ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ”ဗုဒ္ဓပူဇနိယပွဲတော် နှင့် မြတ်စွယ်တော်မြို့တွင်း လှည့်လည် အပူဇော်ခံပွဲ”ကို တန်ဆောင်မုန်း လဆန်း ၈ ရက်မှ လပြည့်ကျော် ၂ ရက် ၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၄ရက်နေ့ထိ ၁ဝ ရက်တိုင်စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါ သည်။
လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်၏ ၂၆ဝ၇ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့်အတူ သုံးနှစ် တစ်ကြိမ် မြို့တွင်းလှည့်လည်ပူဇော်ခံ သည့်မြတ်စွယ်တော်ပူဇော်ပွဲကို ၂ဝ. ၁၁.၂ဝ၁၈ ရက်နေ့တွင်ကျင်းပခဲ့သည်။
လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်သည် ဂေါတမမြတ် စွာဘုရား သက်တော်ထင်ရှားရှိစဉ် မြတ်ဘုရား၏ ဗျာဒိတ်တော်နှင့်အ ညီ တည်ထားခဲ့သောစေတီတော်မြတ် ဖြစ်သည်။
မြတ်စွာဘုရား၏ သာသနာ တော်ခေတ်ဦးပိုင်း (သာသနာတော် ပွင့်ဦးကာလ) ဖြစ်သော မဟာသက္က ရာဇ် ၁ဝ၃ ခုနှစ်၊ တပေါင်းလ ဆန်း ၁၃ ရက်၊ တနင်္လာနေ့၊ BC ၅၈၉ မှစတင်တည်ထားသော စေ တီတော်မြတ်ကြီးဖြစ်၏။ ဤဘဒ္ဒ ကမ္ဘာ၌ ပွင့်တော်မူကြကုန်ပြီးဖြစ် တော်မူသော ကကုသန်မြတ်စွာဘု ရား၏ ဒုကုဠ်တော်၊ ကောဏာဂုံမြတ် စွာဘုရား၏ အံသကိုဠ်တော်၊ ကဿပ မြတ်စွာဘုရား၏ခါးပန်းတော်၊ ဂေါ တမမြတ်စွာဘုရား၏ ဆံတော်လေး ဆူ၊ မွေရှင်တော်ရှစ်ဆူ၊ ဓမ္မခဏ်နိသီ နိုင်အခင်းတော်နှင့် အခြားဓာတ် တော်များ ကိန်းဝပ်စံပယ်တော်မူ လျက်ရှိခြင်းကြောင့် ”လေးဆူ ဓာတ်ပျော် ရွှေဆံတော်”ဟုကြည် ညိုဖွယ်အစုံဘွဲ့အမည်ဆက်ကပ် ထားခြင်းဖြစ်၏။
မြတ်စွာဘုရားသခင်သည် မ ဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ကဆုန်လ ပြည့်၊ ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးလျှင် သတ္တသတ္တာ ဟကိုလွန်တော်မူပြီးနောက် ဗာရာဏ သီပြည်၏ အနီး မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးပါးတို့အား တရားဦး ဓမ္မစ ကြာတရားကို ဟောတော်မူသည်။ ထိုဗာရာဏသီပြည်၌ ပထမဦးဆုံး ဝါ ကပ်တော်မူ၏။
