Home International ဥရောပအပူလှိုင်းကြောင့် ပြင်သစ်တွင် လူ ၁၈ ဦး ‌ေ-သဆုံး

ဥရောပအပူလှိုင်းကြောင့် ပြင်သစ်တွင် လူ ၁၈ ဦး ‌ေ-သဆုံး

0
147

        
ဥရောပတစ်လွှား အပူလှိုင်းကျရောက်မှုကြောင့် ဇွန်လ ၂၂ ရက်နေ့တွင် မြို့အတော်များများ၌ အပူချိန်စံချိန်တင်မြင့်တက်မှုများဖြစ်ခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အပူချိန်များနေသော ကားအတွင်းမှ ကလေးနှစ်ဦးအပါအဝင် လူ ၁၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့သည်။
        
ပြင်သစ်နိုင်ငံတွင် ကျောင်းများကို ပိတ်ခြင်း သို့မဟုတ် အချိန်ဇယားပြောင်းလဲခြင်းများ လုပ်ခဲ့ရပြီး ယခုသီတင်းပတ်သည် ဇွန်လအတွက် စံချိန်တင် အပူချိန်များဖြစ်ပေါ်နိုင်ကြောင်း ဗြိတိန်နိုင်ငံမှ မိုးလေဝသခန့်မှန်းသူများက ပြောကြားခဲ့သည်။
     
ပြင်သစ်နိုင်ငံအနောက်ပိုင်းရှိ ဝိုင်ထုတ်လုပ်ရာ ဘော်ဒိုးမြို့တွင် အပူချိန် ၄၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်လက အပူစံချိန်ကို ချိုးဖျက်ခဲ့သည်။ နိုင်ငံအလယ်ပိုင်း ပွိုင်တီးယားစ်မြို့တွင်မူ ၁၉၄၇ ခုနှစ်က ဖြစ်ခဲ့ဖူးသော အမြင့်ဆုံးအပူချိန် ၄၁ ဒဿမ ၂ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့သည်။
     
စပိန်နိုင်ငံ၏ အစဉ်အလာအအေးပိုင်းဒေသဖြစ်သော မြောက်ပိုင်းရှိ ဆွန်ဆီဘတ်စတီယန်တွင် အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်ပြီး ယင်းသည် ဇွန်လ ၂၂ ရက်နေ့အတွက် မြို့၏ သမိုင်းဝင်ပျှမ်းမျှအပူချိန်ထက် နှစ်ဆကျော်မြင့်မားကြောင်း ရို-က်တာရာသီဥတုစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
       
ကမ္ဘာ့မိုးလေဝသအဖွဲ့၏ ဧပြီလအတွင်းက အစီရင်ခံချက်အရ ဥရောပသည် ကမ္ဘာလုံးဆိုင်ရာပူးနွေးမှုနှုန်းထက် နှစ်ဆကျော် ပိုမိုပူနွေးလာကြောင်း ဖော်ပြခဲ့သည်။
      
ဘော်ဒိုးဒေသတွင် အပူလှိုင်းကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများကြောင့် တနင်္ဂနွေနေ့တွင် အသက် ၈၀ မှ ၉၅ နှစ်ကြားရှိ လူကြီးပိုင်းသုံးဦး ‌ေ-သဆုံးခဲ့ကြောင်း ဒေသန္တရအစိုးရအရာရှိ ဆိုဖီယီး ဘရိုကတ်စ်က ပြင်သစ်တီဗီကို ပြောကြားခဲ့သည်။
        
တနင်္ဂနွေနေ့မှ တနင်္လာနေ့အတွင်း လူ ၁၃ ဦး ရေနစ်‌ေ-သဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်ပြီးနောက် သတ်မှတ်ထားသော နေရာများတွင်သာ ရေကူးကြရန် ပြင်သစ်အရပ်ဖက်လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျာရိုမီ ဘူလွန်‌ယေး က ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က အပူလှိုင်းကျရောက်မှုအတွင်း အေးမြမှုကိုရှာဖွေကြသည့် ရေကူးသူများကြောင့် ရေနစ်‌ေ-သဆုံးမှု သည် ၁၇၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

Ref: ယူအက်စ်အေ တူဒေး

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here