Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeEntertainmentအောင်သမာဓိ စိန်ရွှေရတနာဆိုင် ရဲ့...

အောင်သမာဓိ စိန်ရွှေရတနာဆိုင် ရဲ့ ၃ ဆိုင်မြောက် Gold Founder အရောင်းဆိုင်ဖွင့်ပွဲ

အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းရဲ့ လုပ် ငန်းခွဲဖြစ်တဲ့ Gold Founder အရောင်းဆိုင်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၁ဝ နာရီ က Junction Square ရှိ PARKSON , Ground Floorမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ  ဖွင့်ပွဲမှာ ဃ့ငေမာညေ ဦးအောင်ဆန်းဝင်း၊ မန်နေဂျင်းဒါရိုက်တာ ဒေါ် အေးမော်စီ၊ ဒါရိုက်တာ ဒေါ်ဇင်မိမိအောင်၊ ဒါရိုက်တာ ဒေါ်ဖြူဖြူအောင်၊ ဒါရိုက်တာ ဦးလူဟန်၊ ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြတဲ့ မယ်လိုဒီ၊ ခင်ဝင့်ဝါ၊ ဒေါင်းတို့က အခမ်းအနားကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ Gold Founder ဆိုင်ဖွင့်ပွဲနဲ့ ပတ်သက်ပြီး အောင်သမာဓိ စိန်ရွှေရတနာဆိုင်မှ ဒါရိုက်တာ ဒေါ်ဖြူဖြူအောင်က. …

“ဒီဆိုင်လေးကတော့ ဒုတိယမြောက် ဆိုင်ခွဲလေး ဖြစ်ပါတယ်။ပထမ ဆိုင်ကတော့ တော်ဝင်စင်တာမှာ ဖွင့်လှစ်ထားပါတယ်။ မန္တလေးမှာ တစ်ဆိုင်ဖွင့်ထားပါတယ်။ တတိယမြောက်ဆိုင်ပေါ့နော်။ ရန်ကုန် မှာဆိုရင်တော့ ဒုတိယမြောက်ဆိုင်ပေါ့နော်။ အစ်မတို့ ဒီဆိုင်က ပစ္စည်းလေးတွေက လက်ဆောင်ပေးမယ်ဆိုရင် အစ်မတို့က ရှော့ပင်း မောတွေမှာ လာဝယ်ဖို့ အဆင်ပြေအောင်ရယ်၊ နိုင်ငံခြားသားတွေ ပဲလာလာ အစ်မတို့ မြန်မာပြည်က Customer တွေပဲလာလာ အဆင်ပြေအောင် အစ်မတို့က ရွေးချယ်ဖြစ်တာပါ။ ပစ္စည်းလေး တွေကတော့ မိန်းကလေးတွေ အများစုက အခုနောက်ပိုင်း မြန်မာ အင်္ကျီရင်ဖုံးလေးတွေ ဝတ်ဆင်လာတယ်။ ရင်ဖုံးလေးတွေနဲ့ လိုက် ဖက်မယ့် ရင်ထိုးလေးတွေဆိုရင် ကျပ်၂ သောင်းခွဲ ၃သောင်း၊ ၄သောင်းခွဲ ၅ သောင်းကနေ ပစ္စည်အစုံ ရရှိနိုင်အောင် အစ်မတို့ကရောင်းချပါ တယ်။ တခြားသော ပစ္စည်းဆန်းလေးတွေလည်း ရှိပါတယ်။ ဒါတွေ ကတော့ အခုပရိသတ်တွေ တအားကြိုက်နှစ်သက်ကြတဲ့ ပစ္စည်းလေး တွေပါ။ ဒီ Gold Founder ကနေ လက်ဆောင်ပေးလို့ရတဲ့ ပစ္စည်း တွေမှ မဟုတ်ပါဘူး။ ကုမ္ပဏီ တံဆိပ်ပစ္စည်းတွေကိုလည်း အစ်မတို Gold Founder ကနေ စတင် ထုတ်လုပ်ပေးနေပါပြီ” လို့ ပြောပြပါ တယ်။

Gold Founder ဆိုင်ဖွင့်လှစ်ခြင်း အထူးအစီအစဉ် အဖြစ် အထူးပရိုမိုးရှင်းများ အကြောင်းကိုလည်း ဒါရိုက်တာ ဒေါ်ဖြူဖြူ အောင်က အခုလို ထပ်မံပြောပြခဲ့ပါတယ်။။ “ဒီနေ့အတွက်ကတော့ အစ်မတို့ Gold Founder ကို Member ပဲ ပေးပါတယ်။ Member ကျတော့ ၅% ကနေ ၂ဝ%၊ ၅ဝ% ထိ ဈေးချပေးပါတယ်။ အင်္ကျီလေးတွေမှာ ဝတ်တဲ့ ပန်းပွင့် လေးတွေ ဆိုရင် ၅ ဘူးဝယ်ရင် ၁ ဘူးလက်ဆောင်။ ၄ဘူးဝယ်ရင် ၃ဝ%၊ အနည်းဆုံး ၁ဘူးပဲ ဝယ်မယ်ဆိုရင် ၅%ကနေ ၁ဝ%ထိစသည် ဖြင့် အစ်မတို့ က မတူညီတဲ့ ပရိုမိုးရှင်း ပုံစံလေးတွေကို ပြုလုပ်ထားပါ တယ်”လို့ ပြောပြခဲ့ပါတယ်။ ဒီဆိုင်ကို မနက် ၉နာရီ မှ ည ၉နာရီ အချိန်ထိ ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ပြီး နောက်ထပ်လည်း ဆိုင် ခွဲများ ဆက်လက်ဖွင့်လှစ်သွားဖို့ ရှိ ကြောင်းသိရပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071