ပထမဝါကျွတ်ချိန်တွင် ခြောက် ကျိပ်သောရဟန်းတို့ကို အရပ်ဒေသ ခြောက်ဆယ်သို့ စေလွှတ်တော်မူ၍ သာသနာပြုစေသည်။ ထို့နောက် ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့ကို ဧဟိဘိက္ခုရဟန်းများ အဖြစ်ဖြင့် ရဟန်းပြုပေးပြီး ထိုထို အရပ်ရပ်သို့ စေလွှတ်တော်မူပြီး တစ် ပါးတည်း ဖလသမာပတ်ချမ်းသာဖြင့် နေတော်မူ၏။ ဖလသမာပတ်မှထ တော်မူသောအခါ သာသနာတော်၏ အနာဂတ်အရေးကို ဒိဗ္ဗစက္ခုဥာဏ် တော်၊ အနာဂထံသဥာဏ်တော် တို့ဖြင့် ရှုကြည့်တော်မူ၏။ မြတ်ဗုဒ္ဓ၏သာသနာတော်သည် မဇ္ဈိမဒေသတွင် နှစ် ၁၅ဝ မျှသာတည်တံ့မည်ဟု မြင်တော်မူ၏ သီဟိုဠ်ကျွန်း သ ရေခေတ္တရာ၊ ပေါက်ကံစသောအရပ် တို့၌ စည်ပင်ဝပြောမည်ကို မြင်တော် မူဆင်ခြင်တော်မူမိသည်။
သို့ပါ၍ ဗုဒ္ဓမြတ်စွာသည် ရှေး ဦးစွာ တစ်ကိုယ်တော်ထီးတည်း သီ ဟိုဠ်ကျွန်းသို့ြ<ွကတော်မူသည်။ ထိုမှ တစ်ဆင့် ပြည်မြို့၏ အနောက်ဘက် ကမ်းရှိ ဖိုးဦးတောင်ထိပ်သိြု့<ွက ရောက်တော်မူသည်။ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ပြာသိုလပြည့်နေ့၊ ဘုရားဖြစ်သည်မှ ကိုးလမြောက်သော နေ့ဖြစ်သည်။
မြတ်စွာဘုရားသခင်သည် ဖိုးဦး တောင်ထိပ်၌ သမ္ဘုလ္လဘီလူးမင်း ဖန် တီးစီမံထားသည့် ဘုံကိုးဆင့်ရှိ ဗိ မာန်အတွင်းပတ္တမြား ပလ္လင်ထက်၌ သီတင်းသုံးတော်မူသည်။ သမ္ဘုလ္လဘီ လူးမင်း၏ ဖိတ်ကြားချက်နှင့် အဆင့် ဆင့်ဖိတ်ကြားမှုကြောင့် ထောင် သောင်းမကများလှစွာသော နတ်န ဂါးတို့အစုအဖွဲ့လိုက် ရွှင်လန်းဝမ်း မြောက်စွာဖြင့် မြတ်စွာဘုရားကို လာရောက်ဖူးမြော်ပူဇော်ကြ၏။ ထိုပူဇော်ပွဲသည်ထူးခြားဆန်းကျယ်လှ ပြီး လူသားတစ်ဦး တစ်ယောက်မျှ ပါဝင်ဆင်နွှဲခွင့်မရလိုက်သည့် သိ ကြား၊ ဗြဟ္မာ၊ နတ်၊ နဂါး၊ ဘီလူး အများတို့၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာသနာတော်ပွင့်ဦးကာလတွင် မြန်မာ့မြေပေါ်၌ ပထမဆုံး ဗုဒ္ဓသာ သနာ မှတ်တိုင်အခိုင်အမာ စိုက်ထူ ခဲ့ကြသည့် နေ့ထူးနေ့မြတ်ကြီးပင် ဖြစ်ပေ၏။
