဆေးကုသပေးမည်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့ပူးပေါင်း၍ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ အ.ထ.က(၄)၌ မနက်ဖြန် မေ ၁၉ ရက်တွင် အထူးကုကွင်းဆင်းဆေးကုသပေးမည်ဖြစ် ကြောင်း သိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ နား၊ နှာခေါင်း၊လည်ပင်းနှင့် ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့ပူးပေါင်းဆောင်ရွက််သွားမည်ဖြစ် ကြောင်း သိရသည်။ အထွေထွေအထူးကုသမားတော်၊ ဆီးချိုနှင့် ဟော်မုန်းအထူးကုသမားတော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ စိတ်ကျန်းမာရေးအထူးကု၊ အရေပြားအထူးကု၊ က လေးအထူးကု၊ မျက်စိအထူးကု၊  နား၊ နှာခေါင်း၊ လည် ချောင်းအထူးကုများပါဝင်ကြောင်း သိရသည်။ ၎င်းတို့က ကိုယ်ဝန်ဆောင်များနှင့်...

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၏ မေ ၁၇ ရက်ပွဲစဥ်များပြီးဆုံးချိန်၌ မြန်မာအသင်းက ရွှေတံဆိပ်(၁၀)ခုအ ပါအဝင် ဆုတံဆိပ်(၂၅)ခုဆွတ်ခူးထား

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၏ မေ ၁၇ ရက်ပွဲစဥ်များပြီးဆုံးချိန်၌ မြန်မာအသင်းက ရွှေတံဆိပ်(၁၀) ခုအပါအဝင် ဆုတံဆိပ်(၂၅)ခုဆွတ်ခူးထားကြောင်း သိရသည်။ မေ ၁၇ ရက်ပွဲစဥ်များဖြစ်သည့် Men’s Bodybuilding 75kg ပြိုင်ပွဲ၊ Men’s Bodybuilding 80kg ပြိုင်ပွဲ၊ Men ’s Athletlc Physique Up to 160 cm ပြိုင်ပွဲ၊ Men’s Athletlc Physique Up to 167cm...

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ဆက်စပ်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ မူဆယ်မြို့တွင်ဖမ်းမိ

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ဆက်စပ်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ မေ ၁၇ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအထွဲ့ဝင်များက မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား(၄)ဦးနှင့် မြန်မာနိုင်ငံသား(၃၄)ဦးတို့ကို ဖုန်းမျိုးစုံ(၁၅၅)လုံး၊ All In One ကွန်ပျူတာ(၃၀) လုံး၊ တရုတ်ယွမ်(၁၀,၀၀၀)၊ မြန်မာငွေ(၁၀)သိန်းကျပ်နှင့် Crown ကား(၂)စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်း ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှလည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ မြန်မာနိုင်ငံသား(၄)ဦးအား ဖုန်းမျိုးစုံ(၉၅)လုံး၊ Laptop (၁)လုံး၊ Wifi စက်(၂)လုံးတို့နှင့်အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071