Thursday, May 21, 2026

ဘေဂျင်းတွင် ၂၀၂၆ CIPCC နိုင်ငံတကာ...

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တရုတ်ပြည်သူ့တက္ကသိုလ် (Renmin University of China) တွင် ၂၀၂၆ ခုနှစ် China International Press...

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရန်စီစဥ်နေ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မေ ၂၀ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဦးဆောင်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အတွင်း မိုးကောင်း-မိုးညှင်းလမ်းပိုင်းပြုပြင်မှုလုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကာ လမ်းပိုင်းပြုပြင်ပြီးပါက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းအထိမီးရထား ပြေးဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌...

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး...

နှစ်ပေါင်း (၈) သန်းသက်တမ်းရှိ စတီဂိုလိုဖိုဒွန်...

နှစ်ပေါင်း (၈) သန်းခန့် သက်တမ်းရှိသည်ဟု ခန့်မှန်းထားသော စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ အပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခုကို...
HomeNewsLocal Newsဧရာဝတီတိုင်းတွင် ၁၃၉၀ မဂ္ဂါဝပ်...

ဧရာဝတီတိုင်းတွင် ၁၃၉၀ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း စတင်အကောင်အထည်ဖော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ မီးလင်းဂျိုင်ဒေသတွင် ၁၃၉၀ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မီးလင်းဂျိုင်-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို မေ ၁၈ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် MEE LIN GIANG ELECTRIC POWER COMPANY LIMITED မှ လာရောက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

တင်ပြချက်တွင် မီးလင်းဂျိုင် ၁၃၉၀ မဂ္ဂါဝပ် LNG နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၏ ဆက်စပ်စီမံကိန်းဖြစ်သည့် မီးလင်းဂျိုင်-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသစ်စီမံကိန်း၊ သဘာဝဓာတ်ငွေ့စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ပိုက်လိုင်းလမ်းကြောင်းရွေးချယ်အတည်ပြုထားမှုနှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး၊ စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်ရေးတို့အတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ရွှေသောင်ယံမြို့ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော်မည့် ၁၃၉၀ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ပြီးစီးပါက နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘေဂျင်းတွင် ၂၀၂၆ CIPCC နိုင်ငံတကာ သတင်းမီဒီယာသင်တန်း ဖွင့်လှစ်

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တရုတ်ပြည်သူ့တက္ကသိုလ် (Renmin University of China) တွင် ၂၀၂၆ ခုနှစ် China International Press Communication Center (CIPCC) သတင်းမီဒီယာသင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၂၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းအစီအစဉ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့သံတမန်ဆက်ဆံရေးအသင်း (China Public Diplomacy Association) က စီစဉ်ကျင်းပခြင်းဖြစ်ပြီး အာရှ-ပစိဖိတ်၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသများမှ နိုင်ငံပေါင်း ၉၀...

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရန်စီစဥ်နေ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မေ ၂၀ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဦးဆောင်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အတွင်း မိုးကောင်း-မိုးညှင်းလမ်းပိုင်းပြုပြင်မှုလုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကာ လမ်းပိုင်းပြုပြင်ပြီးပါက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းအထိမီးရထား ပြေးဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌ မိုးကောင်း-မိုးညှင်းမီးရထားလမ်းပိုင်း၏ ခရီးမိုင်(၅၂ ဒသမ ၂၅)မိုင်အနက် (၃၀ ဒသမ ၉၁)မိုင်အထိ ပြုပြင်ပြီးဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အဆိုပါ မိုးကောင်း-မိုးညှင်း မီးရထားလမ်းပိုင်းကို ခရီးသွားများ သွားလာရေးအဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ပြုပြင်မှုများပြုလုပ်လျက်ရှိသည်။ Photo-ကချင်ပြည်နယ်အစိုးရ

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး သီး၌ ပင်စင်လစာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ရောင်းချပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071