မြတ်စွာဘုရားရှင်သည် ပူ ဇော်ပွဲသို့ရောက်ရှိလာကြသည့်များ ပြားလှစွာသော သိကြား၊ ဗြဟ္မာ၊ နတ်၊ နဂါး၊ ဘီလူးမင်းအပေါင်းတို့အား ဒါနကထာ၊ သီလကထာ ၊မဂ္ဂကထာ စသော တရားတော်များကို အစဉ် အတိုင်းဟောကြားတော်မူသည်။ မြတ်စွာဘုရား၏ တရားတော်ကို နာ ကြားကြရသဖြင့် ဘီလူးငါးဦး တို့ သောတာပန်တည်၍ ကျန်အချို့ သ ရဏဂုံတည်၍ အချို့ပဉ္စသီလတည် မြဲကြကုန်သည်။ ဘုရားရှင်အားဖူး တွေ့ရ၍ သရဏဂုံပဉ္စသီလတည်ခဲ့ သော ဧရာပတ္တနဂါးမင်းသည် လူအ သွင်ဖန်ဆင်းလျက် ဘီလူးပရိသတ်၊ နဂါးပရိသတ်၊ နတ်အပေါင်းတို့ အလယ်မှထ၍ ရှင်တော်မြတ်ဘုရား ကို ထိခြင်းငါးပါးဖြင့် ရိုသေစွာရှိခိုး လျက် မြတ်စွာဘုရားကိုယ်စား အစဉ် ကိုးကွယ်ပူဇော်ရာ တစ်စုံတစ်ခုကို ပေးသနားရန် လျှောက်ထားသည်။
ထိုအခါမြတ်စွာဘုရားသည် ခေါင်းတော်မြတ်ကို လက်တော်ဖြင့် သုံးသပ်ရာ ကပ်ငြိပါလာသော ဆံ တော်လေးဆူကို ဧရာပတ္တနဂါးမင်း အား ပေးသနားတော်မူသည်။ သမ္ဘုလ္လဘီလူးမင်းအစရှိသော ဘီလူး မင်းလေးဦးတို့သည် ပူဇော်ကိုးကွယ်ရန်တောင်းပန်ကြပြန်သည်။ မြတ်စွာ ဘုရားသည် သမ္ဘုလ္လဘီလူးမင်းအား မျက်ခုံးတော်နှစ်သွယ် အလယ်ဗဟို တည့်တည့်၌ ရှိသော မွေရှင်တော်ရှစ် ချောင်းမှ နှစ်ချောင်းသော မွေရှင် တော်နှင့် အတူချက်တော်မှ ”သုပုပ္ပိက”မွေရှင်တော်နှစ်ချောင်းကို ပေးသ နားတော်မူ၏။
ထို့နောက် ဝေသာမိတ္တဘီလူး မင်းအား ”ဥသျှောင်မွေရှင်တော်နှစ် ဆူ ”၊ ဣဒ္ဓိမန္တဘီလူးမင်းအား လက်ဝဲ လက်ယာလက်စုံတော် နှစ်ဖက်မှ လူ တို့မျက်စိဖြင့် မြင်နိုင်စွမ်းမရှိ အလွန် သေးငယ်သိမ်မွေ့သော ”သာရစိန္တေ မွေရှင်တော်”နှစ်ချောင်း၊ ဝေဠုကန္တ ဘီလူးမင်းအား လက်ဝဲလက်ယာ ခြေဖမိုးတော်နှစ်ဖက်မှ အလွန်သိမ် မွေ့သော”မာရသင်္ဂမွေရှင်တော် နှစ်ချောင်း” စသည်ဖြင့် အပ်နှင်းပေး သနားတော်မူသည်။
နဂါး၊ ဘီလူး ငါးဦးတို့သည် ပူ ဇော်ခွင့် ရရှိသော ဆံတော်မွေ တော်ကို စေတီတည်ထားကိုးကွယ် ရန် လျှောက်ထားကြရာ သုံးလူ့ထွဋ် ထား မြတ်စွာဘုရားသည် ”သာသနာ ၅ဝဝဝ တည်မြဲရာဖြစ် သော နှလုံး မွေ့လျော်ဖွယ်ဖြစ်သော” သုဒဿ ဂီရိ” အမည်ရှိတောင်တော် မြတ် သည် ရှေးနောင်တော်များ ဖြစ်သော ကကုသန်မြတ်စွာဘုရားရှင်၏ဒုကုဋ် တော်၊ ကောဏဂုံမြတ်စွာဘုရား ရှင် ၏ အံသကိုဋ်သင်္ကန်းတော်၊ ကဿပ မြတ်စွာဘုရားရှင်တော် ခါးပန်း တော်၊ ကိန်းဝပ်ဌာပနာတော်မူရာ ဌာနဖြစ်သည့် ပြင် ဗုဒ္ဓမြတ်စွာနုစဉ် အခါ ဟင်္သာမင်း၊ ဖွတ်မင်း၊ ကြက် မင်း၊ ယုန်မင်းဖြစ်စဉ်က မှီတင်းနေထိုင်ခဲ့ဖူးသောတောင်တော် မြတ်ဖြစ် ၍ ယင်းတောင်တော်၌ ချီးမြှင့်ပေး သနားထားသော ဆံတော်လေးဆူ မွေတော်ရှစ်ဆူတို့နှင့်တကွ ရှေး နောင်တော်ဘုရားများ၏ ဌာပနာ တော်များကို လည်း ဌာပနာပြု၍ တစ်ဆူတည်းသောစေတီတော်ကို တစ်ပေါင်းတည်း တည်ထားရန် မိန့် ကြားတော်မူသည်။
