Sunday, September 20, 2026

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင်...

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂၃)...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MPMEA) ၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ...

အာရှအားကစားပြိုင်ပွဲ ပထမဆုံး ရွှေတံဆိပ်ကို အိမ်ရှင်ဂျပန်က...

       အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲ၏ ပထမဆုံးသော ရွှေတံဆိပ်ဆုကို တနင်္ဂနွေနေ့တွင် အိမ်ရှင်ဂျပန်နိုင်ငံက ရယူနိုင်ခဲ့သည်။ ဤအားကစားပွဲတော်ကြီး၏ အဖွင့်နေ့တွင် တရုတ်နိုင်ငံမှ အသက်...

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြုးရေးပါတီ(USDP)ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ...
HomeNewsLocal Newsရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet Pile ရို-က်ပြီး ကာရံသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဟင်္သာတ၊ စက်တင်ဘာ ၂၀

ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့် ဆက်စပ် မြို့၊ ရွာများသို့ ရေကျော် စီးဝင်ခြင်းမှ ကာကွယ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက Steel Sheet Pile များ ရိုက်သွင်း ကာရံလျက် ရှိသည်။

အဆိုပါရေကျော်စီးဝင်နေသည့် ငဝန်မြစ်သည် ရေစီးသန်ပြီး ယခင်ရေနည်းနေသည့်အချိန်တွင်ပင် ရေအနက်သည် ၃၆ ပေခန့်ရှိသည်။ ၄င်း၏ မြစ်ကြမ်းပြင်သည် လူနေထိုင်ရာ ရပ်ကွက်များ၊ ကျေးရွာများနှင့် စိုက်ပျိုးမြေများထက် မြင့်နေသဖြင့် ရေဝင်ရောက်မှုကာကွယ်ရန် စက်၊ ယာဉ်၊ ယန္တရားများကို အသုံးပြု၍ Steel Sheet Pile များကို ရိုက်သွင်းပြီး ပိတ်ဆို့ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

သို့သော် အထက်ပိုင်းဒေသမိုးရွာသွန်းမှုအခြေအနေအရ ရေအနက်မှာ ပေ ၄၀ အထိ ထပ်မံ မြင့်တက်ခဲ့သဖြင့် ကာရံပြီး Steel Sheet Pile အရှည်ပေ ၂၀၀ တွင် ငဝန်မြစ်ရေဝင်လမ်းကြောင်းရှိရာမှ ရေကျော်စီးဝင်ပြီး ရေစီးသန်သဖြင့် ပေ ၅၀ ခန့်ယိုင်သွားခဲ့သော်လည်း ရေစီးဝင်မှုအား ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါငဝန်မြစ်၏ လက်ရှိရေကျော်စီးဝင်နေမှုကို အပြီးသတ်တားဆီးနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန မှ Steel Sheet Pile ရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ပိုမိုခိုင်ခံ့မှုရှိစေရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း လက်ရှိရေဝင်လမ်းကြောင်းကို Steel Sheet Pile Wall ဖြင့် အပြီးကာရံတားဆီးပြီးသည့်နောက် မြစ်ဘက်တွင်ရှိသည့်ရေ Level သည် မူလအတိုင်း ဆက်လက်ကျန်ရှိ စီးဆင်းနေမည်ဖြစ်ပြီး Steel Sheet Pile Wall ၏ မြို့ဖက်ခြမ်းတွင်ရှိသည့် ရေ Levelသည် တဖြည်းဖြည်းလျော့နည်းကျဆင်းသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၆) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

“ ဒီလိုတစ်ဖက်က ရေထုလျော့ကျလာတဲ့အချိန်မှာ အခုကာရံလိုက်တဲ့ Steel Sheet Pile Wall တစ်လျှောက် မြစ်ရေထုရဲ့ ဖိအားဟာ မြစ်ဖက်ခြမ်းမှာ ဆက်လက်ရှိနေမှာဖြစ်လို့ သူ့ရဲ့နောက်ကျောဘက်ကနေ သဲအိတ်တွေ၊ Geo-bag တွေ ဖြည့်ခြင်းကို Sheet Pile ကာပြီး အမြန်ဆုံးဆောင်ရွက်ပေးမှသာ မြစ်ရေထုရဲ့ဖိအားကို Steel Sheet Pile Wall က ခံနိုင်ပြီး ကျိုးပေါက်လဲကျမှုမရှိဘဲ မြစ်ရေဝင်ရောက်မှုကို တားဆီးနိုင်မှာဖြစ်ပါတယ်””ဟု ဦးကျော်မျိုးက ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင် ပူယိုးလ် လာရောက်အားပေး

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဗိုလ်လုပွဲကို ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ ဂန္တဝင်နောက်ခံကစားသမား ကားလက်စ် ပူယိုးလ် (Carles Puyol) ကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ခင်နှင်းဝေသည် ဗိုလ်လုပွဲ ပထမပွဲတွင် ၁၀-၁၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲတို့တွင် ၁၂-၈၊ ၁၂-၉ ရလဒ်များဖြင့် ပြန်လည်အနိုင်ယူနိုင်ခဲ့ကာ...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပမည်

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MPMEA) ၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ အသင်းဝင်များအနေဖြင့် ဖိတ်စာရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မပျက်မကွက်တက်ရောက်ကြရန် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့က အသိပေးထားသည်။ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MPMEA) သည် ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊...

အာရှအားကစားပြိုင်ပွဲ ပထမဆုံး ရွှေတံဆိပ်ကို အိမ်ရှင်ဂျပန်က ရယူ

       အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲ၏ ပထမဆုံးသော ရွှေတံဆိပ်ဆုကို တနင်္ဂနွေနေ့တွင် အိမ်ရှင်ဂျပန်နိုင်ငံက ရယူနိုင်ခဲ့သည်။ ဤအားကစားပွဲတော်ကြီး၏ အဖွင့်နေ့တွင် တရုတ်နိုင်ငံမှ အသက် ၁၃ နှစ်အရွယ် ရေကူးအားကစားသမားတစ်ဦးက အံ့အားသင့်လောက်စရာ အစွမ်းပြခဲ့သည်ကိုလည်း တွေ့ရသည်။      နာဂိုယာမြို့အနီးရှိ ဂါမာဂိုရီမြို့တွင် ကျင်းပသည့် အမျိုးသားတစ်ဦးချင်း ထရိုင်သလွန်(သုံးမျိုးစုံ) ပြိုင်ပွဲတွင် ဂျပန်နိုင်ငံမှ တာကူမီ ဟိုဂျိုက ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး၊ တရုတ်နိုင်ငံမှ ကျန်း ရှီရွေက ဒုတိယငွေတံဆိပ်၊ ကာဇက်စတန်နိုင်ငံမှ အာလန်း ကျာနာဘေးက ကြေးတံဆိပ်တို့ကို အသီးသီးရရှိခဲ့ကြသည်။        အိုလံပစ်ပြိုင်ပွဲထက်ပင် အားကစားသမားဦးရေ ပိုမိုများပြားသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071