Saturday, April 25, 2026

တမူးမြို့တွင် သက်ကြီးရွယ်အိုများအတွက် အပူရှောင်စခန်းဖွင့်လှစ်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၊ မြို့မရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာ မီးကွင်းကျောင်းတိုက် ဗိမာန်အောက်ထပ်တွင် သက်ကြီးရွယ် ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်း ဖွင့်လှစ်ထားကြောင်း...

စစ်ပွဲနှင့်ပိတ်ဆို့မှုများကြားမှ ရုရှားဘီလျံနာများ ၁၁ ရာခိုင်နှုန်းပိုချမ်းသာလာ

       ယူကရိန်းစစ်ပွဲနှင့် စီပွားရေးအင်အားကြီးနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုများရှိနေသော်လည်း ရုရှားဘီလျံနာများသည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှုကို ၁၁ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခဲ့ပြီး ဒေါ်လာ...

မြန်မာနိုင်ငံအနေဖြင့် SEA Esports Nations...

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)သည် အရှေ့တောင်အာရှဒေသ၏ အရေးပါသော Esports ပြိုင် ပွဲကြီးဖြစ်သည့် SEA Esports Nations Cup (SNC) 2026...

အပူချိန်မြင့်တက်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဖရဲသီးရောင်းအားတိုးလာ

ပြည်ပစျေးကွက်အလားအလာကျဆင်းလာမှုကြောင့် ပြည်တွင်းစျေးကွက်ကို ဦးတည်ရောင်းချနေသည့် ဖရဲသီးများမှာ လက်ရှိရာသီအပူချိန်မြင့်တက်လာမှုနှင့်အတူ ဝယ်လိုအားတိုးလာကာ အရောင်းအဝယ်ကောင်းမွန်လာကြောင်း နေပြည်တော်ဒေသရှိ ဖရဲစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။ နေပြည်တော်ဒေသအတွင်း တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များတွင် ဖရဲစိုက်ပျိုးမှုများရှိနေပြီး...
HomeCelebrities' Newsမွေးရပ်မြေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ...

မွေးရပ်မြေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်အား သွန်းလုပ်လှူဒါန်းခဲ့တဲ့မင်းသွေးတို့ မိသားစု

min-thwe-copy

မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့ကို ကျေးဇူးဆပ်တဲ့အနေနဲ့  သရုပ်ဆောင် နေတိုးနဲ့ မင်းသွေးတို့ မိသားစုက မဟာဇေယျသိဒ္ဓိ မဟာမုနိမြတ် ရှင်တော် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်ကို သွန်းလုပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဒီလို ကြေးသွန်းရုပ်ပွားတော်လှူဒါန်း ဖြစ်ခဲ့ပုံကိုတော့ မင်းသွေးက…

“မိသားစုအလှူလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သမ္မတ အပြောင်းအလဲ ဖြစ်တယ်လေ။ အဲဒီမှာ ကောင်းသောလာခြင်းဖြစ်တဲ့ အုပ်ချုပ် မှု အောက် မှာနေရအောင် ကျွန်တော်တို့အပေါ်မှာ ကျေးဇူးရှိတဲ့ ပရိသတ်တွေ၊ ကျွန် တော်တို့ နိုင်ငံအပေါ်မှာ ကျေးဇူးရှိခဲ့သော ပုဂ္ဂိုလ်တွေ အကုန်လုံးကို ရည်စူးပြီး သွန်း လုပ်ခဲ့တာပါ။ အဲဒါကြောင့်လည်း မဟာဇေယျသိဒ္ဓိလို့ပေးခဲ့တယ်။ ဒါကတော့ ကျွန်တော့် အဘိုးက ကျွန်တော့်ကိုပြောပြတာပါ။ ဘုရားကို မန္တလေးမှာ သွန်းလုပ်ပြီး မာန်အောင်မြို့ နယ်က သံကျောက်တောင်မှာ ထားပြီး ကိုးကွယ်မယ်။ အဓိကတော့ ကျွန်တော်တို့ ကိုယ့် ရခိုင်ပြည်နယ် မာန်အောင်မြို့ကို  ကျေးဇူး ဆပ်ချင်တဲ့ သဘောလည်း ပါပါတယ်။ အခုလို လှူဒါန်းရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ဘုရားဆိုတာ လှူချင်တိုင်းလည်း လှူလို့မရဘူး။

ကိုယ်ကလှူချင်ပေမယ့် အလှူခံချင်တဲ့ ပုဂ္ဂိုလ်ရှိဦးမှ၊ ဘုရား ကိန်း ဝပ်စံပယ်မယ့်နေရာ ရှိဦးမှ။ ဒါကတော့ ကုသိုလ်ထူးလို့ လှူဒါန်းခွင့်ရတယ်လို့ပဲ မြင်ပါ တယ်” လို့ ပြောပါတယ်။ မင်းသွေးက  ‘လေးပါးကျော့ရှိန်ဝရဇိန်’ ရုပ်ရှင် ဇာတ်ကားကို ဂေါ်ရင်ဂျီကျွန်းမှာ သွားရောက်ရိုက်ကူးနေပါတယ်။ ဇာတ်ကားသွားရောက် မရိုက်ကူးခင် ကတည်းက လိုကေးရှင်းတွေလည်း သွားရောက်ကြည့်ရှုခဲ့သလို ကြိုတင်ပြင်ဆင်မှု အနေနဲ့လည်း ပြုလုပ်ခဲ့ပါတယ်။

“ဒီဇာတ်ကားထဲမှာပါတဲ့ ဆံရှည်ဆိုတဲ့ ဇာတ်ရုပ်နဲ့လိုက်အောင် လုပ်နေပါတယ်။ ဒီဇာတ်ကားက ကျွန်တော့်အတွက် အများကြီး ထူးခြားပါလိမ့်မယ်။ ကြိုသွားတဲ့ အကြောင်းအရင်းကတော့ နေလောင်တဲ့ အသားအရေဖြစ်ချင်တဲ့အတွက် မိတ်ကပ်မလိမ်း ချင်တော့ဘူး။ ရေနားမှာနေတဲ့လူဖြစ်တဲ့ အတွက် ရေထဲလည်း ဆင်းချင်ဆင်းရမယ်။ အဲဒါကြောင့် မိတ်ကပ်မလိမ်း ချင်တာလည်းပါတယ်။ ၄ ရက် လောက်သွားပြီး နေလောင် တဲ့အသားအရေရဖို့ နေခြောက်လှန်းဖို့ရှိတယ်။  ကျွန်တော်တွေးထားတဲ့ ဇာတ်ရုပ်က ပိန်ပိန်ပါးပါးနဲ့ ဘာမှအရေးမကြီးဘူးထင်တဲ့ လူမျိုးဆိုတော့ ကျွန်တော့် ခန္ဓာကိုယ်ပိုင်းရယ်၊ အသားအရေပိုင်းရယ်၊ ဆံပင် ရယ်ကို သေချာလေး ပြင်ဆင်ထားပါတယ်” လို့ ပြင်ဆင် ထားမှုများနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071