Monday, May 18, 2026

ကွမ်ရှီးပြည်နယ်တွင် ပြင်းအား ၅.၂ အဆင့်ရှိ...

မေလ၁၈ရက် တနင်္လာနေ့ အစောပိုင်းက တရုတ်နိုင်ငံ ကွမ်ရှီး ပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်ကြောင့် ဟောင်ကောင်ဒေသခံအချို့သည် မြေတုန်ခါမှုကို ခံစားခဲ့ရကြောင်း...

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၏...

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၏ မေ ၁၇ ရက်ပွဲစဥ်များပြီးဆုံးချိန်၌ မြန်မာအသင်းက ရွှေတံဆိပ်(၁၀) ခုအပါအဝင် ဆုတံဆိပ်(၂၅)ခုဆွတ်ခူးထားကြောင်း...

ရန်ကုန်တိုင်း ကျောက်တန်းမြို့အနီးကို ဗဟိုပြု၍ ရစ်ခ်တာစကေး၅.၂...

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၏ အရှေ့တောင်ဘက် (၂၄) ကီလိုမီတာခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့ (မေလ ၁၈ ရက်) နံနက် ၈...

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ဆက်စပ်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ...

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ဆက်စပ်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ မေ ၁၇ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအထွဲ့ဝင်များက မူဆယ်မြို့၊...
HomeMoviesရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံ ပူးပေါင်း၍...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံ ပူးပေါင်း၍ မေ ၁၉ ရက်တွင် အထူးကုကွင်းဆင်းဆေးကုသပေးမည်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့ပူးပေါင်း၍ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ အ.ထ.က(၄)၌ မနက်ဖြန် မေ ၁၉ ရက်တွင် အထူးကုကွင်းဆင်းဆေးကုသပေးမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ နား၊ နှာခေါင်း၊လည်ပင်းနှင့် ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့ပူးပေါင်းဆောင်ရွက််သွားမည်ဖြစ် ကြောင်း သိရသည်။

အထွေထွေအထူးကုသမားတော်၊ ဆီးချိုနှင့် ဟော်မုန်းအထူးကုသမားတော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ စိတ်ကျန်းမာရေးအထူးကု၊ အရေပြားအထူးကု၊ က လေးအထူးကု၊ မျက်စိအထူးကု၊  နား၊ နှာခေါင်း၊ လည် ချောင်းအထူးကုများပါဝင်ကြောင်း သိရသည်။

၎င်းတို့က ကိုယ်ဝန်ဆောင်များနှင့် မီးယပ်ရောဂါလူနာများကိုစစ်ဆေးစမ်းသပ်ခြင်း၊ သားအိမ်ခေါင်းကင်ဆာကြိုတင်စစ်ဆေးခြင်း၊ သွားနှင့် ခံတွင်းစစ်ဆေးကုသပေးခြင်း၊ အဆုတ်နှင့် ရင်ခေါင်းဓာတ်မှန်(X-Ray)ရိုက်ပေးခြင်း(တီဘီရောဂါရှာဖွေပေးခြင်း)၊ ECG ဆွဲပြီးအ ဖြေထုတ်ပေးခြင်း၊ Ultrasound (တီဗီဓာတ်မှန်)ရိုက်ပြီးစစ်ဆေးပေးခြင်းတို့ကိုပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် ကုသမှုခံယူလိုသူများအနေဖြင့် မေ ၁၉ ရက်နံနက် ၈ နာရီမှစတင်၍ လာရောက်ပြသစစ်ဆေးကုသနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကွမ်ရှီးပြည်နယ်တွင် ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်

မေလ၁၈ရက် တနင်္လာနေ့ အစောပိုင်းက တရုတ်နိုင်ငံ ကွမ်ရှီး ပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်ကြောင့် ဟောင်ကောင်ဒေသခံအချို့သည် မြေတုန်ခါမှုကို ခံစားခဲ့ရကြောင်း သတင်းပို့မှု ၁၀ ကြိမ်ထက်မနည်း ရရှိခဲ့သည်ဟု ဟောင်ကောင်မိုးလေဝသစောင့်ကြည့်ရေးစခန်းက ပြောကြားခဲ့သည်။ ငလျင်ခန့်မှန်းချက်များအရ အဆိုပါငလျင်၏ ဗဟိုချက် သည် ဟောင်ကောင်မြို့၏ အနောက်-နောက်မြောက်ဘက် ၅၅၀ ကီလိုမီတာ (၃၄၂ မိုင်) ခန့်အကွာတွင် တည်ရှိပြီး မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ “ငလျင်စောင့်ကြည့်ရေးစခန်းအနေနဲ့ ဒေသတွင်း မြေတုန်ခါမှု ခံစားရတယ်ဆိုတဲ့...

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၏ မေ ၁၇ ရက်ပွဲစဥ်များပြီးဆုံးချိန်၌ မြန်မာအသင်းက ရွှေတံဆိပ်(၁၀)ခုအ ပါအဝင် ဆုတံဆိပ်(၂၅)ခုဆွတ်ခူးထား

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၏ မေ ၁၇ ရက်ပွဲစဥ်များပြီးဆုံးချိန်၌ မြန်မာအသင်းက ရွှေတံဆိပ်(၁၀) ခုအပါအဝင် ဆုတံဆိပ်(၂၅)ခုဆွတ်ခူးထားကြောင်း သိရသည်။ မေ ၁၇ ရက်ပွဲစဥ်များဖြစ်သည့် Men’s Bodybuilding 75kg ပြိုင်ပွဲ၊ Men’s Bodybuilding 80kg ပြိုင်ပွဲ၊ Men ’s Athletlc Physique Up to 160 cm ပြိုင်ပွဲ၊ Men’s Athletlc Physique Up to 167cm...

ရန်ကုန်တိုင်း ကျောက်တန်းမြို့အနီးကို ဗဟိုပြု၍ ရစ်ခ်တာစကေး၅.၂ အဆင့်ရှိ အင်အားပြင်းသော ငလျင်တစ်ခု လှုပ်ခတ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၏ အရှေ့တောင်ဘက် (၂၄) ကီလိုမီတာခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့ (မေလ ၁၈ ရက်) နံနက် ၈ နာရီ ၃၅ မိနစ်အချိန်ခန့်က ရစ်ခ်တာစကေး ၅.၂ အဆင့်ရှိ အင်အားပြင်း သော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အန်ဒရွိုက်ငလျင်သတိပေးစနစ် (Android Earthquake Alerts System) အရ သိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များနှင့် ကပ်လျက်တည်ရှိသော ဖျာပုံ၊ ဘိုကလေး၊ ပဲခူး၊ သထုံ စသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071