Home Movies မုတ်သုံလေအားကောင်း၍ တနင်္သာရီ၊ မွန်နှင့် မန္တလေးတိုင်းတွင် မိုးကြီးနိုင်

မုတ်သုံလေအားကောင်း၍ တနင်္သာရီ၊ မွန်နှင့် မန္တလေးတိုင်းတွင် မိုးကြီးနိုင်

0
94

၂၀၂၆ ခုနှစ် မေလ ၁၈ ရက် နံနက် ၇ နာရီအချိန် ထုတ်ပြန်သည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မုတ်သုံလေ အားကောင်းနေပြီးတနင်္သာရီ၊ မွန်နှင့် မန္တလေးတိုင်းတွင် မိုးကြီးနိုင်ကြောင်း အသိပေးထားသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများ၊ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

ရန်ကုန်၊ မန္တလေး၊ တနင်္သာရီနှင့် မွန်ဒေသများတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ ကြိုတင်သတိပြုကြရန် အကြံပြုထားသည်။

မြန်မာ့ပင်လယ်ပြင်တွင်လည်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်၌ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေအထိ ရှိနိုင်ကြောင်း သိရသည်။

နောက် ၂ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here