မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကို ဝင်ရောက် လာတဲ့ တိုင်ရွန်ကတော့ လက်ရှိမှာသရုပ်ဆောင်ပိုင်းကို လည်ကြိုးစားလုပ် ကိုင်လာပြီဖြစ်ပါတယ်။ လတ်တ လောမှာ တော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးမယ့် ဟာသရုပ်ရှင်ဇာတ်ကားမှာကျော်ရဲအောင်၊ ခိုင်သင်းကြည်၊ နေခြည် ဦးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ သူပါဝင်သရုပ်ဆောင်မှာနဲ့ ပတ်သက်ပြီး…
”ဒီဇာတ်ကားကိုလက်ခံဖြစ်ခဲ့တာကတော့ ကိုဇော် (အရုဏ်ဦး)နဲ့ ပထမဆုံးဆုံရမယ်။ နောက်ပြီး ကျွန်တော့် သူငယ်ချင်း နေခြည်ဦး လည်းပါတယ်။ ကိုယ်တအား အား ကျရတဲ့ စီနီယာတွေပါတဲ့အတွက်လည်း လက်ခံဖြစ်ခဲ့တာပါ။ ကျွန်တော်ပါဝင်ရမယ့် ကာရိုက်တာကတော့ မူးပြီးတော့ မိန်းမကို တစ်ချိန်လုံးရိုက်တယ်။ အဲဒီလိုဟာသ ပုံစံလေးပါ။ ပြင်ဆင်မှုကတော့ အဓိ က မူးတာကိုလေ့လာရမှာပေါ့။ ငါ ဘယ်လိုမူးခဲ့လဲဆိုတာကို ပြန်သရုပ်ဆောင်ရမှာဖြစ်တဲ့ အတွက် အရမ်းတော့ ထွေထွေထူးထူး မရှိပါဘူး။ အပြင်မှာ လည်း ယောက်ျားကမူးပြီးမိန်းမကိုရိုက်တာမျိုးလက်မခံပါဘူး” လို့ပြောပြခဲ့ပါတယ်။
သူကတော့မကြာသေးမီကလည်း လင်္ကာဒီပချစ်သူ ပြဇာတ်မှာ လက္ခဏနေရာကပါဝင်ကပြဖျော်ဖြေခဲ့ပါတယ်။ သူရဲ့ပထမဆုံးပြဇာတ်ကခဲ့တဲ့ အတွေ့အကြုံကိုလည်း သရုပ် ဆောင်တိုင်ရွန်ကခုလိုပြောပြခဲ့ပါတယ်။
”ကျွန်တော်အတွက် အတွေ့အကြုံတွေကတော့ အများ ကြီးပါပဲ။ ပြဇာတ်ပေါ်မှာ အဆင်မပြေမှုဖြစ်တဲ့ အခါ ရုတ် တရက် ဖြည့်စွက်လိုက်ရတာတွေရှိတယ်။ ပြဇာတ်နဲ့ ပတ်သက်တဲ့ အတတ်ပညာတွေကိုအများကြီး သင်ပေးခဲ့ကြတဲ့ အတွက်အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အကောင်းဆုံးတော့လုပ်ခဲ့ကြ တာပါပဲ။ ပရိသတ်တွေအနေနဲ့ စိတ်ထဲမှာလိုအပ်ချက် တွေရှိ သွားတဲ့ အတွက်သူတို့အားမလိုအားမရ ဖြစ်လို့ ဒီထက်ပို ကောင်းစေချင်လို့ စေတနာနဲ့ ပြောတယ် လို့ပဲမြင်ပါ တယ်။ နောက်ထပ်ပြဇာတ် ကဖြစ်မယ်လို့ တော့မထင်ပါဘူး။ ဒါပေ မဲ့ သူငယ်ချင်းတွေ၊ အစ်ကိုတွေ စည်းစည်းလုံးလုံးနဲ့ အမှတ် ရဖြစ်မယ့်ဟာမျိုးဆိုရင်တော့ ကပြဖျော်ဖြေဖြစ်မှာပါ” လို့ လည်းပြောပြခဲ့ပါတယ်။
ဇော်ဝင်းအောင်
ဓာတ်ပုံ – မင်းမင်းထွန်း