ထို့ပြင် မြတ်စွာဘုရားသည် ယင်းနေ့မှစ၍ ၅၉ ရက်ကြာလျှင် အဇ္ဇိက၊ ဘလ္လကကုန်သည် ညီနောင် တို့ရောက်ရှိလာမည်ဖြစ်၍ ဆံတော် မွေတော်များကို အပ်နှင်း၍ တိုင်ပင် ကာ မြတ်စွာဘုရား ခြင်္သေ့မင်းဖြစ် စဉ်ကနေခဲ့ဖူးသော ဖိုးဦးတောင် ထိပ်၌ စေတီတည်ထားရန် သာသ နာတော်အဓွန့်ရှည်ရေးကိုရည် ရော် ၍ ဗျာဒိတ်စကား မိန့်ကြားတော် မူသည်။
ဗုဒ္ဓဂေါတမ မြတ်စွာဘုရားကိုယ် တော်တိုင် မိန့်မှာ ဗျာဒိတ်ပေးသည့် အစီအမံများနှင့်အညီ ရွှေဆံတော် စေတီတော်မြတ်ကြီးကို ကုန်သည် ညီနောင်၊ နဂါး၊ ဘီလူးမင်းတို့သည် ဗိသုကာမှူး သိကြားမင်းနှင့် အတူ ”စပါးစုပုံသဏ္ဌာန်ရှိ လေးဆူဓာတ် ပျော် ရွှေဆံတော်စေတီ” တော် မြတ်ကို ဗုဒ္ဓသာသနာတော် ခေတ်ဦး ပိုင်း မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ တနင်္လာ နေ့၊ ဘီစီ ၅၈၉ တွင် ဓာတ်တော်တိုက် နှင့် တကွ အစပြု၍စေတီတည် ဆောက်ကြသည်။မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့ ၂ ချက်တီး အချိန်တွင် လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးသည် မြန်မာ မြေပေါ်တွင် ငွားငွားစွင့်စွင့် တင့် တယ်သပ္ပာယ်စွာ ကိန်းဝပ်စံပါယ် တော်မူပေးသည်။ ဗုဒ္ဓသာသနာ ပွင့်ဦးကာလ သာသနာ့သမိုင်းမှတ် တိုင်ကို အခိုင်အမာ စတင်စိုက်ထူခဲ့ ခြင်းလည်း ဖြစ်ပေသည်။
လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်၏ စွယ်တော်တိုက် စိန်စေတီတော်တွင် ကိန်းဝပ်တော်မူ လျက်ရှိသော မြတ်စွယ်တော်သည် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)ရှိ ဗုဒ္ဓမြတ်စွာ၏ စွယ်တော်အစစ်နှင့် လုံးရပ်သဏ္ဌာန် ရောင်လျှံအဆင်း တူညီမျှလှသော စွယ်တော်ပွားဖြစ် သည်။ သီဟိုဠ်ဘုန်းတော်ကြီး ”ဘဒ္ဒန္တဥပတိဿ” သည်မြတ်စွာ ဘုရားရှင်၏ စွယ်တော်အစစ်နှင့် ရက်ပေါင်း ၄ဝ တိတိ အတူတကွ ကိန်းဝပ်စံပယ်စေပြီးလျှင် စွယ်တော် ပွားကို ရွှေကြုတ်၊ ငွေကြုတ်၊ စန္ဒကူး ကြုတ် စသည့်ကြုတ်သုံးခုတွင် ထည့် သွင်း၍ ပင့်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ် တွင် ပြည်မြို့ ပွင့်လှသိမ်ကုန်းစာ သင်ကျောင်းတိုက် ဒုတိယမြောက် ပဓာနနာယက ဆရာတော်ဘုရားကြီး ”ဘဒ္ဒန္တနာရဒ”သည် တပည့်ဒါယ ကာများနှင့် သီဟိုဠ်ကျွန်း(သီရိ လင်္ကာနိုင်ငံ) ကန္ဒီမြို့တွင် ကိန်းဝပ်စံ ပယ်လျက်ရှိသော ဗုဒ္ဓမြတ်စွယ် တော်ကို ဖူးမြော်ရန်ြ<ွကရောက်တော် မူသည်။
ဆရာတော်သည် မြတ်စွယ် တော်ကို ဖူးမြော်ရသည့် အခါ မြန်မာ ပြည်ရှိ ရဟန်းရှင်ပြည်သူအများ အားလုံး ဖူးမြော်ကြည်ညိုသဒ္ဓါပွား များစေလိုသည့် စိတ်ဆန္ဒပြင်းပြလှ စွာဖြစ်ပေါ်လာ၏။
ထိုကြောင့် စွယ်တော်မြတ် ကိန်းဝပ်ရာဌာန၌ သီတင်းသုံးနေ တော်မူသော”ဘဒ္ဒန္တဥပတိဿ” ဘွဲ့ တော်ခံသီဟိုဠ်ဘုန်းတော်ကြီးနှင့် တွေ့ဆုံ၍ မြန်မာပြည်ရှိရဟန်းရှင် လူပြည်သူအများကိုးကွယ်ပူဇော်နိုင်ရန် ဗုဒ္ဓရှင်တော်မြတ်၏ ဓာတ်မြတ်အ စစ်မြတ်စွယ်တော်နှင့် သဏ္ဌာန်အ ဆင်းတူညီမျှသော စွယ်တော်ပွား တစ်ဆူကို ပင့်ဆောင်ခွင့်ရရှိရန်လို အပ်သလို စီမံဆောင်ရွက်ထားပါရန် လျှောက်ထားခဲ့သည်။သို့ကြောင့် သီ ဟိုဠ်ဘုန်းတော်ကြီး၏စီမံဆောင်ရွက် မှုကြောင့် ပြည်မြို့မြတ်စွယ်တော် သည် မြန်မာနိုင်ငံသို့ ပထမဆုံးကြွ ရောက်တော်မူသည့် မြတ်စွယ်တော် အဖြစ် ဖူးတွေ့နေကြရခြင်းဖြစ်သည်။
ဤသို့လျှင် မြတ်စွာဘုရားသက် တော်ထင်ရှား ရှိစဉ်က ဗျာဒိတ်တော် နှင့် အညီတည်ထားခဲ့သော ပြည်မြို့ ၏ကျက်သရေဆောင် ”လေးဆူ ဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီး”နှင့်အတူ နှစ်တစ်ရာကျော် စံပယ်တော်မူလျက်ရှိသော ”စွယ် တော်မြတ်”တို့သည်ခေတ်အဆက် ဆက်ဗုဒ္ဓဘာသာဝင်တို့ စေတနာ သဒ္ဓါကြည်လင် ထိန်းသိမ်းစောင့် ရှောက်ခဲ့သည်ကြောင့် ယနေ့တိုင် ဖူးမြော်ခွင့်ရရှိနေကြရသည်မှာ ဗုဒ္ဓ ဘာသာဝင်တိုင်း ဂုဏ်ယူဝမ်းမြောက် ဖွယ်ဖြစ် ပေသည်။ ကမ္ဘာတည်သရွေ့ တည်တံ့အောင်လည်း ဆက်လက် ထိန်းသိမ်းကြရမည် ဖြစ်ပေသည်။
မြတ်မင်းလှိုင်
ကျမ်းကိုး – ကျော်ဒင်ဟန် (B.A.Dip Ed)၏ပြည်မြို့လေးဆူ ဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီး သမိုင်းသစ်