Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏...

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့်...

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော်...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင်...

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet...

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့်...
HomeCelebrities' Newsဦးလေးဖြစ်သူ အကယ်ဒမီ စန္ဒရားတင်ဝင်းလှိုင်...

ဦးလေးဖြစ်သူ အကယ်ဒမီ စန္ဒရားတင်ဝင်းလှိုင် ရေးသားခဲ့တဲ့သီချင်းတွေကို ပြန်လည်သီဆိုမယ့်အဆိုတော်အောင်အေးချစ်

သင်္ကြန်အပြီးမှာတော့ တစ်ကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေ တယ်လို့ အဆိုတော် အောင်အေးချစ်က ပြောပါတယ်။ ဒီအခွေကတော့ အရင်ခေတ် ကာလကကာလပေါ် ရေဒီယိုတေးသီချင်းတွေကို ပြန်လည် သီဆိုခြင်းဖြစ် တယ်လို့ သိရပါတယ်။ အဓိကဦးစားပေးအနေနဲ့တော့ ဦးလေးဖြစ်သူ အကယ် ဒမီစန္ဒရားတင် ဝင်းလှိုင်ရေးသားခဲ့တဲ့ တေးသီချင်း တွေကို ပြန်လည် သီဆို သွားမှာဖြစ်ပြီး တခြားတေးရေးဆရာကြီးတွေရဲ့ သီချင်းတွေလည်း ပါဝင်မှာ ဖြစ်တယ် လို့ သိရပါတယ်။

“သီချင်းအဟောင်းတွေကို ပြန်ဆိုတဲ့သဘောပါပဲ။ ကျွန်တော်ကပြန် လည်ထုတ်ဖော်ချင်တာပါ။ လူတိုင်းသိတဲ့သီချင်းတွေ မဟုတ်ဘူးပေါ့။ အရင်တုန်းက လူတွေကတော့ သိမယ်လေ။ ဒါပေမဲ့ အဲဒီ့သီချင်းတွေက နှစ်ပေါင်း ၃ဝ၊ ၄ဝ ကျော်လောက် မကြားရတာကြာပြီလေ။ အဲဒီလို သီ ချင်းမျိုးတွေကို ပြန်ပြီးတော့ ဖော် ထုတ်တာပါ။ တအားကောင်းပြီး မြှုပ်နေတဲ့ သီချင်းမျိုးတွေပေါ့။ ပြီးတော့ သီချင်းတွေကိုတော့ ဒီဘက်ခေတ်နဲ့ လိုက်လျော ညီထွေအောင်တော့ လုပ်ထားပါတယ်။ ဦးတင်ဝင်းလှိုင်တီးတာ ဆိုတော့ တအားကြီး ဠနမျငသည ပြောင်းလို့လည်း မရဘူး။ သူက ဒီသီချင်းတွေကို ကောင်း ကောင်းကြီး မှီခဲ့သိခဲ့တဲ့သူဆိုတော့ တအားကြီးသိသိသာသာကြီး ပြောင်းလဲသွား မှာမျိုးတော့ မဟုတ်ပါဘူး။ အဓိကကတော့ လူကြီးတွေရော ဒီဘက်ခေတ် လူငယ်တွေပါ နှစ်ဖက်စလုံး နားထောင်လို့ရတဲ့ သီချင်းပုံစံမျိုးလေးတွေပေါ့။ ပုံစံတွေကအရင်တုန်းက ရှေးသီချင်းပုံစံမျိုးတွေတော့ ဖြစ်မယ်” လို့ အခွေနဲ့ ပတ်သက်လို့ အောင်အေးချစ်က ပြောပါတယ်။

အခွေကိုတော့CD နဲ့ DVD အနေနဲ့ ထွက်မှာဖြစ်ပြီး အခုလက်ရှိ အချိန်မှာတော့ ၂ ပုဒ်လောက်ရိုက်ကူးပြီးနေပြီလို့သိရပါတယ်။ အောင် အေးချစ်က အခုနှစ်သင်္ကြန် အစီအစဉ်ကိုတော့ သေချာပြောလို့ မရ သေးဘဲ အိမ်မှာပဲရှိဖို့ များတယ်လို့ပြောပါတယ်။ သူနဲ့ဟဲလေးတို့ သီဆိုထားတဲ့ ‘ခေါင်းမူးလို့ပါ’ သင်္ကြန် သီချင်းလေးကလည်း လူငယ်တွေကြားမှာ ခေတ်စား နေပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071